သုခမြို့တော်-မြသန်းတင့် ၊ စာဖတ်သူ - ခေါင်ဟစ် (အပိုင်း ၁)

Поделиться
HTML-код
  • Опубликовано: 31 июл 2024
  • သုခမြို့တော်
    မြသန်းတင့်
    စာဖတ်သူ - ခေါင်ဟစ်
    “သုခမြို့တော်”ဝတ္ထုရဲ့ အဓိကဇာတ်ကောင်တွေက‌တော့ လန်ချားသမား ‘ဟာစရီပါး’တို့ မိသားစုဝင် ငါးယောက်ရယ်၊ ပိုလန်လူမျိုး ခရစ်ယာန်သာသနာပြု ဗရင်ဂျီဘုန်းကြီး ‘ကိုဗာစကီး’ရယ်၊ လိုအပ်နေသူတွေကို အကျိုးပြုချင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောင်အမေရိကတိုက် ဖလော်ရီဒါနယ်ရှိ မီယာမီမြို့ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဆေးကောလိပ်ဘွဲ့ရလူငယ် ‘မက်စ်’ရယ်၊ သုခမြို့တော်ရပ်ကွက်ထဲက လူမြင်းလို့ခေါ်တဲ့ လန်ချားသမားတွေရယ်၊ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန် မထင်ရှားကြတော့တဲ့ ကိုယ်ရေရောဂါသည်တွေရယ်ပါ။ ဒါပေမယ့် ကျွန်မစိတ်အာရုံထဲ စွဲထင်ကျန်ရစ်တဲ့ ဇာတ်ကောင်ကတော့ ကိုဗာစကီး တစ်ယောက်တည်းပါပဲ…။
    “သုခမြို့တော်” ဘယ်လို ဖြစ်တည်လာခဲ့သလဲ ပြောရမယ်ဆိုရင် ရာစုနှစ်အစလောက်တုန်းက ဒေလီ-ကာလကတ္တားသွား ရထားလမ်းတာရိုးအနီးက စက်ရုံပိုင်ရှင်ဟာ သူ့အလုပ်သမားတွေကို နေရာချပေးဖို့ အဲ့ဒီနားက ငှက်ဖျားထူတဲ့ စိမ့်တောကြီးကို မြေဖို့ပေးခဲ့ရာက စတာတဲ့။ မိုးခေါင်ရေရှားကာ ဘာမှစိုက်မရတော့လို့ ငတ်ပြတ်ပြီး ကျေးလက်တောရွာကနေ ပြောင်းရွှေ့လာကြတဲ့
    ဒုက္ခသည်တွေ အများဆုံးနေတဲ့နေရာပေါ့…။
    တကယ်တော့လေ “သုခမြို့တော်”ဆိုတာ ဆင်းရဲသားအချင်းချင်း ဘယ်တော့မှ အိမ်တံခါးမပိတ်တတ်တဲ့ နေရာလေးတစ်ခုပါပဲ။
    နောက်ပြီး လူသားစစ်စစ်တို့ရဲ့ တည်ကြည်ပြီးသိက္ခာရှိတဲ့အပြုံးတွေ တည်ရှိတဲ့နေရာ ၊
    အောက်တန်းအကျဆုံးထဲက အထက်တန်းအကျဆုံးလူတွေ နေကြတဲ့နေရာ၊
    လူမဆန်တဲ့ တံလျှပ်မြို့ကြီးမှာ လူဆန်တဲ့
    စာနာရိုင်းပင်းမှုတွေ မြင်တွေ့နိုင်တဲ့ နေရာ၊
    ဒါဟာ “သုခမြို့တော်”ပါပဲ။
    .
    .
    .
    #ချစ်ခင်လေးစားစွာဖြင့်
    #အိမ့်
    (အပိုင်း ၁) • သုခမြို့တော်-မြသန်းတင်...
    #ဝတ္ထုတို #မြန်မာဝတ္ထု #ဒို့အညာ #သုခမြို့တော် #ခေါင်ဟစ်
    #DohAhNyar #တို့အညာ #Audiobooks

Комментарии • 107