AGD Annual Strategic Summit 2023 အောင်မြင်စွာကျင်းပပြီးစီးခဲ့ခြင်း။
HTML-код
- Опубликовано: 24 окт 2023
- AGD Annual Strategic Summit 2023 အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် AGD ဘဏ်၏ ဥက္ကဌ ဦးသန်းရီ၊ CEO နှင့် Managing Director ဦးထူးထက်တေဇ၊ Deputy Managing Director ဦးဝေလင်းဦး တို့နှင့်အတူ AGD ဘဏ်ရုံးချုပ်မှ ဌာနအသီးသီးရှိ အကြီးအကဲများ၊ Regional Manager များနှင့် တစ်နိုင်ငံလုံးရှိ ဘဏ်ခွဲတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ AGD ဘဏ်၏ ဥက္ကဌ ဦးသန်းရီ၊ CEO နှင့် Managing Director ဦးထူးထက်တေဇ၊ Deputy Managing Director ဦးဝေလင်းဦး တို့မှ အဖွင့်အမှာစကားများပြောကြားပြီးနောက် ဌာနအသီးသီးရှိ အကြီးအကဲများမှ အနာဂတ်အစီအစဉ်၊ နည်းဗျူဟာပိုင်းဆိုင်ရာ အစီအစဉ်များနှင့် အကောင်အထည်ဖော်ရန်ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။ Regional Manager များ၊ ဘဏ်ခွဲတာဝန်ခံများမှလည်း တစ်နှစ်တာအတွင်း ရရှိခဲ့သော အောင်မြင်မှုများ၊ တွေ့ကြုံခဲ့ရသော အခက်အခဲများ၊ စိန်ခေါ်မှုများကို ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး Cusotmer ဦးစားပေးသော နည်းဗျူဟာဖြင့် အနာဂတ်အတွက် ရေရှည်စီမံကိန်းများ ချမှတ်ခဲ့ပါသည်။
ထို့နောက် AGD ဘဏ်သည် Customer များကို အလေးထားကာဝန်ဆောင်မှုပေးသော ဗျူဟာဖြင့် လုပ်ကိုင်ဆာင်ရွက်လျှက်ရှိသည်နှင့်တပြိုင်နက် ဘဏ်ခွဲတာဝန်ခံများမှ Customer များ၏ တုံ့ပြန်ချက်များနှင့် ထင်မြင်ချက်များကို ပွင့်လင်းစွာပြောကြားတင်ပြ ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်ပြီးလုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်များနှင့် ချမှတ်ထားသော ဗျူဟာများကို အကောင်အထည်ဖော်လုပ်ဆောင်မှုအဆင့်ဆင့်တိုင်းတွင် AGD ဘဏ်၏ အလေးအမြတ်ထားသော တန်ဖိုးများနှင့် အစဉ်အမြဲ ကိုက်ညီမှုရှိစေရန် တစ်စိုက်မတ်မတ် ကြိုးစား အားထုတ်ကြောင်းကိုလည်း အဓိကထားဆွေးနွေးခဲ့ကြပါသည်။
ဝန်ထမ်းများအားလုံးကို ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ပိုမိုအားဖြည့်ပေးရန် ရည်ရွယ်ကာ Activity များပြုလုပ်ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံကာ AGD Annual Strategic Summit 2023 အစည်းအဝေးအား အောင်မြင်စွာအဆုံးသတ်ခဲ့ပါသည်။
ထို့နောက် ညစာစားပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့ ည ၆ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ Lotte Hotel (Yangon) ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
ညစာစားပွဲတွင် AGD ဘဏ်၏ ဥက္ကဌ ဦးသန်းရီ၊ CEO & Managing Director ဦးထူးထက်တေဇ၊ Deputy Managing Director ဦးဝေလင်းဦး တို့နှင့်အတူ AGD ဘဏ်ရုံးချုပ်မှ ဌာနအသီးသီးရှိ အကြီးအကဲများ၊ Regional Manager များ၊ တစ်နိုင်ငံလုံးရှိ ဘဏ်ခွဲတာဝန်ခံများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ AGD ဘဏ်၏ Chairman ဦးသန်းရီ၊ CEO & Managing Director ဦးထူးထက်တေဇ၊ Deputy Managing Director ဦးဝေလင်းဦး တို့မှ တစ်နှစ်တာ အကောင်းဆုံးစွမ်းဆောင်ရည်ဆုရ ဘဏ်ခွဲများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး AGD ဘဏ်ရုံးချုပ်မှ ဌာနအသီးသီးရှိ အကြီးအကဲများမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်ဆုရရှိခဲ့သော ဘဏ်ခွဲများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။
ထို့နောက် အခမ်းအနားကို လက်ခုပ်ဩဘာသံများ ဖြင့် ပျော်ရွှင်ကြည်နူးဖွယ်စတင်ခဲ့ကြပြီး N-KNOWN တေးဂီတ အဖွဲ့မှတေးသံသာများဖြင့် ဖျော်ဖြေခြင်းနှင့် AGD ဘဏ်ဝန်ထမ်းများနှင့်အတူ ပျော်ရွှင်စွာအတူတကွသီဆိုခြင်းများဖြင့် ညစာကိုအတူတကွသုံးဆောင်ကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။