စစ်တပ်ချိနဲဖို့ BGF နှင့်ဌာနဆိုင်ရာများကို ထွက်ခိုင်းခြင်းဟု ပဒိုစောတောနီးပြော
HTML-код
- Опубликовано: 2 ноя 2024
- စစ်တပ်ချိနဲ့ဖို့ BGF နှင့်ဌာနဆိုင်ရာများကို ထွက်ခိုင်းခြင်းဟု ပဒိုစောတောနီးပြော
CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
သထုံခရိုင်၊ ဘားအံ(ဖားအံ)မြို့နယ်ရှိ နယ်ခြားစောင့်တပ်(BGF)များ စစ်တပ်နှင့် မပူးပေါင်းဘဲ ထွက်ခွာရန်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ နှုတ်ထွက်ရန် ကြေညာခြင်းက စစ်တပ်အင်အား ချိနဲ့ဖို့ ဖြစ်သည်ဟု KNU ၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတော နီးက ပြောသည်။
သထုံခရိုင်၊ တပ်ရင်း(၁)က မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း BGF နှင့် ပြည်သူ့စစ်(ပသစ)များ မိမိလုပ်ငန်းတာဝန်မှ ထွက်ပေး ရန်၊ စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန်၊ သထုံခရိုင်၊ ဘားအံမြို့နယ်တွင် လက်ရှိဖြစ်ပွားနေသော အခြေအနေအရ BGF တပ်စခန်း၌ နေထိုင်သော မိသားစုဝင်များအားလုံးသည် ၎င်းစခန်းအတွင်းမှ ထွက်ခွာပေးရန် ဖေဖော်ဝါရီ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် တပ်မတော်နှင့် KNU ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် လမ်းစ ရှာမရပဲ ဖြစ်နေကြ သည်။
Website တွင်ဖတ်ရှုရန်---------------------cnimyanmar.com...
#BGF
#cninews
#CNIMyanmar#ChannelNewsIndependent
CNI Telegram Channel---t.me/ChannelNe...