မင်းရာဇာ အပါအဝင် ၄ ဦးကို တရားစွဲတင်၊ ယောက္ခမဖြစ်သူ အာမခံရ

Поделиться
HTML-код
  • Опубликовано: 5 фев 2025
  • မင်းရာဇာ အပါအဝင် ၄ ဦးကို တရားစွဲတင်၊ ယောက္ခမဖြစ်သူ အာမခံရ
    ဧရာဝတီ၊ မေ ၇၊ ၂၀၂၀
    အိမ်အကူမိန်းကလေးကို အဓမ္မကျင့်မှု၊ မိန်းမကိုယ်ကို အက်စစ်နဲ့ပက်မှုတွေနဲ့ အမှုဖွင့်ခံရထားရတဲ့ သရုပ်ဆောင် မင်းရာဇာအပါအဝင် ၄ ဦး ကို ဒီကနေ့ မနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် တရားစွဲတင်ခဲ့ပါတယ်။
    သရုပ်ဆောင် မင်းရာဇာ (ခ) မင်းကိုကို၊ ဇနီးဖြစ်သူ မဖူးငုံပွင့်၊ မန်နေဂျာ ကိုအောင်လွင်စိုး (ခ) ရခိုင်လေးတို့ ၃ ဦးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၆/၃၄ နဲ့ တရားစွဲတင်ခဲ့ပါတယ်။
    မင်းရာဇာရဲ့ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးကိုတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ နဲ့ သီးခြားတရားစွဲတင်ခဲ့ပြီး ဒီကနေ့မှာပဲ ကျပ်သိန်း ၂၀ နဲ့ အာမခံပေးခဲ့ပါတယ်။
    ရိုက်ကူး/တည်းဖြတ် - ဇော်နောင်လင်း

Комментарии •