ရှည်ရှည်နှင့် တိုတို- (

Поделиться
HTML-код
  • Опубликовано: 20 окт 2024
  • ကဆုန် နယုန် မိုးသံကြားပြီဆိုလျှင် လယ်ငှားစာချုပ် ချုပ်ရန် ကိုရာပျိုတို့လင်မယား မြို့သို့ တက်လာလေ့ရှိပါသည်။
    လယ်ငှားစာချုပ် ချုပ်ပြီဆိုလျှင် ကိုရာပျိုက လက်မှတ်ကိုသာ ထိုးရသည်။ သူ့မိန်းမကား သည်နှစ် စပါးပိုးကျ၍ လယ်ခကို ဘယ်ရွေ့ဘယ်မျှ လျှော့ပေါ့သင့်ပါသည်၊ ကျွဲခကိုတော့ အပြေ မပေးပါရစေနှင့်ဦး၊ စပါးပေးကိုမူ အပြေဆပ်ပါမည်၊ သို့သော် ရှစ်ဆယ်ဈေးတော့ မထားပါနှင့်၊ ဒီနှစ် စပါးဈေးကောင်းတော့ တပိဿာဈေး ထားပါ၊ ဆရာကတော့်ဆီက သရက်ထည် ဖိုးကလေးကိုတော့ စပါးဦးပေါ်မှဘဲ အပြေဆပ်ပါရစေ၊ ယခု လယ်ထဲဆင်းခါနီးမှာ ကိုရာပျို ပဆိုးစည်းစရာ မရှိသဖြင့်၊ ဆီစိမ် ပဆိုး တထည်ကို အကြွေးယူလိုပါသေးသည်၊ အဲသည် ပုဆိုးဖိုးကိုလည်း ထဘီဖိုးနှင့်မှ တပါတည်း ပြေလည်အောင် ဆပ်ပါမည်၊ တရုတ်ဆိုင်မှာ ရွှေကျင်ဆေး တပိုလောက်တော့ အကြွေး ယူပေးပါဦး စသည်ဖြင့် လယ်မှုကိစ္စ၊ ကြွေးမြီကိစ္စ အဝဝတို့ကို စကားပြောသည်။ မိန်းမ၏ အာဝဇ္ဇာန်းကို ထောက်၍ လုပ်ငန်း၌ သူ မပါလျှင် ဘာမျှ မပြီးနိုင်သည်ကို သိသာသည်။ ကိုရာပျိုသည် ယောက်ျားဟုသာ ဆိုရငြားလည်း အရာရာ လေမျိုး၌ သူ့မိန်းမသာလျှင် အခရာ ဖြစ်သည်။
    ကိုရာပျိုသည် အသားလတ်သည်။ လူလုံးလူဖန် သေးသွယ်သော်လည်း တောင့်တင်းသည်။ အရပ်အမောင်းမှာ ရှိသမျှ လယ်သမားထဲတွင် သူက လက်လေးသစ်လောက် ပို၍မြင့်သည်။ သျှောင်တစောင်း အမြဲထုံးသည်။ စကားပြောလျှင် စဉ်းစားရင်းနှင့် အချိန်ကုန်တတ်သည်။ ဘာမဆို သူ့ကိစ္စကို သူ မဆုံးဖြတ်တတ်။ မိန်းမကပြောမှ ပြီးပြတ်သည်။#ဝတ္ထုတို #မြန်မာ #ရသ #စာရေးဆရာ #စာပေ #Myanmar #Audiobook #Free #Story #ခင်ခင်ထူး
    #နေဝင်းမြင့် #ရွှေဥဒေါင်း #မစန္ဒာ #ပီမိုးနင်း #သော်တာဆွေ #ဒဂုန်ရွှေမျှား #မင်းသိင်္ခ #အကြည်တော် #ဆင်ဖြူကျွန်အောင်သိန်း #နုနုရည်(အင်းဝ) #ကျော်ရင်မြင့် #လယ်တွင်းသားစောချစ်
    #လူထုဒေါ်အမာ #သန်းမြင့်အောင် #သုမောင် #အဏ္ဏဝါစိုးမိုး #မြသန်းတင့် # ဦးသုခ #ကြည်အေး
    #ငြိမ်းကျော် #ကလျာ(ဝိဇ္ဇာ/သိပ္ပံ) #ညီပုလေး #မင်းလူ #ဖေမြင့် #မိုးမိုး(အင်းလျား) #တွင်းကြီးသား တင်ဝင်းဦး
    #ဆူးဌက် #မောင်စိန်ဝင်း(ပုတီးကုန်း) #ခင်မျိုးချစ် #တင့်တယ် #သန်းဆွေ #ဂျူး #လွန်းထားထား #ကြပ်ကလေး
    #မင်းကျော် #ကျော်အောင် #တက္ကသိုလ်ဘုန်းနိုင် #ပုညခင် #စမ်းစမ်းနွဲ့(သာယာဝတီ)

Комментарии • 2