ရန်ကုန်- ငွေဆောင် - ရန်ကုန် ❗️နေ့ချင်းရောက်❗️ ခရီးစဉ် ( Shein Zar Cyclist )

Поделиться
HTML-код
  • Опубликовано: 26 июл 2024
  • ရန်ကုန် ကနေ ငွေ​ဆောင်ကမ်းခြေထိ စက်ဘီးနင်းပြီးသွားမယ်လို့ စိတ်ကူးကြည့်ဖူးပါသလား? ဒါဆိုရင်တော့ ဒီ Video လေးကိုကြည့်လိုက်ပါနော်...
    ကျွန်တော်ကတော့
    ကျွန်တော့်ဘ၀ရဲ့ စံချိန်တစ်ခုဖြစ်သလို နောင်တစ်ချိန်မှာ ပြန်ပြောလို့မကုန်တဲ့ အမှတ်တရတွေဖြစ်နေစေမယ့်
    ရန်ကုန်- ငွေဆောင် - ရန်ကုန် (နေ့ချင်းရောက်) Long Trip လေးက်ို ၆.၃.၂၀၂၃ မှာ သွားဖြစ်ခဲ့ပါတယ်။
    🚴ပထမနေ့(ရန်ကုန် မှ ရန်ကုန်)၂၄၆ ကီလို(၁၅၃ မိုင် )
    မနက်စောစော(၄:၀၀)လောက် ရန်ကုန်မှစတင်ထွက်ခွာခဲ့ပြီး
    ကျွန်တော်အပါအဝင် ကိုကျော်ဇင်၊ဆရာကျော် နဲ့ Biker (၃)ယောက်သွားဖြစ်ခဲ့ပါတယ်...
    ခရီးအကွာအဝေး ၂၄၆ ကီလို(မိုင် ၁၅၃) ကျော် ရှိတဲ့အပြင် တောင်တက်လမ်းတွေပါဝင်နေတာကြောင့် ရောက်အောင်နင်းနိုင်ပါ့မလားဆိုပြီး စိတ်လှုပ်ရှားစွာနဲ့ နင်းခဲ့ရပါတယ်...
    အိမ်မဲမြို့ဖက်ကသွားခဲ့ကြပြီး ဒါးက မြို့မှ စပြီး ရန်ကုန်၊ပုသိမ်လမ်းကမကောင်းတာကြောင့် ခရီးမတွင်ပဲ လူပိုပင်ပန်းခဲ့ရပါတယ်။
    ပုသိမ်မြို့ကို ညနေ(၄)နာရီ မှ ရောက်ဖြစ်ခဲ့ပြီး တောင်ပေါ်လမ်းတွေကိုနင်းနေရင်းနဲ့ နေလုံးကြီးကတောင်တွေထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ်...
    ညအမှောင်မှာ စက်ဘီးမီးတွေ အားကိုးပြီး အတက်အဆင်းအကွေ့ များပြီးအန္တရာယ် များလှတဲ့ တောင်တက်လမ်း၊ဘိုးတော်(ဆင်)အန္တရာယ် ၊ရွာတွေမှာမွေးထားတဲ့တောခွေးတွေအန္တရာယ် ကို သတိထားနင်းခဲ့ကြပြီး
    မရောက်ရောက်အောင်ချမယ်ဆိုတဲ့ စံချိန်ကိုမပျက်ချင်တာရယ်ကြောင့်ဇွတ်နင်းခဲ့လိုက်ကြတာ
    ည (၇:၅၀)လောက်မှာ ငွေဆောင်ကို ရောက်ခဲ့ကြပါတယ်။
    စက်ဘီးတွေ တစ်ခုခုမဖြစ်ခဲ့တာက အင်မတန်မှကံကောင်းခဲ့ရတာပါ...
    နင်းချိန်ကြီးပဲ (၁၁ နာရီ ၃၈ မိနစ်)ကျော် နင်းခဲ့ရပါတယ်။
    ပူပြင်းလှတဲ့နေရာင်အောက်မှာ နင်းခဲ့ကြတာကြောင့် အာခေါင်တွေအပူကန်ပြီး ဖင်တွေပါနာခဲ့ကြတာပေါ့....ညစာတောင်သေချာမစားဖြစ်ကြပဲ Resort ရဲ့ရေကူးကန်မှာ ရေခဏစိမ်ပြီး ပင်ပန်းစွာနဲ့ အိပ်ပျော်ခဲ့ကြပါတယ်။
    🚴ဒုတိယနေ့(ငွေဆောင်ကမ်းခြေ)
    လက်ရာကောင်းပြီး မနက်စာကို သေချာလေးပြင်ဆင်ပေးတက်လို့ နာမည်ကြီးနေတဲ့ Sandy Bay Resort ရဲ့ မနက်စာကိုစားရင်း လက်ဆက်တဲ့လေကိုရှူရှိုက်လို့ ပင်လယ်ကြီးရဲ့ အလှကိုခံစားဖြစ်ခဲ့ကြပါတယ်...
    နေ့လည်စာကိုတော့ ရန်ကုန် မှ အကို ကိုအောင်နဲ့အမ မလွင် (DCM World)မိသားစုနဲ့ ငွေဆောင်မှာ လာဆုံကြရင်း အကိုနဲ့ အမကဂုဏ်ပြု ဧည့်ခံခဲ့ပါတယ်...
    ညနေဖက်မှာ ပင်လယ်ထဲဆင်းရေကစား အလှပုံများရိုက်လို့ အနားယူခဲ့ကြပါတယ်
    🚴တတိယနေ့(ငွေဆောင် မှ ရန်ကုန်)
    ​ရန်ကုန် အပြန်ခရီးကို မနက်(၅;၃၀)မှာ စတင်ခဲ့ကြပြီး ပုသိမ်မြို့သို့ မနက်(၈)နာရီ ဝန်းကျင်မှာရောက်ခဲ့ကြပါတယ်...
    ပုသိမ်မြို့မှလက်ဆောင်အချို့ဝယ်ခဲ့ကြပြီး လာရာလမ်းအတိုင်းပြန်ခဲ့ကြပါတယ်...
    အိမ်မဲဒါးက လမ်းက သဘောကောင်းဖော်ရွေသော နယ်ခံ မိသားစုလေးစီမှာ နေ့လည့်စာဝင်စားခဲ့ကြပါသေးတယ်
    အိမ်အပြန်ခရီးမို့ ဖြေးဖြေးအေးဆေးနင်းခဲ့ကြပီး
    ရန်ကုန် သို့ ည (၁၀း၅၀)မှာ အန္တရာယ် ကင်းဘေးရှင်းစွာနဲ့ (၃)ယောက်လုံးပြန်ရောက်ခဲ့ကြပါတယ်...
    ကျွန်တော်ကိုယုံကြည်စွာနဲ့ လိုက်ပါစီးနင်းပေးကြတဲ့ ကိုကျော်ဇင်နဲ့ ဆရာကျော် တို့ကိုလဲ ကျေးဇူးအထူးတင်ပါတယ်။
    အသေးစိတ်လေးကိုတော့ ကျွန်တော့်ရဲ့ Vlog လေးမှာဝင်ရောက်ကြည့်ရှု့လိုက်ပါနော်...
    ⭐ ဒီလို စက်ဘီးစီးပြီးခရီးသွားတဲ့ Vlogs နဲ့ Knowledge Sharing Videos တွေကိုကြည့်ရှုချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ Shein Zar Cyclist Facebook Page နဲ့ RUclips Channel လေးကို Like & Subscribe လေးလုပ်ထားပေးကြပါဦးနော် ⭐
    ❗️Facebook Page / sheinzarcyclist ❗️
    လေးစားစွာဖြင့်
    Shein Zar
    =========================
    00:00 Intro
    00:34 - ရန်ကုန် မှ ပုသိမ်(ပထမနေ့)
    04:25 - ပုသိမ် မှ ငွေဆောင်
    09:30 - ငွေဆောင်မြို့(ဒုတိယနေ့)
    11:00 - Resort အကြောင်းအနည်းငယ်
    13:52 - ငွေဆောင် မှ ပုသိမ်(တတိယနေ့)အပြန်ခရီး
    17:18 - ပုသိမ် မှ ရန်ကုန်
    21:38 - ကျေးဇူးတင်စကား
    =========================
    Music In This Video
    Song: Niya - A Life
    Music provided by Vlog No Copyright Music.
    Video Link: • Niya - A Life (Vl...
    #sandybayresort #cycling #cyclingvlogger #yangontongwesaung #ngwesaungbeach #ngwesaung #yangonpathein #Myanmarbeach #cyclingaroundmyanmar #travelvlog #travelcycling #cyclingtour
    #sheinzarcyclist # စက်ဘီးစီးခြင်း #cyclingvlog #biker
    #cyclingmyanmar #cycling #cyclingbloggers
    #cyclistblogger #CyclinginMyanmarmyanmar #gopro
  • РазвлеченияРазвлечения

Комментарии • 161

  • @sheinzarcyclist
    @sheinzarcyclist  Год назад +9

    ကျွန်တော့်ရဲ့ Video လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ကျေးဇူးပြုပြီး Channel လေးကို (Like & Subscribe) လေးလဲလုပ်ပေးကြပါအုံးနော်

  • @Itz_khris
    @Itz_khris 8 месяцев назад

    Amazing! A mass inspiration for me. Thanks for your awesome vlogs, bro.

  • @franciffrancif9820
    @franciffrancif9820 Год назад +2

    Congratulations ❤❤

  • @thant673
    @thant673 Год назад +2

    Congratulations 👏
    တကယ်အားကျတယ်ဗျာ

  • @taunggyibiketour9872
    @taunggyibiketour9872 Год назад +12

    ကျနော်တို့လည်း အဲလိုမျိုး ခရီးရှည် နှင်းအုံးမှပါ အရမ်းတွေ အားကျနေပါပြီ

    • @sheinzarcyclist
      @sheinzarcyclist  Год назад +1

      ဆုံပြီးနင်းကြမယ်လေ ခေါ်ပါ

    • @taunggyibiketour9872
      @taunggyibiketour9872 Год назад +1

      @@sheinzarcyclist လောလောဆယ်တော့မဖြစ်နိုင်သေးဘူး နောက်နင်းဖြစ်ရင် ခေါ်လိုက်မယ်ညီ

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      အိုခေပါအကို🥰

    • @thitminthitminthetnaingsoe5838
      @thitminthitminthetnaingsoe5838 5 месяцев назад

      ရန်ကုန်ငွေဆောင် ရန်ကုန်အသွားအပြန်မိုင်ဘယ်လောက်ရှိပါသလဲသိချင်ပါတယ်.

  • @MrChit1997
    @MrChit1997 Год назад +2

    Congratulations Bro 👏👏

  • @shalom5663
    @shalom5663 Год назад +3

    ဒီလောက်ဝေးကြီးကိုမောင်းနိုင်တဲ့အကိုကို အားကျတယ်နော်။❤❤😮😮

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      ကျေးဇူးပါခင်ဗျ🥰🥰

  • @naylinnhtet7869
    @naylinnhtet7869 Год назад +3

    Congratulations bro

  • @klowah8382
    @klowah8382 Год назад +1

    မိုက်တယ်ဗျာ🤘🤘

  • @myatsoe1446
    @myatsoe1446 Год назад +2

    ကျွန်တော်တို့ဆိုရင် ဆိုင်ကယ်နဲ့တောင်မှ မသွားဖူးဘူး..လုံးဝ Respect.. bro🤜🤛👍

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      ကျေးဇူပါအကို အကိုတို့လဲ စိတ်ကူးတွေအကောင်ထည်ဖော်နိုင်ပါစေနော်

  • @myowinaung1636
    @myowinaung1636 6 месяцев назад

    အရမ်းအားကျပါတယ်။

    • @sheinzarcyclist
      @sheinzarcyclist  6 месяцев назад

      ကျေးဇူးပါခင်ဗျာ🥰

  • @linnsettthu898
    @linnsettthu898 11 месяцев назад +1

    good

    • @sheinzarcyclist
      @sheinzarcyclist  11 месяцев назад

      ကျေးဇူးပါဗျ🥰

  • @kokyawyelaung1191
    @kokyawyelaung1191 Год назад

    လေးစားတယ်ဗျို့ အကိုတို့အဖွဲ့ကို❤

  • @myatphoneaung9993
    @myatphoneaung9993 8 месяцев назад +1

    Dream🎉

    • @sheinzarcyclist
      @sheinzarcyclist  8 месяцев назад

      အိမ်မက်တွေအမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေဗျာ

  • @KK-mx2di
    @KK-mx2di Год назад

    အားကျတယ်ဗျာ

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      ကျေးဇူးတင်ပါတယ်ခင်ဗျ

  • @myomyomgmg
    @myomyomgmg Год назад +1

    👍

  • @KK-mx2di
    @KK-mx2di Год назад +1

  • @MinThu390
    @MinThu390 Год назад +1

    အရမ်းကြိုက်တယ်ဗျာ

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      အရမ်းအားပေးပါ😝😂😍😍

    • @MinThu390
      @MinThu390 Год назад +1

      @@sheinzarcyclist ဟုတ်အားပေးပါတယ်အကို

  • @leonhtet9342
    @leonhtet9342 Год назад +1

    Bro Rb ဝယ်ရင် Disc brake နဲ့ normal brake ဘယ်ဟာရွေးသင့်လဲ pros and cons လေးပြောပြပါလား ပြီးတော့ Rb ဝယ်ရင် Beginner tips လေးမျှပါအုံးBro

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      အကို rb ပိုင်းကိုအရမ်းမကျွမ်းကျင်သေးလို့ပါ နောက်တော့ကြိုးစားပြီးပြောပေးပါ့မယ် break ကတော့အရင်ကတောရိုးရိုးတွေပေါ့ ခုလဲ ရိုးရိုးဘရိတ်တွေကိုကြိုက်ပြီးသုံးနေကြတဲ့သူတွေရှိနေပါသေးတယ် disc break ကတော့ latest ပေါ့ဈေးလဲတော်တော်များသွားမယ်

  • @AungNaingLin-on9lc
    @AungNaingLin-on9lc 9 месяцев назад

    အားကျတယ်ဗျာ❤

  • @Samsamentertainment69
    @Samsamentertainment69 Год назад +1

    မိုက်တယ်ဗျာ ကျနော့်အိပ်မက်ထဲကတစ်ခုကိုဘရိုလုပ်ပြသွားခဲ့တာ♥️

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      တူတူပါပဲ ဒါလဲကျွန်တော့်အိမ်မက်လေးတစ်ခုပါပဲ bro လဲအိမ်မက်တွေအမြန်ဆုံးအကောင်အထည်ပေါ်ပါစေနော် 💪💪

  • @thitminthitminthetnaingsoe5838
    @thitminthitminthetnaingsoe5838 Год назад +3

    ကောင်းလိုက်တာတနာရီကီလိုယ်လေက်နငါးြကလဲဂီယာချိန်းရသေးလားအတေဇွ့အြကံုရီငါးြပပ့ပံုး

    • @sheinzarcyclist
      @sheinzarcyclist  Год назад +1

      avg 21 လောက်တော့ရတယ်ဗျ ဂီယာကတော့ချိန်းရတာပေါ့အတက်အဆင်းများတော့လေ

  • @taunggyibiketour9872
    @taunggyibiketour9872 Год назад +4

    ၃း၃၁ မှာအသံတွေပျောက်သွားတယ် ငါ့စပီကာပျက်သွားပြီထင်နေတာ

    • @sheinzarcyclist
      @sheinzarcyclist  Год назад +1

      သီချင်းကိုဖျက်ရင်းနဲ့ပါသွားတာနေမယ်အကိုရေ sorry ပါ

    • @sheinzarcyclist
      @sheinzarcyclist  Год назад +1

      ကျေးဇူးပါနော်

  • @KaungKaung-xp2er
    @KaungKaung-xp2er Год назад

    အားကျပါတယ်

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      ကျေးဇူးပါခင်ဗျာ အကိုလဲအကောင်အထည်ဖော်နိုင်ပါစေနော်

    • @KaungKaung-xp2er
      @KaungKaung-xp2er Год назад

      @@sheinzarcyclist အကိုဟုတ်ပါဘူး ဗျာ ညီပါ 16 နှစ် ပါ ကျောင်းတက် နေတုန်းမို့ ကျောင်းရက်ရှည် ပိတ်ရင် အကိုတို့နဲ့စက်ဘီး စီးလာမှာ

    • @KaungKaung-xp2er
      @KaungKaung-xp2er Год назад

      @@sheinzarcyclist အကိုတို့ ကို ကျွန်တော် အရမ်းအားကျတယ် ဗျာ အကို့ vedio တေကြည့်ပြီးရင် ဘီးနင်းချင်စိတ်တွေ ဖြစ်လာတာ

    • @sheinzarcyclist
      @sheinzarcyclist  Год назад +1

      @@KaungKaung-xp2er လာခဲ့ပါညီလေးရေ အားတဲ့အခါလာစီးနော် ဖိတ်ခေါ်ပါတယ်

    • @KaungKaung-xp2er
      @KaungKaung-xp2er Год назад

      @@sheinzarcyclist ဟုတ်လာမှာ fb acc ပေးပ့လား

  • @soelwintravelogue6623
    @soelwintravelogue6623 Год назад +1

    အဲ့လိုသွားရင် ခေါ်ပါအကို လိုက်ချင်ပါတယ်

    • @sheinzarcyclist
      @sheinzarcyclist  Год назад +1

      လိုက်ခဲ့ပါဗျ ကြိုဆိုပါတယ်

  • @saithway969
    @saithway969 4 месяца назад +1

    အကိုတို့နဲ့ လိုက်စီးချင်လိုက်တာ

    • @sheinzarcyclist
      @sheinzarcyclist  4 месяца назад +1

      ဟုတ်လိုက်ခဲ့ပါဗျ🥰

  • @atrk3797
    @atrk3797 Год назад +2

    ကျွန်တော်ကိုလဲလာအားပေးပါလား။အားပေးနေတယ်အမြဲ

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      ဘယ်ကိုလာအားပေးရမလဲပြောညေး😁

  • @dr.aunglynnoo3977
    @dr.aunglynnoo3977 Год назад +2

    တံတားအသစ်က လမ်းပိုကောင်းတယ်

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      ဟုတ်ဗျ မြို့ထဲကမဖြတ်ချင်တာနဲ့ရှောင်လိုက်ကြတာပါဗျ😁

  • @Sandar111
    @Sandar111 11 месяцев назад +2

    အကိုတို့ကိုအားကျလိုက်တာ ညီမလည်းအဲ့ဒီလိုစက်ဘီးလေးနဲ့သွားချင်တာ❤❤

    • @sheinzarcyclist
      @sheinzarcyclist  11 месяцев назад +1

      လိုက်ခဲ့တော့ဗျာ ... စိတ်ကူးတွေလဲအမြန်ဆုံးအကောင်အထည်ပေါ်ပါစေလို့ဆုတောင်းပေးပါတယ်ဗျ

  • @naungyoe4855
    @naungyoe4855 Год назад +2

    အနင်းရော အစားရော စိတ်ချရတယ် ကိုကျော်က😁

    • @sheinzarcyclist
      @sheinzarcyclist  Год назад +1

      ဟုတ်ပါ့

    • @kokyawyelaung1191
      @kokyawyelaung1191 Год назад +1

      ဝဝစား နာနာ နင်းလေ ကိုနောင်😂

  • @yemyatthu6659
    @yemyatthu6659 Год назад +2

    Bro ရဲ့video တွေကိုမျှော်နေတာပါဗျ

    • @sheinzarcyclist
      @sheinzarcyclist  Год назад +1

      ကျေးဇူးများကြီးတင်ပါတယ် Bro ရေ

  • @barkalay
    @barkalay Год назад +2

    Fat bikeအကြောင်းရှင်ပြပါလား ဈေးနှုန်းနဲ့နေရာလေး

    • @sheinzarcyclist
      @sheinzarcyclist  Год назад +1

      ဟုတ်ကဲ့ပါဗျ ကြိုးစားပြီးလုပ်ပေးပါ့မယ်နော်

  • @akawakaw1310
    @akawakaw1310 2 месяца назад +1

    အမြဲအားပေးလျက်

    • @sheinzarcyclist
      @sheinzarcyclist  2 месяца назад

      ကျေးဇူးပါခင်ဗျာ

  • @noralinn-xg6qj
    @noralinn-xg6qj Год назад +1

    Account ပြန်ရပြီလားbro😮... အားပေးနေပါတယ် 😊😊😊😊

  • @Dadddd561
    @Dadddd561 Год назад +1

    Bro ရိုက်ထားတာ Go pro 10နဲ့လားဗျ

  • @yato5311
    @yato5311 Год назад +2

    အဲ့ဘက်လမ်းတွေကို Road bike ဂွေချွန်နဲ့ဆို နင်းလို့ရော အဆင်ပြေမလားဗျ

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      ဒါးကကနေ ပုသိမ်ထိလမ်းတော့မကောင်း နင်းလို့တော့ရပါတယ် ဖြေးဖြေးပေါ့

  • @thitminthitminthetnaingsoe5838
    @thitminthitminthetnaingsoe5838 Год назад +2

    တေဆင်ရိုင်းတွေနဲ့မတွေ့ခဲ့ဘူးလားဘရသာတို့

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      တွေ့ခဲ့ဘူး ဆင် ချေးပုံတွေပဲတွေ့ခဲ့တယ်။။။ဟီး

  • @bigfoot839bigfoot5
    @bigfoot839bigfoot5 Год назад +5

    မိုင်၁၇၀ကျော်ကိုအသွား15:50:00၊အပြန် 17:45:00။လေးစားတယ်၊အားကျတယ်ညီရေ။အကိုလည်း19.3.2023ကနေ21.3.2023ထိExcel hotelမှာတည်းခဲ့တာ။ဒီဖိုင်ကြည့်ပြီးမှဒီခရီးစီးချင်စိတ်ပေါက်လာပေမယ့်အသက်က၄၆နှစ်5'9"မှာဝိတ်က215lbဆိုတော့အဲ့လောက်တော့မရလောက်ဘူး။အသွားပုသိမ်တစ်ညအိပ်၊အပြန်ပန်းတနော်တစ်ညအိပ်လောက်နားမှဖြစ်မယ်ထင်တာပဲ။ဒါးက_အိမ်မဲ_ပန်းတနော်လမ်းကသွားတာဆိုတော့ခရီးဘယ်လောက်ကွာသွားလဲ။

    • @sheinzarcyclist
      @sheinzarcyclist  Год назад +2

      ဟုတ်ကဲ့ပါအကိုကြီး အဲ့ဖက်ကတော့ ကားနည်းနည်းနည်းမယ် လမ်းလဲမဆိုးဘူးကောင်းတယ် နည်းနည်းပိုတိုသွားတယ်အရမ်းတော့မဟုတ် ၄-၅/မိုင်လောက်ဖြစ်မယ်ထင်တယ်

  • @spidey-Boy599
    @spidey-Boy599 11 месяцев назад +1

    Broရေ မြူတွေကျနေတုန်းက ဘေးကဖျတ်သွားတဲ့ကားအနီကကျွန်တော်တို့ကာပါဗျ❤

    • @sheinzarcyclist
      @sheinzarcyclist  11 месяцев назад

      ဟာ....တကယ်ကြီးလား အဲ့လောက်တောင်တိုက်ဆိုင်လားဗျာ...အံ့ဩစရာကြီးဗျာ😍

  • @ShineHtet-sw1rt
    @ShineHtet-sw1rt Год назад +1

    ချစ်ကိုကြီးရေ အသွားအပြန် budgetဘယ်လောက်ကုန်လဲ အကုန်အသွားအပြန်ပေါ့ ဖြေပေးပါနော်

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      ဟိုတယ်စရိတ်(ကိုယ်တည်းမယ့်နေရာလေးပေါ်မူတည်တာပေါ့)
      လမ်းမှာ စားစရိတ်
      ငွေဆောင်မှာ စားစရိတ်
      အခြားအသေးအမွှားစရိတ်
      အပြန်စားစရိတ် တွေတော့ရှိတာပေါ့
      အကိုတို့ကတော့ ၂ ဝန်းကျင်လောက်ကုန်သွားပါတယ်

    • @ShineHtet-sw1rt
      @ShineHtet-sw1rt Год назад +1

      @@sheinzarcyclist အက်ုတ်ု့တဲတဲ့ hotel ခကဘယ်လောက်လဲဗျ တော်တော်လေးမိုက်လို့

    • @sheinzarcyclist
      @sheinzarcyclist  Год назад +1

      @@ShineHtet-sw1rt facebook.com/sandybayresortmm ဒီမှာမေးလိုက်နော်ညီလေး

  • @kyawthanekha7982
    @kyawthanekha7982 10 месяцев назад +1

    ကြိုဆိုပါသည်။ ဒီလိုအပျော်ရှာ ခြင်းမျိုးကြိုက်၏။အားပေးသည်။

    • @sheinzarcyclist
      @sheinzarcyclist  10 месяцев назад

      ကျေးဇူးပါဗျ🥰🥰🥰

  • @kyawsoe8251
    @kyawsoe8251 Год назад

    ထားဝယ်မြို့ကို လာ်ပြပါလားဗျ

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      အခြေနေပေးရင်တစ်ခါလောက်တော့လာခဲ့အုံးမယ်အကိုရေ စိတ်ချ🥰

  • @tHantZin2002
    @tHantZin2002 Год назад +1

    အားကျတယ်ဗျာ ပီတိလဲ ဖြစ်မိပါတယ်

    • @sheinzarcyclist
      @sheinzarcyclist  Год назад +1

      ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ

  • @Demon-hh2tw
    @Demon-hh2tw 11 месяцев назад

    ဘယ်နစ်နာရီလောက်ကြလဲဘာရာသား

  • @ThuTaZaw-qd1jo
    @ThuTaZaw-qd1jo Год назад

    နေ့ချင်းရောက်ဆိုတာ တစ်ကယ်လား ဥပမာ ၅ရက်နေ့ညသွား၆ရက်နေ့ညပြန်ရောက်ကိုဆိုလိုတာလား အဲ့လိုဆိုရင် မဖြစ်နိုင် ဘူး ဗျာ
    သေချာတယ်

    • @sheinzarcyclist
      @sheinzarcyclist  Год назад +1

      နေ့ချင်းရောက်ဆိုတာ ဒီနေ့သွား ဒီနေ့ရောက်ကိုပြောတာပါ ဗျ- ရန်ကုန် မှ ငွေဆောင် ကိုနေ့ချင်းရောက်နင်းတာကိုဆိုလိုတာပါဗျ.

  • @user-uj3dr5fr7k
    @user-uj3dr5fr7k 4 месяца назад

    လမ်းမါအိပ်ရတာလားbro

    • @sheinzarcyclist
      @sheinzarcyclist  4 месяца назад

      အရောက်နင်းတာပါဗျ လမ်းမှာမအိပ်ပါဘူး ရန်ကုန်ကနေ ငွေဆောင်ထိရောက်အောင်နင်းတာပါ

  • @pyaesonewin8880
    @pyaesonewin8880 Год назад +1

    Bro ငွှေဆောင်သွှားရင်ခေါ‌နော်

  • @yannaungcyclist7864
    @yannaungcyclist7864 Год назад +2

    battery စက်ဘီးနဲ့ လိုက်နင်းလို့ရလားဗျ
    😁😁😁

    • @sheinzarcyclist
      @sheinzarcyclist  Год назад +1

      ရပါတယ်အကို အားများများခံတဲ့ဟာနဲ့မှအဆင်ပြေမယ်နော် 😜😜

    • @yannaungcyclist7864
      @yannaungcyclist7864 Год назад

      @@sheinzarcyclist အားရှိမှအကြာကြီးခံပေါ့ အဲ့လိုလားဟ 😁

    • @sheinzarcyclist
      @sheinzarcyclist  Год назад +1

      ပြောချင်တာအဲ့ဒါ sunday ကြည့်မယ်လေ 😜😜😂

  • @user-iv8if7rs1p
    @user-iv8if7rs1p 5 месяцев назад

    ဘိုက္ကာ သမားထဲမှာ အကိုတို့ အဖြဲ့ အတော္ဆံုး

    • @sheinzarcyclist
      @sheinzarcyclist  5 месяцев назад

      ကျေးဇူးပါခင်ဗျာ🤩

  • @user-eh1ok9cy6c
    @user-eh1ok9cy6c 22 дня назад

    yangon to mandaly

  • @ahtgaming776
    @ahtgaming776 Год назад +1

    ရန်ကုန် - ရွှေကျင် - ရန်ကုန် ကိုနေ့ချင်းရောက် နင်းပြပါ

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      ဘယ်နှစ်မိုင်လောက်ရှိလဲဗျ--တစ်နေ့တော့ကြိုးစားကြည့်ပါ့မယ် ဖြစ်နိုင်မလားမဖြစ်နိုင်လားကတော့သေချာသိသေးဘူး..ဟီး

  • @naungnaung3923
    @naungnaung3923 Год назад +1

    အင်္ကျီတွေ ကိုဘယ်ထဲထည်သွားလဲအကို

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      နောက်အိပ်ထဲပဲပေါ့ 😁

  • @ThuTaZaw-qd1jo
    @ThuTaZaw-qd1jo Год назад +1

    ရန်ကုန်ငွေဆောင်နေ့ချင်းရောက် မဖြစ်နိုင်ဘူးနော်

    • @sheinzarcyclist
      @sheinzarcyclist  Год назад +1

      ဟုတ် ကျွန်တော်ကတော့ရောက်အောင်ကြိုးစားပြီးနင်းထားပါတယ်ခင်ဗျ vlog. လေးကြည့်ပီးအားပေးပါအုံးနော်

  • @ThuTaZaw-qd1jo
    @ThuTaZaw-qd1jo Год назад

    ဘလိမ်းတာတော့မဟုတိပါဘူးအကိုရာ ကျွန်တော့် ဆိုရင်သေချာတာကတော့ ၁၀၀%ပဲ စက်ဘီးသမားစစ်စစ်အသည်းကောင်းဇွဲကောင်းတဲ့သူတွေမှပဲ အဲ့လိုဖြစ်နိင်လိမ့်မယ် ချီးကျူးပါတယ်အကို မဖြစ်နိုင်ဘူးဆိုတာတော့မရှိပါဘူး ဒါပေမဲ့အဲ့လိုနငိးဖို့ကလဲ လူတိုင်းမဖြစ်နိုင်ဘူးလေ အာ့ကြောင့် လူတိုင်းမနင်းနိင်တဲ့အကြောင်းလေးကိုထောက်ပြတာပါ အကို့ကိုတော့လေးစားပါတယ် ရာဇာ​နေဝင်းစီးတဲ့ဘီးဆို အကိုအတော်ခရီးရောက်မှာပဲနော်

    • @sheinzarcyclist
      @sheinzarcyclist  Год назад +1

      ဟုတ်ရပါတယ် သဘောပေါက်ပါတယ်ခင်ဗျ ကျေးဇူးတင်ပါတယ်။ ရာဇာနေဝင်းစီးတဲ့ဘီးက အဲ့လိုခရီးဝေးနင်းလို့မကောင်းပါဘူးခင်ဗျ

  • @koamk
    @koamk 6 месяцев назад +1

    တကယ် အပျော်တွေကူးစပ်ပါတယ်ဗျာ😉

  • @jimmyjack9460
    @jimmyjack9460 Год назад +1

    a ko helmet lybl lok ll bya

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      ကျွန်တော်ဝယ်တုန်းကတော့ ၂၆၅,၀၀ ကျပ် ထင်တယ်နည်းနည်းမေ့ 😁

  • @user-zh6ii6rx5e
    @user-zh6ii6rx5e 4 месяца назад +1

    အကိုဖွင့်လိုက်တဲ့သီချင်းနာမည်လေးပြောပြပါ

  • @myowinaung1636
    @myowinaung1636 6 месяцев назад

    လမ်းမှာ ဘီးပေါက်တာဖြစ်လား။

    • @sheinzarcyclist
      @sheinzarcyclist  6 месяцев назад

      မဖြစ်လိုက်ဘူးဗျ လမ်းမှာဘီးerror ဘာတစ်ခုမှမဖြစ်လိုက်ဘူးကံကောင်းတယ်ပြောရမလားပဲ

  • @zwenyanhtut1744
    @zwenyanhtut1744 Год назад +1

    ​ငွေ​ဆောင်မှာကျွန်​တော်​နေတယ်

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      ဟုတ်လား မသိလိုက်ဘူးဗျ နောက်တစ်ခေါက်လာမှဆုံကြမယ်ဗျို့

  • @PyaePhyoAung-cr6wu
    @PyaePhyoAung-cr6wu 6 месяцев назад

    အိမ်မဲရောက်တာ သားတို့မသိလို့ အခု videoကြည့်က

    • @sheinzarcyclist
      @sheinzarcyclist  6 месяцев назад

      နောက်တစ်ခါလာအူံးမယ်ဗျာ

  • @nilarlinn
    @nilarlinn 8 месяцев назад

    အားကျလိုက်တာ အဖွဲလိုက်လေး သဘောကျတာ

    • @sheinzarcyclist
      @sheinzarcyclist  8 месяцев назад +1

      လိုက်ခဲ့ပါဗျ..ကားနဲ့ ဟီး😃

    • @nilarlinn
      @nilarlinn 8 месяцев назад +1

      စီးတတ်တယ်လေ အဲ့လိုအထာကျကျတော့မစီးတတ်လို့ပါ 😊😊😊

    • @sheinzarcyclist
      @sheinzarcyclist  8 месяцев назад +1

      @@nilarlinn အထာကျကျစီးတက်ဖို့ လိုက်ခဲ့တော့ဗျာ ဖိတ်ပါတယ်

    • @nilarlinn
      @nilarlinn 8 месяцев назад +1

      ကီလို 180/200စီးနေတဲ့လူ တွေကိုအားနာလို့ပါရှင့် ။ ကိုယ်တွေဆို အကုန်အကျောပေးပြီးနောက်ကနေလိုက်ရမှာမို့ပါ ။ စီးတယ် ခုနောက်ပိုင်း ကားတွေက ကြမ်း ဆိုတော့ မြို့ထဲတော့မစီးဖြစ်တော့တာလေ ။ ပြီးတော့ အဲ့ဘီးမျိုးလည်းသိပ်မကျွမ်းဘူးလေ😁

    • @sheinzarcyclist
      @sheinzarcyclist  8 месяцев назад +1

      @@nilarlinn ခုလတွေနီးနီးနားနားတွေစီစဉ်ပေးဖြစ်နေပါတယ်ဗျ အဲ့ကြအချိန်ပေးနိုင်တဲ့ခါလိုက်ခဲ့ပေါ့ အဲ့လမ်းတွေကတော့ဖြေးဖြေးအေးဆေးနင်းကြတာပါ

  • @kyawthiha2916
    @kyawthiha2916 Год назад +1

    စက်ဘီးက‌ေစျးနည်းနည်းနိမ့်‌ေတာ့အရမ်းခရီးဝေးမသွားရဲဘူး😁😁 သွားချင်တာအဲ့လိုတွေ

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      ဘီးကြံခိုင်မှုကိုသေချာလေးစစ်ဆေးပြီး သွားလို့ရမှာပါ ဖိုက်တင်း

  • @user-iv8if7rs1p
    @user-iv8if7rs1p 5 месяцев назад

    ဘယ္သူမှ မနင္းနိူင္တဲ့ ခရီး

    • @sheinzarcyclist
      @sheinzarcyclist  5 месяцев назад

      နင်းနိုင်ကြပါတယ်အချို့လဲ ရှိတယ်ခင်ဗျ

  • @waihtutpai
    @waihtutpai 7 месяцев назад

    ပုသိမ်က နေ ငွေဆောင်သွားတဲ့ကြားမှာ ရေကိစ္စ ဘယ်လို လုပ်ကြလဲ အကိုတို့။

    • @sheinzarcyclist
      @sheinzarcyclist  7 месяцев назад

      ဘယ်လိုရေကိစ္စကိုပြောတာလဲဗျ😁

    • @waihtutpai
      @waihtutpai 7 месяцев назад

      အင်းတကော်လမ်းမှာဆို ဆယ်အိမ် ဆယ့်ငါးအိမ် ရှေ့တခါမှာ ရေအိုးလေးတွေ ထားပေးထားတော့ အဆင်ပြေတယ်လေအကို ၊ ပုသိမ်ကနေ ငွေဆောင် ချောင်းသာ လမ်းကျတော့ လျှောပြာ ရွာ ကျော်လာရင် လမ်းမှာ ဘာမှမရှိတော့ဘူးလေ အဲအခါ ရေကို လုံလောက်အောင် ဘယ်လို ထည့်သွားလဲ သိချင်တာပါအကို။@@sheinzarcyclist

    • @sheinzarcyclist
      @sheinzarcyclist  7 месяцев назад +1

      @@waihtutpai အော်...ပုသိမ်မှာတစ်ခါထည့်တယ် လမ်းမှာ တစ်ခါဝင်ထည့်တယ် ရေသိုးဆိုတဲ့ရွာလေးမှာ ပြီးတော့ ဆက်ဒိုးတော့တာပဲ

  • @HtarWara-lf2mz
    @HtarWara-lf2mz Год назад +1

    ဆော်လှချည်လား ငါ့ကောင်ရ

  • @SwanHtet-iw2xc
    @SwanHtet-iw2xc 4 месяца назад

    အလယ်ကဘီးကပိုမိုက်နေသလိုပဲအကိုရာ

  • @Demon-hh2tw
    @Demon-hh2tw 11 месяцев назад

    ဘာရာသား 6နာရီလောက်နဲ့ရန်ကုန်အပြင်ဘယ်နေရာတွေသွားလိုရမလဲ။အပန်ဖြေဖို့ကောင်းတဲ့နေရာလေတွေသိတာရှိရင်ပြောပေးပါဘာရာသား ကျန်တော်တို့ကအချိန်6နာရီပဲရလိုဗျာ သိပ်အဝေးကြိးလဲနင်းမရလို 6နာရီနဲ့ရန်ကုန်အပြင်ဘယ်နေရာတွေသွားလိုရမလဲဗျာ တော်တော်နင်းနိုင်ပါတယ်

    • @sheinzarcyclist
      @sheinzarcyclist  11 месяцев назад

      မိုင် ၈၀ - ၁၀၀ ပါတ်လည်တွေသွားပေါ့ ကျွန်တော့်ခရီးစဉ်တော်တော်များများက အဲ့ဝန်းကျန်ပါပဲ challenge ride တွေကလွဲလို့ပေါ့နော်

    • @Demon-hh2tw
      @Demon-hh2tw 11 месяцев назад

      @@sheinzarcyclist ဘယ်နေရာတွေသွားလိုရလဲဗျာ။

  • @dr.aunglynnoo3977
    @dr.aunglynnoo3977 Год назад

    ငဝန်မြစ် ထင်တယ်

    • @sheinzarcyclist
      @sheinzarcyclist  Год назад

      ကျွန်တော်သေချာသိဘူးရယ်နာမည်တော့ ဟီး😁

  • @thitminthitminthetnaingsoe5838
    @thitminthitminthetnaingsoe5838 7 месяцев назад

    မိုးယွင်းကြီးအင်းမှာတခြားဘာတွေလေ့ဘာစာတွေရှိပါသလဲဆောင်းခိုငှက်တွေနဲ့ငါးဖမ်းတာကြာပန်းတွေပွင့်နေတာဘဲကြည့်ပြီးပြန်ရမှာလားညအိပ်ဘို့နေရာထိုင်ခင်းကောင်းရဲ့လားရန်ကုန်ကနေမိုင်ဘယ်လောက်ရှိပါသလဲရွှေတိဖဂုံဘုရားကနေတွက်ရင်

    • @sheinzarcyclist
      @sheinzarcyclist  7 месяцев назад

      ဟိုတယ်ရှိတယ်တည်းလို့ရပါတယ်နေရာထိုင်ခင်းကတော့ကောင်းတယ်ဗျ အေးအေးလူလူတိတ်တိတ်စိတ်စိတ်ပါပဲ အစားအသောက်လဲကောင်းတယ် ဓါတ်ပုံရိုက်လို့ကောင်းတယ် ကျန်တာက ကျွန်တော့် vlog မှာပါတဲ့အတိုင်းပါပဲ မိုင်က အသွားအပြန် ၁၆၀-၁၇၀ ဝန်းကျင်ရှိနိုင်ပါတယ်ဗျ

  • @HelloHello-ho2ix
    @HelloHello-ho2ix 4 месяца назад

    ညောင်တုန်းမှာကျွန်တော်နေတယ်

    • @sheinzarcyclist
      @sheinzarcyclist  4 месяца назад

      ခဏခဏရောက်ဖြစ်ပါတယ် လာခဲ့အုံးမယ်နော်