ငခင်ညိုကြီးကျွန်း က သဘာဝအပန်းဖြေနေရာလေးဆီ

Поделиться
HTML-код
  • Опубликовано: 12 янв 2020
  • မြန်မာပြည်တောင်ပိုင်းအစွန်းဆုံးမြို့လေး ကော့သောင်းကနေတဆင့် မြိတ်ကျွန်းစုတွေရဲ့ အစွန်းဆုံး ကျွန်း ငခင်ညိုကြီး ဆီကို Speed Boat နဲ့ ၂ နာရီခွဲလောက် သွားလိုက်တဲ့အခါ ထူးခြားလွန်းတဲ့ ခံစားမှုတွေနဲ့ ပျော်ရွှင်မှုတွေကို ရရှိခံစားလိုက်ရပါတယ်။ ကျွန်တော် ဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးနဲ့ ထိန်းသိမ်းမှုအားကောင်းနေတဲ့ Eco Resort မှာ ၃ ညတာ အနားယူအပန်းဖြေခွင့်ရခဲ့တယ်။ Boulder Bay Eco Resort ဟာ မြန်မာနိုင်ငံသားအတော်များများအတွက် အလှမ်းဝေးတဲ့ ဈေးနှုန်းနဲ့ အပန်းဖြေရာနေရာတစ်ခု ဖြစ်နေသေးပေမဲ့ နိုင်ငံခြားသားတွေရဲ့ တကူးတက လာရောက် အပန်းဖြေရတဲ့ သဘာဝအကျဆုံးနေရာတစ်ခုလည်း ဖြစ်နေပါတယ်။ တစ်ရက်ချင်းဈေးနှုန်းနဲ့ဆိုရင် ဧည့်သည်တစ်ဦးကို ဒေါ်လာ ၁၇၀ ခန့်ရှိပြီး ၃ ည ၄ ရက်၊ ၆ ည ၇ ရက်စတဲ့ Package ဈေးတွေနဲ့ဆို တစ်ဦးကို ဒေါ်လာ ၁၃၀၀ - ၁၆၀၀ ဝန်းကျင် ရှိတတ်သေးတာမို့ ဈေးကတော့ တကယ့် Luxury ဖြစ်နေတဲ့တိုင် နိုင်ငံခြားသားတွေ အထူးကြိုက်နေကြတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မဲ့ လျှပ်စစ်မီး သုံးစွဲမှုမျိုး လျှော့ချပြီး ဆိုလာ နေရောင်ခြည်သုံး ကျေးလက်အိမ်ပုံစံလေးတွေမှာ၊ အင်တာနက်လည်း ငတ်တလှည့် ပြတ်တလှည့် ဖြစ်နေတတ်တဲ့အပြင် ခရီးကြမ်းလျှောက်၊ တောလမ်းနင်း၊ တောင်တက်၊ ကျောက်ဆောင်တက်၊ ရေကူး၊ ရေငုပ်၊ ငါးကြည့်၊ သန္တာကျောက်တန်းကြည့်၊ လှေလှော်၊ ယောဂကျင့်၊ စာဖတ်၊ မိတ်ဆွေသစ်ဖွဲ့၊ Board Game တွေကစား စတဲ့ လက်တွေ့ဆန်တဲ့ လှုပ်ရှားမှုတွေပဲ လုပ်ဆောင်ရင်း နေရတာကလည်း အဲကွန်းမရှိ၊ တီဗီမရှိ၊ တဲသာသာလေးမျိုးမို့ ကျွန်တော်တို့ မြန်မာအများစု မျှော်လင့်ထားတဲ့ Luxury ဝန်ဆောင်မှုမျိုးကို မရနိုင်တဲ့အတွက် လူတိုင်းကြိုက်နှစ်သက်ဖို့ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် ပေးရတဲ့ဈေးနဲ့ကို ထိုက်တန်ပါ့မလား တွေးမိနိုင်ပါတယ်။ ညောင်ဦးဖီးကျွန်းလိုမျိုး ထည်ဝါတဲ့ဝန်ဆောင်မှုမျိုးကို ရနိုင်မှာ မဟုတ်ပါဘူး။ Eco Resort ရဲ့ သဘောတရားကို နားလည်သူတွေကတော့ အရမ်းကို သဘောကျသွားမှာပါ။ တစ်နေ့တစ်နေ့ ကျွန်းပတ်လည်ကို လည်ပတ်နေရတာနဲ့တင် ကျွန်တော်တို့ သွားခဲ့တဲ့ ၃ ညအိပ် ၄ ရက်ဟာ မြန်မြန်ကုန်သွားလို့ နှမြောခဲ့ရပါတယ်။ တကယ်က ၆ ညအိပ် ၇ ရက်က အသင့်တော်ဆုံးပါ။ သဘာဝက အတော်ကို လှပနေသလို၊ ကျွန်းကို ထိန်းသိမ်းထားတဲ့ပုံကလည်း သဘောကျစရာ ကောင်းနေပါတယ်။ ကျွန်းပေါ်မှာတင် Boulder Bay Beach, Sisters Bay Beaches, Bamboo Bay Beach, Moken Bay Beach စတဲ့ ကမ်းခြေပေါင်းများစွာ၊ မနက်ခင်းနဲ့ ညခင်း နေထွက်နဲ့နေဝင်ကို ကြည့်ဖို့ တောင်ပေါင်းများစွာ၊ ကျောက်တောင်ကျောက်ဆောင်ပေါင်းများစွာနဲ့ သစ်ခွရိုင်း၊ သစ်တောနဲ့ ဝါးရုံတွေ သဘာဝအတိုင်းတည်ရှိနေတဲ့အရပ်မို့ ပြည်တွင်းပြည်ပက စွန့်စားခရီးကြိုက်သူတွေကို စွဲဆောင်ထားနိုင်တယ်ဆိုတာ သေချာပါတယ်။
    ကျွန်တော် တစ်ယောက် ငခင်ညိုကြီးကျွန်း ပေါ်မှာ ဘာတွေလုပ်ခဲ့သလဲဆိုတာကို အသက်သွင်းထားတဲ့ Vlog လေးကို ကြည့်ခံစားပြီး ကျွန်တော်နဲ့အတူ ခရီးထွက်လှည့်ပါခင်ဗျာ..
    .
    အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
    သီဟလုလင် (Thiha, the Traveller)
    .
    .
    Camera :: Thiha Lu Lin, David
    Editing :: Thiha Lu Lin
    Music :: မချစ်ဘဲနဲ့ (John ThangA)
    “မချစ်ဘဲနဲ့” သီချင်းကို မေတ္တာနဲ့ အသုံးပြုခွင့်ပေးပါတဲ့ ညီလေး ဂျွန်ထန်းအာ ကို ကျေးဇူးအထူးတင်ရှိပါတယ်။

Комментарии • 8

  • @htikelinnaung1990
    @htikelinnaung1990 Год назад +1

    ရောက်ဖူးချင်တယ်ဗျာ

    • @ThihaLuLin
      @ThihaLuLin  Год назад

      ဈေးကတော့ မိုးပျံနေတာပါပဲ။ အခုတော့ ပိတ်ထားသေးတယ် ကြားတယ်။

  • @pawtun9161
    @pawtun9161 2 года назад +1

    သီချင်းနာမည်လေး သိချင်ပါတယ် bro

    • @ThihaLuLin
      @ThihaLuLin  2 года назад

      ဗီဒီယို အဆုံးနားလေးမှာ သီချင်းနာမည် အဆိုတော်နာမည် ထည့်ပေးထားပါတယ်။
      John Thanga ရဲ့ သီချင်းလေးပါဗျ။

  • @ThanTNge
    @ThanTNge 2 года назад

    အရမ်းသွားချင်တယ် ဒါပေမဲ့နေတာမိုင်ထောင်ချီဝေးတဲ့နေရာမှာ😂

    • @ThihaLuLin
      @ThihaLuLin  2 года назад

      ရောက်နိုင်ပါတယ် ဖိုက်တင်း 💪😊

  • @user-ol1qm9ey7g
    @user-ol1qm9ey7g 5 месяцев назад

    เมืองไทยถึงอยู่สภาพนี้กลืนไม่ได้คายไม่ออกหันหน้าไปทางไหนก็สิ้นหวัง ไปตายเอาดาบหน้านี่คือความคิดของผู้ประกอบการธุรกิจยานยนต์

  • @bookhappy4257
    @bookhappy4257 2 года назад

    မင်္ဂလာပါ🙏ဒီVDOအတွက်ကျေးဇူးတင်ရှိပါတယ်ချမ်းမြေ့ကြပါစေနော်🙏