@@umaung6823 smart card မလုပ်ရသေးလို့လား rejected ဖြစ်တဲ့အကြောင်းအရင်းက black list ထဲပါတာလားဆိုတဲ့ အကြောင်းအရင်းပေါ်မူတည်တယ်။ black list ဆိုရင်တော့ သွားလုပ်လို့မရတော့ဘူး။ အခြား အကြောင်းကြောင့်ဆိုရင်တော့ id card or smart card ပြန်လုပ်ပြီးတဲ့အချိန် QR ပြန်တင်ရပါမယ်။ QR ပြန်မတင်ချင်ဘူးဆိုရင်တော့ ရုံးမှာ rejected ဖြစ်တယ်လို့ ပြောလိုက်ကတည်းက သူတို့က QR မတင်ဘဲ ပြန်လာခွင့်ပေးလား ဘယ်ရက်အတွင်း ပြန်လာလို့ရလဲဆိုတာ ရုံးကိုမေးခဲ့တာ အကောင်းဆုံးပါပဲ။
အမ passportသက်တမ်းကုန်တာလေးနှစ်ရှိပြီဆိုတော့သက်တမ်းတိုးလို့ရသေးလားသို့မဟုတ်အသစ်ဘဲပြန်လျှောက်ရမလားရှင့်/ smart card Engနာမည်နဲ့ passport Eng name ကမတူဘူးတိုးလို့ရရငိဘယ်နာမည်နဲ့တိုးရမလဲရှင့်
အစ်မရေ ကျွန်တော်က passport PJကနေ PEပြောင်းမလို့ပါ ဘာတွေယူသွားရမလဲဗျ
ပညာအရည်အချင်းက ရိုးရိုး BA ဘွဲ့ဆိုရင်ရော ကျမ်းကျိန်လွှာဝယ်ရလားရှင့် အခုနောက်ပိုင်း လူတစ်ယောက်ရဲ့ကိုယ်ရေးအချက်အလက်ကိုစစ်ရင် အကုန်ထွက်လာတယ်လို့ပြောလို့ ဘွဲ့ရပြီးသားကို 10တန်းအောင်လို့ဖြည့်ရင် ရစ်နေမှာစိုးလို့ပါ။ တရုတ်/ဗမာသွေးနှောလည်းဖြစ်နေတော့ အချက်အလက်ကို အမှန်အတိုင်းပဲဖြည့်ချင်လို့ပါ။
@@eaindratun8910 ဆရာဝန် အင်ဂျင်နီယာ ဥပဒေဘွဲ့ရဆိုရင် ကျမ်းကျိန်လွှာ ဝယ်ရပါတယ်
သက်တမ်းတိုးရမှာကိုအသစ်လျှောက်နဲ့ qr မှာရေးလိူက်မိလို့ပါ ပြီးတော့စာအုပ်အဟောင်းမှာ pv ပါqrမှာလဲ pvနဲ့လုပ်လိုက်မိလို့ ခုpjပြောင်းချင်တာကျ ဘယ်လိုပြန်ပြောင်းရမလဲရှင့် ပြောပေးပါအုံးနော်
@@AyeAyeThwe-tb8cu လက်ရေး ဖောင်မှာ အမှန်ရေးသွား။ ရုံးရောက်ရင် ပြင်ချင်လို့ပါဆိုပြီး အမှားပြင်ကောင်တာ သွားခိုင်းရင်သွားလိုက် မဟုတ်လည်း ဓါတ်ပုံရိုက်တဲ့နေရာကျရင် ပြောလိုက်ရတယ်။ သက်တမ်းတိုးကောင်တာမှာ တန်းစီပါ။
ဟိုရောက်လို့ပြင်ရင်ရောလွယ်လား
ကိုယ့်အမည်မှာ ဘာကြောင့် ဦးဒေါကိုမ ထည့်လိုမရတာလည် ကျေးဇူးပြုရျ်
ရှင်းပြပါလား
Passport က နိုင်ငံကူးစာအုပ်ဖြစ်လို့ ဒီနိုင်ငံက ဦးဒေါ်ကိုမ အခြားနိုင်ငံက မသိ။ နာမည်ရင်းထင်ပြီး အကုန်ခေါ်နေမှာ။ မလိုလို့ မထည့်ခိုင်းတာပါ။
@@studywithmon7186 ခုဟာက မှတ်ပုံတင်မှာ မ ထည့်ထားတာဆိုတော့ စာအုပ်ရှောက်တဲ့ခါလည်း မ လို့ထည့်ရင် ကိစ္စမရှိဘူးမလား?
@@thurat1 ထည့်ချင်ရင် ထည့်ပါ။
ခုလိုဖြေပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် ဖုရားသခင်အစားပေးတော်မူပါစေ။
ဆယ်တန်းမအောင်ပဲဆယ်တန်းအောင်သို့မဟုတ်အောင်ပီးတဲ့အတန်းကိုထည့်လို့ရမလားဆရာမ language school နဲ့သွားပါမယ်
Please answer this please please sis
@@KaungProducts ရတယ် ကိုယ်အောင်တဲ့အတန်းပဲထည့်လို့ရတယ်။ ဘွဲ့ဆိုရင်သာ ကျမ်းကျိန်လွှာတွေယူဖို့အလုပ်ရှုပ်လို့ ဆယ်တန်းအောင်ပဲထည့်လို့ပြောတာ။
သမီး ရေ ပတ်စပိုစ် ပြန်လျှောက်ထားတာ S'pore)သွားထားတာ ကြူအာကုတ်တင်တာ ၁၁လ ကုန်ဒိတ်ရတယ် အာ့တာဘာတွေလိုအပ်ပါသလဲ အန်တီကိုကျေးဇူးပြု ရှင်းပြပေးပါ
PV ဆိုရင် Passport အဟောင်းနဲ့ ရပေမယ့် PJ ဆိုရင် လေဘာကဒ်တို့ အခွန်ဆောင်ထားကြောင်း တို့ပါ လိုအပ်ပါတယ်။ အောက်မှာပြောထားတာက ပုံမှန် PV ဆိုရင် လိုအပ်တာတွေပါ။
၁။ Passport အဟောင်း မူရင်းနဲ့ ဓါတ်ပုံပါစာမျက်နှာ မိတ္တူ ၂ စောင်
၂။ အိမ်ထောင်စုစာရင်း မူရင်းနဲ့ မိတ္တူ ၂စောင်
၃။ မှတ်ပုံတင်မူရင်းနဲ့ မိတ္တူ ၂ စောင်
၄။ smart card (လဝကရုံးသွားလုပ်ပါ) မူရင်းနဲ့ မိတ္တူ
၅။ QR code ၂ စုံ
၆။ ကိုယ်ရေးအကျဉ်း အချက်အလက်အကုန်ဖြည့်သွား ၂စုံ
လိုအပ်တဲ့ စာရွက်စာတမ်းကတော့ အဲဒါပါပဲ။ video ထဲမှာတော့ လိုတာ အကုန်ပြောထားပါတယ်။
ကိုယ်ရေးမှတ်တမ်းဖောင်မှာ ပထမဆုံးဖြည့်ရတဲ့ မှတ်တမ်းအမှတ်စဥ်က ဘာဖြည့်ရတာလဲဗျ တကယ်မသိလို့ပါ
@@kohtet3292 ဘာမှမထည့်နဲ့ ရတယ်။ ထည့်ချင်ရင် QR code မှာပါတဲ့ Appointment ID ထည့်သွားပါ။
passport ကို online appointment တင်လိုက်ပြီး ရက်လည်းကျသွားပါပြီ အိမ်ထောင်စုက မကွေးတိုင်းဖြစ်နေတာ လျောက်မိတာက မန်းလေးတိုင်း မန်းလေးမှာထုတ်လို့ရလား ဒါမှမဟူတ် ဘယ်လိုလုပ်လို့ရနိုင်တေးလဲ ဗျ ကျေးဇူးပြုပြီးဖြေပေးပါဦိ
@@waiyan-o9f7c ရန်ကုန်မှာပဲ အကုန်လက်ခံတာ မန္တလေးမှာ လက်ခံတယ် မကြားမိဘူး။ မကွေးအိမ်ထောင်စုဆိုရင် မကွေးမှာ ထပ်လျှောက်ရမှာပါ။ နှစ်ခါကုန်ဖြစ်သွားမှာပေါ့။ မန်းလေးရက်ချိန်းကျတဲ့အချိန် မန်းလေးရုံးထဲဝင်ကြည့်လေ သူတို့ကပြန်လွှတ်တော့လည်း မကွေးရုံးကျမှ ပြန်ဝင်ပေါ့
Pv သွားထုတ်ရင်ကော အ့တာတွေအကုန်လိုလား ဘာတွေလိုလဲပြောပြပေးပါအူံးသေချာနာမလည်လိုပါ
@@ChityaAung-o7z လျှောက်ထားသူအားလုံးတွင် ပါရှိရမည့် အထောက်အထား
- နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)နှင့် မိတ္တူ(၂)စုံ
- အိမ်ထောင်စုစာရင်း(မူရင်း)နှင့် မိတ္တူ(၂)စုံ
- အသက်(၁၀)နှစ်အောက်ဖြစ်လျှင် မွေးစာရင်း(မူရင်း)နှင့် မိတ္တူ(၂)စုံ
- UID နံပါတ်ပါ Smart Card (မူရင်း)နှင့် မိတ္တူ(၂)စုံ
-qr code နှစ်စုံ သို့မဟုတ် သုံးစုံ
-qr code တွင် အချက်အလက်အပြည့်အစုံမထည့်ထားပါက ကိုယ်ရေးမှတ်တမ်းကို လက်ရေးနဲ့ဖြည့်တာ တစ်စုံ
မန္တလေးကကို ရန်ကုန်ရုံးမှာQr လျှောက်ထားတာပါ။
Qr date လွန်သွားလို့ အဲ့တာ ၂ပတ်နောက်ကျလို့ရတာလားရှင့်။
၁ပတ်လို့ ပြောနေလို့ပါ။
@@sanmyakyi နှစ်ပတ်အတွင်းသွားပါ ပိတ်ရက်တွေအပါအဝင်နှစ်ပတ်ပါ
Qr date နေ့မသွားဖစ်ဘဲ2ပတ်အတွင်းသွားရင် အချိန်ကသူပေးထားတဲ့အချိန်(သတ်မှတ်ပေးထားတဲ့နာရီ)အတိုင်းလား ကိုအဆင်ပြေတဲ့အချိန်သွားလို့ရလားခဗျ
@@AungPyaeSone-f1s အဆင်ပြေတဲ့အချိန်သွားပါ
QRရတဲ့ရက်မှာမသွားဖြစ်ခဲ့ရင် ၂ပတ်အတွင်းသွားလို့ရတယ်ဆိုတာက ဒီမူလရထားတဲ့QRနဲ့ပဲသွားရတာလား QRအသစ်ပြန်လျောက်ပြီးသွားရမှာလား
@@nannmarymon-9148 မူလ QR နဲ့ပါ။ အသစ်လျှောက်စရာမလိုပါ။
@@studywithmon7186 ဟုတ်ကဲ့ကျေးဇူးပါ💗💗
QRလျှောက်တုန်းကမန်းလေးအိမ်ထောင်စုဆိုတော့မန်းလေးရုံးမှာလျှောက်ထားတာအခုကမူဆယ်အိမ်ထောင်စုပြောင်းလိုက်လို့qr dateကျတဲ့ရက်ရောက်ရင်မန်းလေးရုံးမှာဝင်လို့ရလားဘယ်လိုလုပ်ရမလဲမသိဘူးပြောပြပေးပါဦး
မမရေ pjနဲ့လျှောက်ထားရင် smart card မယူသွားလဲရလားရှင့် လောလောဆယ် smart card ကလုပ်မရသေးလို့ရှင့်
@@ThaeThetSuuAung smart card ပါမှ ရပါမယ်။ ဘယ်နေရာအတွက် smart card ပါစရာမလိုဘူးလို့ ကြေညာထားတာ မတွေ့ပါ။
ငွေလွှဲပီးပီ
ရက်ချိန်းမရလို့
ရက်ချိန်းကိုနှိပ်ပီး
youtubeကလမ်းညွှန်းတဲ့အတိုင်း
လုပ်တာပဲမပေးချေရသေးဘူးတဲ့
ပေးချေထားတဲ့payment Idထည့်တာလဲ
မပြဘူးဘယ်လိုထပ်လုပ်ရမလဲရှင့်
@@SanThidaHtwe-zd1dk ထပ်စစ်ကြည့်လို့မှ မရရင် ဘဏ်ကို လှမ်းပြောရမယ်ထင်တယ်။
smart cardနဲ့ အိမ်ထောင်စုက လိပ်စာနဲ့မတူရင် ရော ထုတ်လို့ရလားမသိဘူး
@@thihamyatzawthihamyatzaw9535 အမြဲတမ်းနေရပ်တွေပဲ ထည့်ရတာပါ။ မတူတာက ရှိနိုင်ပေမယ့် သူတို့နားလည်ပေးတာ မပေးတာက မသိဘူးရယ်။ ပြင်လို့မှ မရရင် သွားထုတ်လိုက်ပါ။ မေးရင်လည်း အကျိုးအကြောင်းပြောပေါ့။
Thank you pr
18နှစ်ပြည့်မှတ်ပုံ တင်မလဲရသေးလို့ ရလောက်လား မရရင် ရော ရက်ကြော်ဆို ဘယ်နှစ်ရက်စောင့်လဲ ဗျ
@@SiThuNaing-e9t ၁၈ပြည့်မလဲရသေးရင် ရုံးရောက်ရင် ပြန်လွှတ်ပါတယ်။ QR Date ရတဲ့နေ့ သွားလို့မရရင် နှစ်ပတ်အတွင်း သွားလို့ရပါတယ်။
smart cartကပ်ပဲယူသွားရတာလား လေဘာကပ်ကရောလိုသေးလား
@@chim2605 Smart Card ဆိုတာ မှတ်ပုံတင်အတွက် မျက်လုံးစကန်ဖတ်ပြီး လဝက ကထုတ်ပေးတဲ့ စာရွက်ကိုပြောတာပါ။ လေဘာကဒ်က PJ လုပ်တာဆိုရင် ယူသွားဖို့လိုပါတယ်။ အခြားအမျိုးအစားအတွက် မလိုပါ။
ညီမလေးရေQRတင်ထားမနဲ့ကျားမှားနေတယ်လုပ်တာကမိန်းခလေးကျားဖြစ်နေလို့အဲ့ဒါရုံးဝင်တဲ့နေ့ကျရင်ရပါ့လားဟင်
@@AyeChanAung-t5d လက်ရေးဖောင်မှာ အမှန်ရေးပါ ဓါတ်ပုံရိုက်တဲ့နေရာမှာ မှားနေတာပြင်ပေးဖို့ပြောပါ။ တစ်ချို့တွေက အမှားပြင်ကောင်တာမှာ ၅၀၀၀ ပေးပြင်တယ်။
အမရှင့်
passport ရက်ချိန်းဝင်စစ်ရန်ထဲမှာ ဝင်စစ်တာ print ဘဲပေါ်ပေါ်နေလို့ ဘယ်လိုလုပ်ရမလဲဟင် အမ
@@NwayNway-n1e print အောက်မှာ ရက်ချိန်းပေါ်တယ်။ မပေါ်ရင် print နှိပ်ကြည့်လိုက် ရက်ချိန်း QR ပေါ်လာမယ်။ ပြီးရင် ကိုယ့်စက်ထဲကို save လုပ်လိုက်။
QR နှစ်စုံ နဲ့ကိုယ်ရေးမှတ်တမ်းနှစ်စုံလုံးကဖြည့်သွားရမှာလား
@@phyozayarpaing-g1g ကိုယ်ရေးမှတ်တမ်းက တစ်စုံဆိုလည်း ရတယ်။ အဓိက ဓါတ်ပုံရိုက်တဲ့နေရာမှာပေးရတာ။ QR ကတော့ သုံးစုံဆိုပိုကောင်း အဝင်ဝမှာ ပြရတာရယ် လဝကပေးရတာရယ် ဓါတ်ပုံရိုက်တဲ့နေရာရယ်
အမခင်ဗျာ QR ကုဒ် ဖိုင်ဖြည့်တုန်းက PE နဲ့ PV မှားဖြည့်မိလို့ ဘယ်လိုလုပ်လို့ရလဲဗျ
@@TaukHtein-nf1wz ရုံးရောက်ရင် အမျိုးအစား မှားနေကြောင်း ဒီအမျိုးအစားကိုလုပ်ချင်တာဖြစ်ကြောင်းပြောပါ။ လက်ရေးဖောင်မှာ အမှန်ဖြည့်သွားပါ။ လိုအပ်တဲ့စာရွက်စာတမ်းတွေယူသွားပါ။
@studywithmon7186 ဟုတ်ကဲ့ပါအမ လက်ရေးဖောင်ကကျ အဲ့ကျမှဝယ်ရမှာလားဗျ
@TaukHtein-nf1wz တစ်ချို့ရုံးက သူတို့ဆီမှာပဲ ဝယ်ဖြည့်ရတယ်။ ရန်ကုန်ဆို ဖြည့်ပြီးယူသွားလို့ရ။ ဟိုကျမှ တံဆိပ်တုံးထုခိုင်းလို့ရ။
@@studywithmon7186 ဟုတ်ကဲ့ဗျ appointment တင်ပြီးတော့တော့ ကိယ်ရေးမှတ်တမ်းထိန်းသိမ်းရန်ပုံစံတိုတဲ့စာရွက်နဲ့ appointment letter တော့ရထားပြီးပါပြီဗျ အဲ့ဒါတွေတော့ မဟုတ်ပါဘူးနော့် အမ
@TaukHtein-nf1wz တကယ်က တူတူပဲ။ အဲ QR code ပါတဲ့ ကိုယ်ရေးမှတ်တမ်းဇယားအလွတ်တွေထဲ ဖြည့်သွားလည်းရတယ်။ ဒါမယ့် ရုံးတွေမှာက တံဆိပ်တုံးထုခ သပ်သပ်လိုချင်လို့ အဲထဲလက်ရေးနဲ့ဖြည့်တာ လက်မခံတဲ့ရုံးရှိတယ်။ ဆိုတော့ သပ်သပ် download လုပ်ပြီး လက်ရေးနဲ့ဖြည့်ယူသွားရတယ်။ Video ထဲမှာ download လုပ်နည်းပြောထားတယ်။ ဆင်တူတဲ့မေးခွန်းတွေဆိုရင် မန့်တွေမှာ အမဖြေပေးထားတာတွေရှိတယ်နော်။
မမရေ မှတ်ပုံတင်ကလဲပီးသား အနောက်မျက်နှာမာမင်နဲနဲစွန်းနေလို့ရလောက်လားဟင်မမ ရှင်းပြပေးပါလား😔😔😔
@@NiLarAung-zu8ou ရပါတယ် မိတ္တူကူးသွားလိုက်။ smart card မူရင်းရော မိတ္တူပါယူသွားပါ။
@@studywithmon7186ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မမ
အခုလက်ရှိ pvနဲ့pj ဘယ်ဟာသွားလို့အဆင်ပိုပြေသလဲ
@@KaungHtet-v6o အရင်ကတော့ PV ကလွယ်တယ်။ အခု PV တွေ အရမ်းစစ်ပြီး လေဆိပ်မှာတင်ပြန်လွှတ်နေကြတော့ အလုပ်ခေါ်စာတွေ owic card တွေလိုအပ်တဲ့ PJ နဲ့ပဲထွက်နေကြတယ်
Thanks
အရင်ကpvနဲ့ဘန်ကောက်သွားတာရယ်မင်ရေ
ဒါမဲ့အပြန်လမ်းမှာတာချီလိတ်ဖက်ကနေတရားဝင်အပြန်တုံးထုပြီးပြန်လာတာရယ်အဲ့တာအခုပြန်သွားရင်လေယာဉ်နဲ့ပြန်သွားလို့ရလားရှင့်
@@LiliGhost-y7m တရားဝင်တုံးထုပြီးပြန်လာတာဆိုရင် ပြန်ထွက်လို့ရပါတယ်။ ဒါပေမယ့် Visit ကာလထက်ကျော်ပြီး အကြာကြီးနေခဲ့တာဆိုရင် သူက အလည်သွားတာလို့ မထင်ဘဲ အလုပ်သွားလုပ်တယ်လို့ထင်ပြီး PJ မဟုတ်လို့ ရစ်မှာ/ပြန်လွှတ်မှာစိုးရတာ။ ကျော်နည်းဖြတ်နည်း လေ့လာပြီးမှ လေဆိပ်ကထွက်ပါ။
@@studywithmon7186ပတ်ပိုစ့်မာအပြန်တုံးမထုရဘဲချင်းမိုင်တာချီလိတ်ဂိတ်မာမှတ်ပုံတင်နဲ့ဖြတ်ပြီးပြန်ရတာဆိုတော့ရယ် အဲ့လိုကျတော့ရော မင်ရေ ဘန်ကောက်ပြန်တက်ရင်လေယာဉ်နဲ့ပြန်တက်ချင်တာရယ်ရပ့မလားမသိဘူးရှင့်
@@LiliGhost-y7m လေဆိပ်နဲ့ နီးစပ်သူတွေမေးကြည့်မှရမယ်။ Immigration Officer ကို အကျိုးအကြောင်းပြောရင်တော့ ရမလား။ ညှိလို့ရမလားတော့ မသိဘူးရယ်။ မရဘူးဆိုရင် အလည်သွားမှာဆို PV စာအုပ်ပျက်စီး ဒဏ်ကြေးဆောင်လုပ်ပြီး အလုပ်လုပ်ချင်တာဆို PJ စာအုပ်အဟောင်းပျက်စီးနဲ့ QR တင်ပြီး လုပ်မှ ရလိမ့်မယ်။
@@studywithmon7186ဒဏ်ကြေးဆောင်ပြီးအသစ်ပြန်လုပ်ရင်ကြာမလားမသိဘူးရယ်ေနာ်မင်ရေ
@@LiliGhost-y7m QR လုပ်ရင် ကြာမှာပေါ့။ အမြန်ကြေးပွဲစားတွေက ယုံရမရမသိ။
OWIC ကရော လေဘာရုံးမှာပဲလုပ်ပေးတာလားရှင့် ရန်ကုန်ကပါ
@@WinPa-f1z owic က လုပ်ငန်းစဉ်သပ်သပ်တစ်ခုပါ။ အလုပ်ခေါ်စာလိုပါတယ်။ $1200 အောက်ဆိုရင် အေဂျင်စီကတစ်ဆင့်လျှောက်ရပါတယ်။ အထက်ဆိုရင် ကိုယ်တိုင်လျှောက်ရပါတယ် နေပြည်တော် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကို လိပ်မူရတာပါ။ ထုတ်ရင် ရန်ကုန် မြောက်ဒဂုံ ပင်လုံခန်းမမှာ ထုတ်ရတယ်ပြောတယ်။
အစ်မ ကျနော် QR အတွက်လျှောက်တုန်းက မှန်ပုံတင် ၁၈နှစ်ပြည့်မလဲရသေးတော့ ကျောင်းသားလို့ပဲထည့်ပြီးတင်လိုက်တာ အခုမှတ်ပုံတင်လဲပြီးတော့ အလုပ်အကိုင်ကိုပြောင်းလိုက်တာ
ကိုယ်ရေးအကျဉ်းမှာ ဘာရေးထည့်ပေးရမလဲဗျ
@@lynx3519 အမှန်အတိုင်းထည့်ပါ။ အစိုးရ ဝန်ထမ်းမဟုတ်ရင် ပြဿနာမရှိပါ။
အမမကွေးမှာpvလုပ်ထားတာရန်ကုန်မှာpjပြေယင်းခြင်တာရလားဟင်ဖြေပေးပါအရမ်းအရေးကြီးလို့သိချင်မိလို့ပါ
@@YinNyeinPann-n2u ရပါတယ်။ QR ထပ်တင်ရမှာပါ။
ညီမလေးရေအမကစာအုပ်သက်တန်တိုချင်တယ်
@@RtgdGfg ဟုတ် ရပါတယ် သက်တမ်း ၂နှစ်၆လအထက်ကျန်ရင် ဒဏ်ကြေးပါ သွင်းရပါတယ်
@studywithmon7186 အမစာအုပ်က2019ကကုန်တာတနှစ်ဘယ်လောက်ကျမလည်အသစ်ပြန်လုပ်လိုက်လိုရလာ
QR. ကျပြီးပြီး ရက်ချိန်းမဝင်မှီ ပုံစံဖြည့် ကြိုတင်ပီး ပြုလုပ်ချင်ပါတယ် ဘယ်လို ဆက်လိုက် ရမလည်း
ပုံစံဖြည့်ကြိုတင်ပီး ဝန်ဆောင်မှု့ လိုချင်ပါတယ် ၃ ယောက်
@@kyinaingmc59 အဲလိုဘယ်သူတွေလုပ်လို့ရလဲ ကျွန်မတော့ မသိဘူးရှင့်
ကျေးဇူးပါ
အဖေဆုံးသွားရင်ကော လူမျိုး ဘာသာတို့ ထည့်ပေးရလား
@@ThihaZaw55 လူမျိုး ဘာသာတော့ ထည့်လိုက်ပါ။
ရက်ချိန်း ရက်ကိုပြန်ချိန်းလို့ရလား အမ
@@ThihaZaw55 ရက်ချိန်းက နှစ်ပတ်အတွင်းသွားရင်ရတယ်။
ရက်ချိန်းရပြီးရင် ပြန်ပြောင်းလို့တော့မရဘူး လေးသောင်းထပ်သွင်းပြီး အသစ်လုပ်မှရမယ်။
ကုန်ကျစရိတ်အသေးစိတ်ပြောပြပါ
@@uwin.uwin.5521 တကယ်က QR code တင်ကတည်းက ပေးရတဲ့ သုံးသောင်းခွဲက အပြီးအစီးပဲ။ ဒါပေမယ့် ထပ်တောင်းနေကြတာ။ smart card လုပ်တဲ့နေရာ၊ passport ရုံးရောက်လို့ ကိုယ်ရေးဖောင် တံဆိပ်တုံးထုတဲ့နေရာ၊ အမှားပြင်တဲ့နေရာ၊ ကိုယ်ရေးစစ်တဲ့နေရာ၊ မှတ်တမ်းသွင်းတဲ့နေရာ၊ ဘွဲ့ရတွေဆို ကျမ်းကျိန်ဖောင်ဝယ်ရတဲ့နေရာ တစ်ရုံးနဲ့ တစ်ရုံး တစ်ယောက်နဲ့တစ်ယောက် တောင်းတာတွေ မတူဘူး။ ကိုယ့်မှာ အမှားများရင်ဖြစ်ဖြစ် အတောင်းကြမ်းရင်ဖြစ်ဖြစ် ကိုယ်က ဈေးမဆစ်တတ်ရင်ဖြစ်ဖြစ် ကုန်ကျစရိတ်က လူပေါ်မူတည် ကွာပါတယ်။
Labour card ကရိုးရိုးlabour card လား OWIC card လားဗျ
@@Kudo5321 ရိုးရိုး လေဘာကတ် ပြည်ပထွက်မှာလို့ ပြောလုပ်ပါ။ OWIC က လေဆိပ်အထွက်မှာလိုတာ
@@studywithmon7186ကျေးဇူးဗျာ အဲ့နှစ်ခုနဲ့လည်နေလို့
passport ရဲ့ English နာမည် စာလုံးပေါင်းပြင်ချင် ဘာတွေလုပ်ဆောင်ရမလဲ
@@Lonewolfs433 passport ခုမှလုပ်တာဆိုရင် လက်ရေးဖောင်မှာ အမှန်ရေးပြီး ရုံးရောက်ရင် eng စာလုံးပေါင်းအမှန်ကို ပြောလိုက်ပါ။ စလစ်ထွက်လာရင် မှားရင် တခါတည်းပြောပါ။ သူတို့ပြင်ပေးတယ်။ passport စာအုပ်အဟောင်းဆိုရင်တော့ ဒဏ်ကြေးသွင်းပြီး ပြင်ရပါတယ်။
QRကုတ်မှာEnglishနာမည်ပေါင်းမှားရင်း passport သွားလုပ်ရင်ပြောင်းလို့ရလား
@@studywithmon7186 Think
@@Lonewolfs433 ရန်ကုန်မှာဆိုရနိုင်မလားရှင့်
@@hsuhsu-j6n
လက်ရေးမှာဖောင်မှာ Eng နာမည်အမှန်တိုင်ရေး Passport ရုံးမှာ
ကိုယ့်ရဲ့အချက်အလက်တွေကိုစစ်ဆေးပြီးပြင်တဲ့နေရာမှာ ပြောပြီးပြင်ခိုင်း ကျွန်တော် လို စာအုပ်ရပြီးမှပြင်ရင်တော့ ပိုက်ဆံပိုကုန်တယ်
အိမ်ထောင်စုစာရင်းကအသစ်လုပ်ထားတာ စာရွက်မှာမိတ္တူဆိုပြီးတုံးထုထားတယ် အဲ့ဒါဘယ်လိုလုပ်ရမလဲမမ
@@hsuhsu-j6n အိမ်ထောင်စုစာရင်း မူရင်းကရော အိမ်မှာရှိလား မိတ္တူဆိုပြီးတုံးထုထားတဲ့ တစ်ရွက်ပဲရှိတာလား မူရင်းရှာပါ မရှိဘူးဒါပဲရှိတာဆိုရင် မြို့နယ်လဝကကို သွားမေးပါ။ ရတယ်ဆိုရင် အဲဒါပဲယူသွားပါ။
@@studywithmon7186 ရှိတယ်အမ မှားနေလို့ပြင်ထားတာ
အမရေ တစ်ခုလောက်ထပ်မေးချင်လို့ ၊onlineကနေ Qrတင်ပြီးသွားပြီ၊appointment ရက်ချိန်းpdf file printမထုတ်ရသေးလို့ ပြန်ရှာတော့ websiteက၀င်မရလို့ဘယ်လိုလုပ်ရမလည်းဗျ ကူညီပါအုံး၊ငွေလည်းချေပြီးသွားပြီမို့လို့😢
@@KyawzinThant-f2o ရမှာပါ။ ရက်ချိန်းပြန်စစ်ရန်ကနေ ပြန်ရှာပါ။ မရသေးရင် ခဏစောင့်ကြည့်။ ပြန်ဝင်ပြန်ရှာပါ။ နောက်ဆုံးမရတော့ရင် ဘဏ်ကို လှမ်းမေးရတယ်။
ကိုယ်ရေးမှတ်တမ်းက ဘယ်လိုဝယ်ရမလဲ ပုံမှန် မိတ္တူဆိုင်တွေမှာ ရောင်းတဲ့ဟာပဲလား
@@heinminlatt3649 video ထဲမှာ ပြောပြထားပါတယ်။ ဘယ်ကဝယ်ဝယ် အတူတူပဲ ရုံးရောက်ရင် အဲဒီဖောင်ကို တံဆိပ်တုံးထုခပေးရတယ်။
QR တင်တုန်းက မှတ်ပုံတင်နံပါတ် ရှေ့နောက်လွှဲရေးမိလို့ ဘယ်လို လုပ်ရမလဲဗျ ကူညီပြောပြပေးပါအူးဗျ
@@waiwaipyone-e7o လက်ရေးဖောင်မှာ အမှန်အတိုင်းရေးသွားပါ။ ရုံးရောက်ရင် မှတ်ပုံတင်နံပါတ်မှားနေလို့ လက်ရေးဖောင်မှာ အမှန်ရေးထားကြောင်းပြောပါ။
@@studywithmon7186 ကျေးဇူးပါခင်ဗျ
မမရေး ကိုယ်ရေးမှတ်တမ်း2စုံ လုံးဖြည့်ရမှာလား 18ပြည့်ဖို့ 2လလိုတာ PJနဲ့လုပ်လို့ရလားမမ
@@hsuhsu-j6n ကိုယ်ရေးမှတ်တမ်း လက်ရေးနဲ့ဖြည့်တာ တစ်စုံဆိုရင်ရတယ်။ ရုံးသွားရမယ့်ရက်ကျရင် ၁၈ပြည့်သွားမှာပဲ။ PJ လုပ်တာက ရတယ်။ အဓိက ၁၈နှစ်ပြည့် မှတ်ပုံတင်ကဒ်မလဲရသေးရင် ရုံးရောက်လို့ အသက်ကပြည့်ပြီးရင် လဲခိုင်းလိမ့်မယ်။ smart card ပါယူသွားပါ။
@studywithmon7186 မနက်သွားမှာအမ အသက်ကတစ်လလိုသေးတယ်
အဖေ့ဘက်ကအမျိုးကတယောက််ထည့်ရင်ရလဲရှင့် အဖေ့ဘက်ကညီကိုေမာင်နှမက8ယောက်ဖစ်နေလို့ပါ😢
@@Haru-m5b မထည့်လည်းရတယ် အိမ်ထောင်စုစာရင်းမှာ မပါတာဆိုရင် နည်းနည်းပဲ ထည့်လည်းရတယ်။
ညီမရေ အမတော့မသိလို့မေးပါရစေ Passport ကိုအခုမှအစလုပ်မှာဆိုတော့ ကိုယ့်ကိုတိုင်သွားလုပ်မှရလား အွန်လိုင်းကနေလုပ်ခိုင်းလို့မရဘူးလား
@@thuzar5447 Passport ရုံးကို လူကိုယ်တိုင်သွားလုပ်ရတာပါ။ မျက်လုံးစစ်တယ် လက်ဗွေဆယ်ချောင်းလုံးစစ်တယ်။ လက်မှတ်စစ်တယ်။ အဲလို ရုံးကို ကိုယ်တိုင်ဝင်ရဖို့အတွက် အွန်လိုင်းပေါ်ကနေ ဘယ်နေ့ရုံးဝင်လိူ့ ရမလဲဆိုတဲ့ ရက်ချိန်းယူရပါတယ်။ အဲဒါကို QR code လျှောက်တယ်လိူ့ခေါ်ပါတယ်။ တခါတည်း ကျသင့်ငွေရှင်းရပြီး ရုံးသွားရမယ့် ရက်စွဲနဲ့အတူ QR code တစ်ပါတည်း ထုတ်ပေးတာပါ။
@@studywithmon7186 QR code ကိုညီမဆီမှာ လျောက်လို့ရလား အမတို့ထားဝယ်မှာလျောက်ရမှာဆို့တော့ ထားဝယ်ဘယ်ရုံးမှာလျောက်ရလဲညီမ
ခုမှစလုပ်မှာပါ။အွန်လိုင်းကလျှောက်ချင်ပါတယ်ဗျ ဝန်ဆောင်မှုပေးလားခင်ဗျ ဘယ်လိုဆက်သွယ်ရမလဲခင်ဗျ@@studywithmon7186
@nainglinn6298 09401674595 ကို ဆက်သွယ်ပါ။
မမရေ အိမ်ထောင်စုစာရင်းမှာလေ
ညမနာမည်ပါပီး မှတ်ပုံတင်အမှတ်တေကမထည့်ရသေးပု အာ့ဒါဘယ်လိုလုပ်ရမလဲမမ
@@ZinMieMieKo ရတယ် အဲဒါတော့ သွားထည့်ရမယ်လို့မပြောဘူး။ အမ အိမ်ထောင်စုစာရင်းမှာလည်း အားလုံးရဲ့ မှတ်ပုံတင်နံပါတ်က ပါတာမဟုတ်ဘူး။ စိုးရိမ်ရင်တော့ လဝကရုံးသွားပြီး လုပ်လို့ရတယ်။
ဟုတ်ကဲ့ကျေးဇူးပါမမ
10တန်းအောင်လို့ဖြည့်ရင် အောင်လက်မှတ်တောင်းလားဟင်
@@zawtun4282 မတောင်းဘူးနော်
သမီးရယ်အန်တီမှာစာအုပ်ကကြာပြီပြန်ပြီးလုပ်ရင်ဘယ်လောက်ကုန်လဲပြောပြပါလား
@@OhmarOhmarkyi မပျက်စီးရင် QR ရဖို့ လေးသောင်း၊ ရေစိုပျက်စီး ကိုးသောင်းခြောက်ထောင်၊ ရန်ကုန်ရုံးဆိုရင် ရုံးထဲဝင်ရင် တစ်သောင်းခွဲလောက် ထပ်ကုန်မယ်ရှင့်။
အမရေ ရက်ချိန်းက ဒိရက်ပိုင်းမှာသွားရမှာ..Smart card လုပ်တာ sarvay မတူလို့တဲ့ လနဲ့ချိပြီးကြာမယ်တဲ့..smart card ဖြည့်ထားတဲ့ ဖောင်မှာရေးပေးလိုက်တယ်..sarvay မတူဆိုပြီး..အဲ့တာ passport ရုံးသွားရင် အဲ့လိုဖြစ်နေလို့ smart card မရသေးဘူးပြောရင်ရလားမသိဘူးအမ.
@@zoeyarzoeyar ပုံမှန်တော့ passport ရုံးက လိုတဲ့အချက်အလက်မစုံရင် ပြန်လွှတ်ပါတယ်။ ဒါမယ့် တစ်လအတွင်းပြန်လာလို့ရတယ်ဆိုတဲ့ မှတ်ချက်သူတို့ရေးပေးလိုက်ရင် QR ထပ်တင်စရာမလိုဘူး smart card ရရင် တခါသွားပြန်လုပ်ရုံပဲ။
@studywithmon7186 ကျေးဇူးပါ အမ
Labour ကဘယ်လိုလုပ်ရလဲဗျ ဘာတွေလနုလဲဗျ
@@Cas-ri6wf မှတ်ပုံတင်မိတ္တူနဲ့ လေဘာရုံးသွားပြီး ပြည်ပလေဘာကတ်လုပ်ချင်လို့ဆိုရင်ရပါတယ်။
အခုအသစ်လျှောက်ရင် စာအုပ်ထုတ်ဖို့ ဘယ်နှစ်လလောက်စောင့်ရလဲဗျ
@@ChelseaRay755 ဒီနေ့ QR လျှောက်ရင် စာအုပ်လာလုပ်ဖို့ ချိန်းတဲ့ရက်တွေပါ။ စာအုပ်လုပ်ပြီး ဆယ်ရက်အကြာ သွားထုတ်လို့ရပါတယ်။
ရန်ကုန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး08-01-2025နေပြည်တော်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး10-10-2024မန္တလေးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး12-12-2024မြစ်ကြီးနားနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး18-09-2024ဘားအံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး16-08-2024
ပတ်စပို့လုပ်ရင် 10သိန်းပေးလိုက်
တခြားဘာမျှမလိုဘူး
ကိုယ်ရေးမှတ်တမ်း2စုံဆိုတာ Application Form ကိုပြောတာလားဗျ
@@myomyintaung1516 QR ပါတာက နှစ်စုံ သို့မဟုတ် သုံးစုံယူသွားပါ။ ကိုယ်ရေးမှတ်တမ်းက တစ်စုံပဲပေးရတာ တကယ်က သူ့ကို website က download လုပ်လည်းရတယ် ရုံးရောက်မှဝယ်လည်းရတယ်။ QR code မပါတဲ့ ကွကိုယ်လက်ရေးနဲ့ဖြည့်ရတဲ့ဖောင်ပါ။
Appointment form အောက်ဆုံးမှာ လက်မှတ်ထိုးပေးရမှာလားဗျ။ သုံးရွက်လုံးကို
@@ThihaZaw55 လက်မှတ်လို့စာရွက်မှာပါရင် လက်မှတ်ထိုးရပါတယ်။
ပြည်ပ သွားဖို့
18နှစ်မှတ်ပုံတင် အသက်က ကျော်သွားပီး ဘာတွေလုပ်ရမလည်းရှင့် မသိလို့ပါ
@@PhyoMi-uq5mu smart card လုပ်ရင်း မှတ်ပုံတင်လဲပါ။
@@studywithmon7186အမ၁၈ မှတ်ပုံတင်လဲဖို့တင်တော့ထင်ထားတယ် ဒါပေမဲ့မကျသေးဘူး ရုံးကဒီအပတ်ထဲဝင်ရတော့မာဘယ်လိုလုပ်ရမလဲ
@@aungthein9055 လဝကရုံးသွားပြီး မေစပါ အမြန်လုပ်ပါ မရတဲ့နောက်ဆုံး passport ရုံးမှာပြောကြည့်ပါ။ လှည့်ပြန်ရမှာစိုးလို့ အစထဲက ကိုယ့်လက်ထဲအဆင်သင့်ရှိနေတာ အကောင်းဆုံးပါ။
မမရေရက်ချိန်းကျော်လို့နှစ်ပတ်အတွင်းပြန်သွားတဲ့အခါ QR မှာပါတဲ့အချိန်အတိုင်းပြန်သွားမှရမှာလားရှင့်။ဥပမာ သူချိန်းတာမနက်ပိုင်းဆိုညနေပိုင်းသွားလို့ရမလား။
@@khaingmarkyaw6365 ရပါတယ် အစောဆုံးသွားနိုင်ရင်တော့ ပိုကောင်းတာပေါ့
ရက်ချိန်းကျော်လို့ နှစ်ပတ်အတွင်းဆိုရင် သွားလို့ရသေးလားရှင့်
@@Ms.PhyuPhyuThin ရတယ်နော်
4:45
ညီမရေ 2001 ကရန်ကုန်ရုံးမှာလျောက်ထားတာ စလစ်ကလက်ဝယ်ရှိသေးပါတယ် ကျန်းမာရေးကြောင်းမထုပ်ဖြစ်တာ အခုဘယ်လိုပြန်လျောက်ရမလဲ နားမလည်လို့ရှင်းပြပေးစေချင်ပါတယ်
တစ်ချိုက ပျောက်ဆုံးလျောက်ရမှာလို့ပြောနေတယ် ဘာလုပ်ရမလဲ ကိုလည်းမသိလို့ပါ။
@@chitoo1882 အဲဒီစလစ်နဲ့ passport ရုံးသွားပြီး ရုံးကလူကိုမေးပါ။ သူက အသစ်လျှောက်ခိုင်းရင် အသစ်လျှောက်ပါ။
@@studywithmon7186ဟုတ်ကဲ့
ကျေးဇူးတင်ပါတယ်ခင်ဗျ
လိုင်းပေါ်က qr လျောက်တာ Kpay အဆင့်ငွေချေတာကိုရောက်ရင်ဆက်နှိပ်လို့မရတော့ဘူးဘာဖြစ်တာလဲမသိဘူးဗျ
@@WTF92318 ကျွန်မလည်း ဟိုနေ့က video အသစ်လုပ်တာ နှိပ်ကြည့်တော့ မရဘူး။ MPU Card နဲ့ပဲ ချေလို့ရတယ်။ သူတို့ Software စနစ်မှာ error တက်နေတာ။
Kpayနဲ့မရဘူးဖြစ်နေတာ
@@ant6979 ဟုတ်တယ် ခုထိမရသေးဘူး
@how2myanmar ဒီမှာအကူအညီတောင်းလိုက်ပါဗျ ကျွန်တော် အမလိုပဲ ဖြစ်လို့ သူကူညီပေးတယ်ဗျ
ကလေးက အသက်၂ နှစ်လောက်ပါ
အဲဒါရော smart card လိုလောက်မလားရှင့်
@@estherkhun9510 သူက မွေးစာရင်းရှိရင် ရပါပြီ
Thanks
အမရေ မြန်မာလိုရေးတုန်းက မှန်တယ်
Eng name ရေးတော့ နာမည်မှာrကျန်ခဲ့လို အဆင်ပြေလား 😢
@@MyoMyat-w3d အမည်မှားရင် ရုံးရောက်ရင် အမှားပြင်ကောင်တာမှာ ဝင်ပြင်ပါ ၅၀၀၀ တော့ပေးရတယ်။ လက်ရေးဖောင်မှာ အမှန်ရေးသွားပါ
@@studywithmon7186 လွယ်တယ်မလား အမပြင်ရတာ
ခက်ခက်ခဲခဲမဟုတ်ဘူးမလား
@@MyoMyat-w3d မခက်ပါဘူး လူတိုင်းမှားကြတာပဲ။
PvကနေPjပြောင်ချင်ရင်ဘယ်လိုတင်ရမလဲဗျ စာအုပ်ရှိpသားပါဗျ
@@aungaung-h3x သက်တမ်းတိုးဆိုပြီး pJ တင်လိုက် ရတယ်။ စာအုပ်သက်တမ်း ၂နှစ် ၆ လအထက်ကျန်ရင်တော့ ဒဏ်ကြေးဆောင်ရတယ်
@@studywithmon7186 ကျေးဇူးပါဗျ သက်တမ်းကုန်သွာတာ2021ထဲကပါဘယ်နိုင်ငံမှလဲမသွာရသေးပါူးဗျ
ကျေးဇူးပါဗျ
passport လုပ်ချင်လို့ မှတ်ပုံတင်က ၁၈နှစ်ပြည့်မလဲရသေးတော့(smart card) တော့ရှိပါတယ်လြုပ်လို့ရ/မရ သိချင်လို့ပါရှင့်
@@YinPhyuLwin အဲဒါတော့ passport ရုံးရောက်မှ သိမှာညီမ။ တစ်ရုံးနဲ့ တစ်ရုံး မူတွေက တူချင်တူတယ် ရစ်လည်းရတယ်ဆိုတာမျိုး။ မှတ်ပုံတင်က အသက်ပြည့်လဲထားရင် အကောင်းဆုံးပဲ။ smart card ဆိုတာလည်း နောက်ပိုင်းမှတ်ပုံတင်ကို အစားထိုးဖို့လုပ်တာပဲ smart card က ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင်မလဲရသေးလည်း အရည်အသွေးတူတော့ သူတို့လက်ခံချင်လည်းရတယ် လက်မခံချင်လည်းရတယ်ဆိုတော့ သူတို့ဆီရောက်မှပဲ သိရမှာ။
@@studywithmon7186 hote ကျေးဇူးများကြီးတင်ပါတယ်နော်
ပိုက်ဆံပိုယူသွား ဒဏ်ကြေး ပေးရတယ်
@@AunghtetAunghtet-vs1idအကိုဘလောပ်လောပ်ဒဏ်ကြေးပေးရလဲဗျ ပြောပြပေးပါ
မရဖူးနော် ကျနော်နဲ့ကျနော့်ဘော်ဒါနှစ်ယောက်သွားလုပ်တာ ကျနော့်ဘော်ဒါက18နှစ်ပြည့်ကဒ်မဟုတ်လို့တုံးထုပေးပီးနှစ်ပါတ်အတွင်းပြန်လာခိုင်းတယ် ပိုက်ဆံနဲ့ရွေ့လို့ရမရတော့မသိဖူးကျနော်တို့လုပ်တဲ့ကောင်တာကတော့ပြန်လွှတ်လိုက်တယ် smart cardပါလည်းမရဖူး18နှစ်ပြည့်မှရမာ်
ေ
Hi အမရေ
ညီမ Passport ကို ရန်ကုန်မှာ လုပ်ထားတာပါ
အခု သက်တမ်းတိုးချင်လို့ မွန်ပြည်နယ် မော်လမြိုင်မှာ တိုးလို့ရမလား သိချင်လို့ပါရှင့်
အိမ်ထောင်စုစာရင်းက မွန်ပြည်နယ်က
အိမ်ထောင်စုစာရင်းထဲမှာပဲ အမ
နယ်မှာပဲ ပြန်တိုးမလို့ လုပ်ထားတာပါ ရမလားရှင့်
@@Ms.PhyuPhyuThin ပုံမှန်တော့ ရတယ် ညီမ
ပုံမှန်တော့ရတယ်ဆိုတော့ အခု ရသေးတယ်မလား အမ😊
@@Ms.PhyuPhyuThinရပါတယ် ညီမ။ သက်တမ်းတိုးတာဖြစ်ဖြစ် အသစ်လုပ်တာဖြစ်ဖြစ် ကိုယ့်အိမ်ထောင်စုစာရင်း ရှိတဲ့ တိုင်းဒေသကြီး ပြည်နယ်တွေမှာ လုပ်လို့ရတယ်။ ဘယ်မှာပဲ အရင်က လုပ်ခဲ့ လုပ်ခဲ့ Data Server ထဲမှာ အချက်အလက်တွေ သိမ်းထားတာဆိုတော့ အရင်ကလို မှတ်တမ်းစာအုပ်တွေနဲ့ မဟုတ်တော့ အရင်စာအုပ်အဟောင်းကို လုပ်ခဲ့ဖူးတဲ့ဒေသမဟုတ်လည်း ကြည့်လို့ရတယ်။ ပုံမှန် ဟုတ် မဟုတ်က အခုလားရှိုးဆို သွားလို့မရတော့ဘူး။ အဲဒါကြောင့် ပုံမှန်အတိုင်းဆို ရတယ်ပြောတာပါ။
passportကနာမည်နဲ့smart card ကနာမည်စာလုံးပေါင်းမတူရင်ကောpassportကထုတ်လို့ရလားရှင့်
@@wahlwin-jj1rr မှတ်ပုံတင်က နာမည်နဲ့ passport နာမည်ရော တူလား။ အခုက ထုတ်လို့ရလဲ သက်တမ်းတိုးရင် စကားပြောရမယ်။ နိုင်ငံခြားသွားချင်လို့ မှတ်ပုံတင်ကို notary ပြန်တဲ့အခါ passport အမည်အတိုင်း ဘာသာပြန်ပေးဖို့ တောင်းဆိုရမယ်။ smart card က နာမည်ကို သွားပြင်ရင်ပြင် passport ထုတ်ခါမှ ပြင်ရင်ပြင် (ပြင်ချင်ရင်ပေါ့) ။ စလစ်ရထဲက နာမည်တွေ တိုက်စစ်ပြီး မှားရင် တခါတည်းပြောခဲ့တာ အကောင်းဆုံး။
ကိုယ်ရေးမှတ်တမ်း2စုံဆိုတာ တူတူပဲကို 2ရွက်ထုတ်ရမယ်ပြောတာလားအစ်မ
@@NadirSe-c2u တစ်စုံပဲ တစ်ရွက်စီထုတ်ပြီး လက်ရေးနဲ့ဖြည့်သွားပါ။ နှစ်စုံက တစ်ချို့ ရုံး/ပိုပိုလိုလို ဆောင်တတ်သူတွေအတွက် ပြောတာပါ။
qr code တင်ထားတဲ့ဖုန်းပျောက်သွားလို့တခြားဖုန်းနဲ့ဝင်ကြည်ရင်မရဘူးဖစ်နေတယ် အရင်ဖုန်းတုန်းကဝင်ကြည့်လို့ရတယ် ဘယ်လိုလုပ်ရမလဲ နည်းလမ်းလေးပြောပေးပါလား
@@ThanNaing-z7h www.passport.gov.mm ကို browser ကနေဝင်ပြီး
ရက်ချိန်းစစ်ဆေးရန် ကိုနှိပ်ပါ။
* လျှောက်ထားမှုအမှတ်စဉ် နှင့် မှတ်ပုံတင်အမှတ် (သို့မဟုတ်) မှတ်ပုံတင်မရှိပါက လျှောက်ထားမှုအမှတ်စဉ် နှင့် မွေးသက္ကရာဇ်တို့ကို မှန်ကန်စွာဖြည့်သွင်းပြီး Search ကို နှိပ်ပါ။
* လျှောက်ထားမှုအမှတ်စဉ်ကို မမှတ်မိပါက အမည်နှင့်မှတ်ပုံတင်အမှတ် (သို့မဟုတ်) မှတ်ပုံတင်မရှိပါက အမည်၊ အဖအမည်နှင့်မွေးသက္ကရာဇ်တို့ကို မှန်ကန်စွာဖြည့်သွင်းပြီး Search ကို နှိပ်ပါ။
QRနှစ်စုံဆိုတာ ဘယ်တစ်ခုကိုပြောတာလဲ Qr codeပါတဲ့ဟာကို
ပြောတာလား ဒါမှမဟုတ်
Onlineကချပေးထားတဲ့
အိမ်ထောင်စုနဲ့ပတ်သတ်ပီ
ဖြည့်ရတဲ့ pdf fileလား
@@hasibullah6055 QR Code ပါတာကိုပြောတာ
အမရေ မှတ်ပုံတင် နဲ့ စမတ်ကတ် သွေးအုပ်စု မတူရင် ရလားခဗျာ ဘယ်လို လုပ်ရလဲ
@@sawlagay4654 သွေးအုပ်စုတော့ လိုက်မစစ်ပါဘူး မေးလည်း ရွှီးဖြေလိုက်ပါ
@@studywithmon7186ဟုတ်ကဲ့အမ ကျေးဇူးပါ
ပီးခဲ့တဲ့ 7လပိုင်းကမှ passport လျှောက်ထားတာပါ pvပါ ခုမှ စသ်တန်းစတက်တာဆိုတော့ ကျောင်းနဲ့ဖစ်ဖစ် အလုပ်နဲ့ဖစ်ဖစ်သွားရရင် pvက အဆင်ပြေတယ်ဆိုလို့ pjပြောင်းမယ်ဆို စာအုပ်မရခင်ပြောင်းရတာလား စာအုပ်ထုတ်ပီးရင်ကော pj ပြောင်းဂသေးလားသိချဂ်ပါတယ် ပြောင်းလို့ရရင် ပြောင်းချိန်ဘလောက်ကြာလဲ သိချင်ပါတယ်ဗျ
@@HtetHtet-k1y passport ရုံးကို စာအုပ်က သွားလုပ်ပြီးပီလား။ မလုပ်ရသေးရင်တော့ ရုံးရောက်တာနဲ့ အမှားပြင်ကောင်တာမှာ PJ ပြောင်းလျှောက်မယ်ဆိုပီး ပြင်လို့ရတယ်။ အဲလိုမဟုတ်ဘဲ စာအုပ်ရပြီးရင်တော့ နောက်တစ်ခါ QR တင်ပြီး စာအုပ်အပြောင်းလုပ်ရမှာပါ။
Labour ကဒ်က
မိတ္တူဆွဲရသေးတာလားရှင့်
@@EiZinMoe-q4t ဆွဲရတာပေါ့။ ဘယ်ဟာမဆို ရုံးမှာ မိတ္တူတွေပေးရပါတယ်နော်။
QR ရက်ချိန်းကမနက်ဖြန်ချိန်းထားတာကိုမသွားဖြစ်လို့ သန်ဘက်ခါဆိုရင်သွားလို့ရသေးလားအစ်မ
@@HtetOoWai-qp9yw နှစ်ပတ်အတွင်း ရတယ်
@@studywithmon7186 ဟုတ်
Online မှာ QR Code လျောက်ပြီး ၃ ပတ်လောက်ရှိပြီ ခုထိငွေသွင်းဘို့ မတောင်းသေးတာ ဘာ့ကြောင့်ပါလဲ email အမှန်လဲပေးထားပါတယ်
@@tintun4067 ငွေသွင်းဖို့က သူတို့က မတောင်းဘူးလေ။ ရက်ချိန်းစစ်ရန်ကနေ ကိုယ့်အချက်အလက်သွားစစ်ပြီး ငွေသွားချေပါ။
QR ကုတ် လျောက်ပြီး ဘယ်လောက်ကြာမှ သွင်းဘို့ငွေ တောင်းသလဲ
@@tintun4067 ကိုယ်ငွေသွင်းချင်တဲ့ချိန် သွင်းလို့ရတယ်။ ရက်ချိန်းပဲ နောက်ကျသွားမှာ။
ကိုယ်ရေးမှတ်တမ်း က နှစ်စောင်လုံးကို လက်ရေးနဲ့ဖြည့်သွားရတာလား
@@payesoneaung7275 ဟုတ်ပါတယ်
အမရေ စစ်မှုထမ်းသားသမီးဆို passport မထုတ်ပေးဘူးဆိုတာဟုတ်လားရှင့်။
@@moethwin7401 ထုတ်မပေးတာ မဟုတ်ဘူး။ ထောက်ခံစာလိုတာပါ။ အိမ်ထောင်စုစာရင်းမှာ မိဘက ဝန်ထမ်းလို့ရေးထားရင် အပြင်ဝန်ထမ်းပါလို့ ကိုယ်ပြောတတ်ရင် ပြောတတ်သလိုရတယ်။ စစ်မှုထမ်းလို့ ရေးထားရင်တော့ ပင်စင်စားဆို ပင်စင်စာအုပ်၊ နုတ်ထွက်ထားရင် နုတ်ထွက်ထားကြောင်းစာ၊ လက်ရှိဝန်ထမ်းဆိုရင် ကကကြည်းက ထောက်ခံစာလိုမယ်။ ထောက်ခံစာရဖို့ဆိုရင်တော့ ကိုယ့်ရဲ့သားသမီးကို အလုပ်ကုမ္ပဏီက လွှတ်လို့ပါဆိုရင် ရမယ်။ အခြား အလည်တို့ ဈေးဝယ်တို့ဆို ထောက်ခံစာရဖို့ ခက်တယ်ပြောတယ်။
@@studywithmon7186 ဖြေပေးတာကျေးဇူးပါရှင့်။
အိမ်ထောင်စုအဟောင်းကိုအသစ်ပြန်လဲတော့ ရုံးကစာရေးမကမှားပြီး အဖေ့အလုပ်အကိုင်မှာ မှီခိုရေးမိသွားတယ် သွားပြင်တော့ သူတို့က စာအုပ်ရမှလာပြင်လို့အကြံတော့ပေးထားတယ်ရှင့်
ညီမက စိုးရိမ်ေနတာက passport ရုံးကလူကြီးတွေက သန််းခေါင်စာရင်းကို သူတို့ laptop နဲ့အကုန်တိုက်စစ်လို့ စာရွက်မှာရေးထားတာနဲ့ပေါ်နေတာနဲ့လွဲနေလို့ စစ်မှုထမ်းဖြစ်နေလို့မထုတ်ပေးဘူးဆိုပြီးဖြစ်မှာစိုးနေလို့ရှင့်။smart card ကတော့ရပြီးပါပြီရှင့်။
ညီမရေ၊bookingလုပ်ထာတုန်းက pv to pj ပြောင်းဘို့တင်ထာတာ၊အဲလိုမလုပ်ဘဲ သက်တမ်းဘဲတိုးမယ်ဆိုရင်ရော bookingထပ်တင်ရမှာလား၊
@@hanhtoosett booking ထပ်မလိုဘူး အမှားပြင်ကောင်တာမှာပဲ အလည်သွားမှာလို့ ပြောပြီးပြင်လိုက်ပါ
လုပ်ပေးလို့ရလားရန်ကုန်က
@@dollyina ရတယ် service fee တစ်သောင်း ပါ။ ဖုန်းနံပါတ် 09797681228
what is the deadline for recjected by Id card to come again to restart?
@@umaung6823 smart card မလုပ်ရသေးလို့လား rejected ဖြစ်တဲ့အကြောင်းအရင်းက black list ထဲပါတာလားဆိုတဲ့ အကြောင်းအရင်းပေါ်မူတည်တယ်။ black list ဆိုရင်တော့ သွားလုပ်လို့မရတော့ဘူး။ အခြား အကြောင်းကြောင့်ဆိုရင်တော့ id card or smart card ပြန်လုပ်ပြီးတဲ့အချိန် QR ပြန်တင်ရပါမယ်။ QR ပြန်မတင်ချင်ဘူးဆိုရင်တော့ ရုံးမှာ rejected ဖြစ်တယ်လို့ ပြောလိုက်ကတည်းက သူတို့က QR မတင်ဘဲ ပြန်လာခွင့်ပေးလား ဘယ်ရက်အတွင်း ပြန်လာလို့ရလဲဆိုတာ ရုံးကိုမေးခဲ့တာ အကောင်းဆုံးပါပဲ။
အမရေ ကျွန်တော်မှတ်ပုံတင်က18ပြည့်ရင်လဲရမယ်လို့ရေးထားတယ် လပိုင်းလေးလိုသေတယ် အသက်ပြည့်ဖို့က qrတင်ထားတာဒီ9လပိုင်းကြတယ် အဆင်ပြေပါမလားဗျာ မှတ်ပုံတင်ကမလဲရသေးဘူး လပိုင်းလိုသေးလို့ အသက်ပြည့်ဖို့က
@@HtetShine-tt9ik မြို့နယ်လဝကရုံးကို သွားမေးကြည့်ပါ။ ဘာမှမလုပ်ရသေးဘဲတော့ သူတို့ကို ပိုက်ဆံ့မပေးရလောက်ဘူး မေးကြည့်ပြီး သူတို့ပြောတဲ့အတိုင်း လိုက်လုပ်ပါ။
QR ရပီး ချိန်းသောရက် သွားရင် ဘာတွေယူသွားရပါလဲရှင့်
အချက်တွေ တွေ့ပါပီ ကျေးဇူးပါ
အလုပ်အကိုင်နေရာမှာ မှတ်ပုံတင်ထဲကနဲ့အိမ်ထောင်စုဇယားနဲ့မတူလို့ ရလားအမ
@@HtètHtet-z3e ရတယ်။ အလုပ်တွေကပြောင်းနေတာ။ အစိုးရဝန်ထမ်းလို့ ရေးမထားရင် ရတယ်။
ကျေးဇူးပါ အမ
ရက်ချိန် ကြည့်တာ ကြည့်မရတော့လို့ဗျ
လျှောက်ထားမှုအမှတ်စဥ်လည်း မသိတော့ ဘယ်လိုလုပ်ရမလည်း ဗျ
@@yoshi1799 ရက်ချိန်းရှာလို့တွေ့ပြီလား။ မန့်ကိုခုမှမြင်လို့။ ရက်ချိန်းစစ်ဆေးရန်မှာ လျှောက်ထားမှု အမှတ်စဉ် မသိလဲ အမည် မှတ်ပုံတင်အမှတ် နဲ့ ရှာလို့ရပါတယ်။
@@studywithmon7186 ရှာတာ မရဘူးဖြစ်နေတယ်အမ
@@yoshi1799 နာမည်နဲ့ မှတ်ပုံတင်အမှတ် မှားနေတာလား။ သူများလျှောက်ခိုင်းတာဆိုရင် မှားလျှောက်မိတာလား။ အောက်က သုံးချက်ထဲက တစ်ချက်ချက်နဲ့ ပြန်ရှာကြည့်လို့ရပါတယ်။
* လျှောက်ထားမှုအမှတ်စဉ် နှင့် မှတ်ပုံတင်အမှတ် (သို့မဟုတ်) မှတ်ပုံတင်မရှိပါက လျှောက်ထားမှုအမှတ်စဉ် နှင့် မွေးသက္ကရာဇ်တို့ကို မှန်ကန်စွာဖြည့်သွင်းပြီး Search ကို နှိပ်ပါ။
* လျှောက်ထားမှုအမှတ်စဉ်ကို မမှတ်မိပါက အမည်နှင့်မှတ်ပုံတင်အမှတ် (သို့မဟုတ်) မှတ်ပုံတင်မရှိပါက အမည်၊ အဖအမည်နှင့်မွေးသက္ကရာဇ်တို့ကို မှန်ကန်စွာဖြည့်သွင်းပြီး Search ကို နှိပ်ပါ။
* လျှောက်ထားမှုအမှတ်စဉ်၊ Invoice နံပါတ်တို့နှင့်အတူ ငွေပေးချေမှုအောင်မြင်သည့် KBZ Pay ၏ Transaction No. (သို့မဟုတ်) MPU ၏ Transaction Ref: တို့အား Payment ID နေရာတွင် ဖြည့်သွင်းပြီး Search ကို နှိပ်ပါ။
အမ passportသက်တမ်းကုန်တာလေးနှစ်ရှိပြီဆိုတော့သက်တမ်းတိုးလို့ရသေးလားသို့မဟုတ်အသစ်ဘဲပြန်လျှောက်ရမလားရှင့်/ smart card Engနာမည်နဲ့ passport Eng name ကမတူဘူးတိုးလို့ရရငိဘယ်နာမည်နဲ့တိုးရမလဲရှင့်
@@MeiMei-m3m Passport စာအုပ်က အဟောင်းရှိရင် သက်တမ်းတိုးလျှောက်လို့ရပါတယ်။ Passport အဟောင်းရဲ့ နာမည်နဲ့ပဲ သက်တမ်းတိုးဖို့ များတယ်။ smart card နာမည် သွားပြင်ရမလား Passport name ပြင်ရမလားဆိုတာတော့ ရှိတယ်။ တစ်ခုခုတော့ ပြင်ရမှာပဲ။ မပြင်ချင်ရင် Passport ကို သက်တမ်းမတိုးဘဲ အသစ်လျှောက်မလား အာ့ဆို ဟိုမှာ စာအုပ်အဟောင်းပေါ်နေရင် ဘယ်လိုဖြေရှင်းမလဲ စဉ်းစားရမှာ ဆိုတော့ ကျွန်မညွှန်းထားတဲ့ Passport Facebook Group မှာ သွားမေးကြည့်ပါလား။
Hyy.. please
Passport စလုပ်တာ 2019 pv type
တကြိမမာ ပြည်ပ မထွက်ဘူး
Now passport သက်တမ်းကုန်။
တိုးချင်လို့။
Ygn ,ဘာတွေလိုအပ်မလဲ။
ဘာတွေယူသွားရလဲ။
@@moemyinthtun7335 video မှာ ပြောထားတာတွေပဲလိုတာပါ PV သက်တမ်းတိုးက ရိုးရိုးပဲ ကျန်တာတွေလိုအလုပ်မရှုပ်ပါဘူး။
QR code online မတင်ဘဲ။
ရုံးမာ ကိုယ်တိုင် သွားယူရလားဗ
အခုလုပ်ရင်။ smart ကဒ်
တွေဘာတွေ လိုလား
@@moemyinthtun7335 smart card လိုပါတယ်။ QR တင်ရပါတယ်။ မတင်ဘဲသွားရင် ပွဲစား/ရိုက်စားတွေကို ပိုက်ဆံ့ပိုပေးရပါတယ်။ ပွဲစား/ရိုက်စားကိစ္စ နားမလည်ပါ။
Kapyက erroတက်နေတာ်မရဝူးဗျ
ဟုတ်တယ် မရဘူး။ MPU Card နဲ့ ချေလို့ရတယ်။
စလစ်ကပုသိမ်မှာပေးရင်ပုသိမ်မှာပဲပြန်ထုတ်ရတာလားဗျ
ဟုတ်ကဲ့ လုပ်ခဲ့တဲ့ နေရာမှာပဲ ပြန်ထုတ်ရတာပါ။ ရုံးတစ်ရုံးနဲ့ တစ်ရုံး စာအုပ်လွှဲပေးတယ်တို့ အခြားရုံးမှာ သွားထုတ်လို့ရတယ်တို့ ကြေညာထားတာ မတွေ့ဘူးရှင့်။ အထူးကိစ္စရပ်တွေ ပေါ်လာရင်တော့ ကြေညာပေးလောက်ပါတယ်။
ကိုယ်ရေးအကျဉ်းက ခဲတံနဲ့ဖြည့်လဲရလား
@@winmyatphyoaung1632 ဟင်??? ဘာလို့ ခဲတံနဲ့ ဖြည့်မှာလဲ။ လွယ်လွယ်ပျက်တာပေါ့။ ဘောပင်နဲ့ဖြည့်ရမှာလေ။ တစ်ယောက်မှတော့ ခဲတံနဲ့ဖြည့်တာ မမြင်ခဲ့ဘူး။
QR code ရက် မအားလို့ နောက်ရက်သွားလို့ရလားဟင်
@@atiny2235 ရပါတယ် နှစ်ပတ်အတွင်း
ကိုယ်ရေးမှတ်တမ်း 1စုံး ဆိုမရဘူလာ
@@ShibaTatsuy တစ်စုံလည်း ရပါတယ်။ နေရာဒေသပေါ်တော့ မူတည်တာပေါ့ တစ်စုံတောင်းလား နှစ်နေရာက ယူထားလားဆိုတာ။ အဓိကက ဓါတ်ပုံရိုက်တဲ့နေရာက တောင်းတာ။
@@studywithmon7186 သိြခင်တာနောက်တစ်ခုက appointment letter မှာ မြဖည်သွာဘဲ နဲ ကိုယ်ရေးမှတ်တမ်မှာဘဲြဖည်သွားရလာ မနက်ဖန်သွားထုပ်ရမှာဘာမှမသိလို့😁😁
@@ShibaTatsuy ရပါတယ်။ ကိုယ်ရေးမှတ်တမ်းမှာ လိုတဲ့အချက်အလက်အကုန် လက်ရေးနဲ့ ဖြည့်သွားလို့ရပါတယ်။ အခု appointment letter တွေမှာလည်း စာလုံးတွေက ဖြည့်လို့ရတဲ့ အရွယ်တွေထွက်နေပြီ။ ဒါမယ့် အရင်ကလိုပဲ လက်ရေးဖောင်မှာ ဖြည့်သွားနေကြတာပါပဲ။
qr code တင်ထားတာ၁ယောက် သူကမလုပ်တော့လို့ မိသားစု၀င်အချင်းချင်းပြောင်းဖြည့်လို့ရလား အဲဒိတ်န့ဲ ကို လူပြောင်းလုပ်လို့ရမလား
@@SHWEZINMYO1289 မရလောက်ဘူး အမှားပြင်ကောင်တာကို အချက်အလက်အများကြီး သွားပြင်ရမှာနဲ့ အချက်အလက်စစ်ဆေးတဲ့နေရာမှာ ပြောရမှာနဲ့။ ဟိုက မေးလို့ ရေလောင်းနိုင်တာတို့ အသိရှိတာတို့ဆိုရင်တော့ မပြောတတ်ဘူး။
ရဟန်းတွေ passport လုပ်မယ်ဆိုရင်လည်း အတူတူပဲလား။ ဘာကွာသေးလဲ
ရဟန်းတွေက passport လုပ်မယ်ဆိုရင် ဘာသာရေး Passport လုပ်ချင်တာလား ရိုးရိုးအလည်အပတ်သွားတဲ့ Passport လုပ်ချင်တာလားအပေါ် ကွာခြားပါတယ်။ ရိုးရိုးအလည်အပတ်ဆိုရင် Passport for Visit (PV) လုပ်ရမှာဖြစ်တဲ့အတွက် အပေါ်က video ထဲက အတိုင်း အချက်အလက်ယူသွားရင် ရပါတယ်။ ဘာသာရေး Passport for Religious (PR) ပြည်ပနိုင်ငံများတွင် သာသနာပြုလုပ်ငန်း လုပ်မယ်ဆိုရင် အထက်ပါ အချက်အလက်များအပြင် - သာသနာဝင်ကတ်ပြား မူရင်းနှင့် မိတ္တူ(၂)စုံ
- မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ(၁)စုံ ထပ်မံလိုအပ်ပါတယ်။ နိုင်ငံသားမှတ်ပုံတင် မရှိရင် သာသနာ့ဝန်ထမ်း မှတ်ပုံတင်နဲ့လည်း လျှောက်လို့ရပါတယ်။ UID ခေါ် Smart Card လည်း လုပ်ထားရပါမယ်။
labour ကဒ် ပုံမှန် လုပ်နေကြ labour ကဒ်လားအမ
@@yadanarlay-lh5qb ဟုတ်တယ်
QR. ကုဒ်က ဘယ်မှာယူရမလဲ
@@smilelaysmilelay655 www.passport.gov.mm
အမ passport က နာမည် ENG လို ZIN ကနေ ZIIN အဲ့လိုပြန်ချိန်းချင်လို့အမ အဲ့တာ ဘယ်လိုလုပ်လို့များရနိုင်မလဲရှင့် လုပ်ထားတာတော့ တနှစ်ကျော်လေးတော့ရှိလာပါပြီအမ
အရေးကြီးနေတော့လေ ချိန်းမှဖြစ်မယ့်အနေအထားဖြစ်နေလို့ ဘယ်လိုလုပ်ရင်ရလောက်မလဲရှင့်
@@zinmarthwe7265 passport အမည် ပြောင်းမှရမယ်ဆိုရင်တော့ passport ရုံးရောက်တဲ့အခါ အမည်ကို ပြင်လိုကြောင်း ဘာကြောင့်ပြင်လိုကြောင်း သေချာပြောပြီးပြင်ပါ။
PJ နဲ့ ကျလာတဲ့ QR ကို PV ပြင်ပီး လျောက်လို့ရလား အမ
@@shinehtetaung204 ရတယ် အမှားပြင်ကောင်တာမှာ သွားပြင်ပါ။ သူတို့ ပြင်ပေးဖို့တော့လိုတယ်။
မမရေQRဖြည့်ရင် နော်ဖောဖောဆိုရင် နော်ထည့်ရမလား မထည့်ရဘူးလား ပြောပြပေးပါနော်မမ❤
@@thae-i6b တစ်ချို့ ထည့်ကြတယ် တစ်ချို့ မထည့်ကြဘူး။ နော်က မ ဆိုတာနဲ့ အတူတူပဲဆိုတော့။ ထည့်တာ မထည့်တာက ကိုယ့် passport မှာ ဘယ်လိုပေါ်ချင်လဲပေါ်မူတည်တယ်။ နိုင်ငံခြားက တချို့အဖွဲ့အစည်းတွေက နိုင်ငံသားမှတ်ပုံတင်ကို eng လို ပြန်ခိုင်းပြီး passport name နဲ့ တိုက်စစ်တယ်။ အဲဒီအခါ မှတ်ပုံတင်ကို eng လို ပြန်တဲ့အခါ နော်ထည့် မထည့် ဆုံးဖြတ်ပေးရမှာ ပေါ့ passport name နဲ့ တူအောင်လို့။ အဲတော့ ကွကိုယ် ထည့်ချင်လား မထည့်ချင်လားဆုံးဖြတ်ပြီး လျှောက်ပါ။ တိုင်းရင်းသားတွေရဲ့ ရှေ့နာမည်နဲ့ ပတ်သတ်ပြီး ကန့်သတ်ထားတာတော့ မကြားမိဘူး။
@@studywithmon7186 ကျေးဇူးပါနော်မမရေ♥️♥️
မမ ကျနော်အဖေ passoreစာအုပ် တက်တမ်းတို ကိုယ်စာ သွားယူလို့ရလား
@@thanhtikesoe-y2x ရတယ် စလစ်နဲ့ မှတ်ပုံတင်တွေ ယူသွားပါ တခါတလေ အိမ်ထောင်စုစာရင်းမိတ္တူပြရတယ်
PV နဲ့ ED Visa လျောက်ပြီး ကျောင်းသွားတက်လို့ရနိုင်လားရှင့်
@@faiza_today နိုင်ငံခြားက ရတယ် လေဆိပ်အထွက်မှာ PV နဲ့လည်း လွှတ်တယ်။ နည်းနည်းတော့ပြောရတယ်။ အခုရွှေ အခုငွေ သူတို့စည်းမျဉ်းတွေက။
Pjသမားကလေဘာလုပ်ရမာဆိုတော့ရန်ကုန်ကနေလာတာမဟုတ်ပဲ ပဲခူးကလူကရန်ကုန်မာလုပ်မာဆိူတော့ လေဘာကရန်ကုန်မာပဲယူလို့ရလားရှင့်
@@hninei-r8t ရပါတယ်
smart card မရှိသေးရင် မှတ်ပုံတင်နဲ့ မရဘူးလား
@@htooaung9156 smart card လုပ်ရပါတယ်နော်။ ခုနောက်ပိုင်း smart card ပါမှ လုပ်ခွင့်ပေးပါတယ်
smart cardကမိတ္တူနဲ့ဆိုရလား အမ
@@khinthuwin-y7e မူရင်းရော မိတ္တူရော ယူသွားရမှာ
လေဘာကတ်ကသန်းခေါင်စာရင်းရှိတဲ့မြို့နယ်မှာပဲယူရတာလား
အခုနေတဲ့မြို့နယ်မှာယူလို့ရလား
@@gragongaming1486 ရတယ် ဘယ်မှာဖြစ်ဖြစ် လုပ်ပေးတယ်
အိမ်ထောင်စုစာရင်း မူရင်း မပါရင် မရဘူးလား
@@MgThanOo-xu4dq မရဘူးရှင့်
passport က လုပ်ပြီး QRရပြီးပြီ အဲ့ဒါကို မယူတော့ပဲ တခြားနေရာမှာ အသစ်ထပ်လျောက်လို့ရလား အမ အဲ့လိုလုပ်မိရင်ကော ဘာတွေဖြစ်နိုင်လဲအမ ပြောပြပေးပါအုံး
@@ZinNyiNyiTun-m9m အသစ်လျှောက်ကြည့်လိုက်ပါ။ မရရင် မရဘူးလို့ system က ပြပေးပါတယ်။ လျှောက်လို့ရခဲ့ရင် အရင် QR ရတဲ့ရက်ကို မသွားဘဲ ဒုတိယ QR ရတဲ့ရက်ကို သွားပေါ့။
အမရေပတ်စပို့ကသက်တမ်းကုန်တာနှစ်နှစ်ကျော်ပီးဗျpjစာအုပ်ပါအခုqrပြန်လျောက်ထားတာdateတော့ရပီးဗျသွားလုပ်ရင်ဘာအခက်အခဲရှိနိုင်လည်းဗျ
@@ChannyeinAung-cd9nx သက်တမ်းကျော်တာက ဒဏ်ကြေးမဆောင်ရဘူး။ သက်တမ်းကျန်ရင်သာပါ။ PJ စာအုပ်ကို PJ ပဲ သက်တမ်းတိုးခွင့်ရှိတယ်။ PV ပြောင်းလို့မရဘူး ခုပေါ်လစီအရ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေပါရင် ဘာအခက်အခဲမှ မရှိပါဘူး။
အစ်မရေQRကုဒ်ဖြည့်ရင် နော်ဖောမူဆိုရင် နော်ထည့်ရမလား မထည့်ရဘူးလားမမ
မမရေQRတင်တုန်ကpvန့ဲအခု့pjပြန်ပြောင်းချင်လို့ပါရုံးမဝင်ရသေးပါဘူးအ့ဲသွားရင်ဘယ်နေရာမှာပြင်ရမှာလဲရှင့်