အုတ်တွင်းရေဘေးရှောင်စခန်းမှာ ရေဘေးသင့်ပြည်သူတွေအပါ လူ ၆၀ ကျော် အစာအဆိပ်သင့်

Поделиться
HTML-код
  • Опубликовано: 18 сен 2024
  • အုတ်တွင်းရေဘေးရှောင်စခန်းမှာ ရေဘေးသင့်ပြည်သူတွေအပါ လူ ၆၀ ကျော် အစာအဆိပ်သင့်
    အုတ်တွင်း၊ စက်တင်ဘာ ၁၉၊ ၂၀၂၄။
    ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာ ရေဘေးရှောင်စခန်းနဲ့ ကျေးရွာထဲကလူတွေဟာ အလှူရှင်တွေလာလှူတဲ့ ဘဲဥဟင်းနဲ့ကြာဆံကြော်စားပြီး လူ ၆၀ လောက် အစာအဆိပ်သင့်ခဲ့တယ်လို့ ဒေသခံပရဟိတအဖွဲ့ဝင်တွေဆီက သိရပါတယ်။
    စက်တင်ဘာ ၁၈ ရက်ညနေပိုင်းမှာ ဝက်ဖြူကုန်းရေဘေးရှောင်စခန်းကိုလှူတဲ့ ဘဲဥချဥ်ရည်ဟင်းနဲ့ ကြာဆံကြော်တွေကို ကယ်ဆယ်ရေးစခန်းအတွင်းရှိ ရေဘေးရှောင်နေသူတွေနဲ့ ကျေးရွာနေပြည်သူ ၃၀၀ ကျော်လောက်က စားခဲ့ကြပြီးနောက် ည ၉ နာရီမှာ အစားအသောက်တွေစားသုံးထားသူတွေထဲက ကလေးငယ်တွေအများစုအပါအဝင် လူဦးရေ ၆၀ လောက်မှာ မူးဝေအော့အန်တာ၊ နုံးချိတာတွေ ဖြစ်ခဲ့တာပါ။
    လူ ၄၀ လောက်က အဆိပ်သင့်တဲ့ဝေဒနာ ပိုခံစားရပြီး ၂၀ လောက်ကတော့ ဝေဒနာအနည်းငယ် ခံစားရကာ စားမိသူတွေထဲက ဝေဒနာမခံစားရဘဲ ကြောက်လန့်တကြားနဲ့ဆေးရုံကို သွားကြသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
    "ကလေးတွေက အဖြစ်များတယ်။ အဖြစ်များတာက ၄၀ လောက်။ စားမိထားတဲ့ သူတွေကလည်း ကြောက်ပြီး ဆေးရုံလိုက်တာတွေရှိတယ်။ ဒါကြောင့် စုစုပေါင်း လူဦးရေ ၁၅၀ လောက်ဖြစ်သွားတယ်။ အချို့ကျတော့လည်း ငါတို့ညကြီးထဖြစ်နေရင် ကယ်မယ့်သူမရှိလောက်ဘူးဆိုပြီး လူနာတင်ယာဥ်တွေရှိတုန်း (ဆေးရုံကို) လိုက်မယ်ဆိုပြီးလိုက်ကြတာ"လို့ ဒေသခံ ပရဟိတအဖွဲ့ဝင်တဦးကပြောပါတယ်။
    အစာအဆိပ်သင့်သူတွေကို ဒေသခံပရဟိတတွေက လူနာတင်ယာဥ်တွေနဲ့ ညတွင်းချင်း တောင်ငူဆေးရုံကို ပို့ခဲ့ကြရတယ်လို့ ဆိုပါတယ်။
    အလှူရှင်တွေဘက်က အစားအသောက်တွေကိုလာလှူချိန် ဖော့ဘူး၊ ကျွတ်ကျွတ်အိတ်တွေနဲ့သာ လာလှူကြသလို လာလှူထားတဲ့ အစားအသောက်တွေကိုလည်း ရရှိထားသူအချို့က ချက်ချင်းမစားဘဲ နေ့ဖို့ညစာထားပြီး စားသောက်တတ်ကြတယ်လို့ သိရပါတယ်။
    လက်ရှိအစာအဆိပ်သင်တဲ့အစားအစားက ကြာဆံကြော်ကဖြစ်နိုင်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေဘက်က သုံးသပ်ထားပြီး လူနာတွေရဲ့ သလိပ်နဲ့အန်ဖတ်တွေကို နမူနာယူကာ ဓာတ်ခွဲစစ်ဆေးနေကြတယ်လို့ ဒေသခံပရဟိတအဖွဲ့ဝင်တဦးကပြောပါတယ်။
    စက်တင်ဘာ ၁၉ ရက်မနက်ပိုင်းမှာတော့ အစာအဆိပ်သင့်လူနာအများစုက သက်သာလာပြီး အချို့ကတော့ ဆေးရုံကနေပြန်ဆင်းလာကြပြီလို့ သိရပါတယ်။
    ဝက်ဖြူကုန်းရေဘေးရှောင်စခန်းမှာ လူဦးရေ ၄၆၁ ဦး ရေဘေးရှောင်နေကြရပြီး ရေဘေးရှောင်သူ အားလုံးဟာ ဝက်ဖြူကုန်းကျေးရွာကပြည်သူတွေသာဖြစ်တယ်လို့ ဆိုပါတယ်။
    စက်တင်ဘာ ၁၇ ရက်ကလည်း နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာမှာ အလှူရှင်တွေလာလှူတဲ့ ဒံပေါက်ကိုစားပြီး လူ ၁၀၀ ကျော်အစာအဆိပ်သင့်လို့ ဆေးကုသမှုခံယူခဲ့ရပါသေးတယ်။
    သတင်း - ကျော်ကြီး၊ စာတည်း - လင်း ၊တည်းဖြတ် - HP
    #မြေလတ်အသံ
    #ပဲခူး #တောင်ငူ #အစာအဆိပ်သင့် #ရေဘေးရှောင်

Комментарии • 7

  • @naymoytun2737
    @naymoytun2737 13 часов назад +3

    😢 ဪ တို့ပြည်သူတေလည်း
    😢 ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ
    😢 နူရာဝဲစွဲ လဲရာသူခိုးထောင်း
    😢 ဒုတ်ခိတပျားတုတ်
    😢 ကျားရှေ့မှောက်ရက်လဲ
    😢 မျောက်သစ်ကိုင်းလွှတ်
    😢 ခွေးပုတ်လည်ဆွဲ
    😢သောင်ပြင်လွှတ်တဲ့ခွေး
    😢 တောင်မင်းမြောက်မင်းမကယ်နိုင်မရှူနိုင် ဖြစ်နေကြရB ဤအချက်အားလုံးတို့သည် မA Loe တသိုက်ဆီ တန်ပြန်အမြန် ကျရောက်ပါစေသတည်း 😢😢😢😢😢😢😢😊😊😊😊😊😊😊😊

  • @AyeThin-c9v
    @AyeThin-c9v 13 часов назад

    အားပေးလျက်ပါနော် မြေလတ်အသံရေ မျှဝေတာ ကျေးဇူးပါနော် 👋👋👋⭐⭐🌹🌹ပြည်သူတွေ လဲ တပူးပေါ် နှစ်ပူးဆင့် 😭😭😭အားလုံးနေကောင်းကျန်မာစိတ်ချမ်းသာလို့ရာဆန္ဒပြည့်ပါစေ 🙏🙏🙏💪💪🌺🌺💔💔

  • @lovelovr7405
    @lovelovr7405 14 часов назад +1

    ကံဆိုးမသွားရာမိုးလိုက်လိုရွာတဲရေဘေးပြေးလို့ငတ်ပါတယ်ဆိုနေမှာအစားပါအဆိပ်သင့်တယ်အော်ဘဝဘဝ

  • @myohtet3005
    @myohtet3005 12 часов назад

    ဘယ်အဖွဲ့လာလှူတာလဲ

  • @WinTeem
    @WinTeem 14 часов назад +1

    ဘယ်လိုစိတ်မျိုးနဲ့လှူကြတာလဲ

    • @naymoytun2737
      @naymoytun2737 13 часов назад +1

      ရောင်းမကုန်ဘဲဒိတ်အောက်နေတာရယ် မအလ ကငွေပေးပီး အစာထဲအဆိပ်ခတ် အနုနည်းနဲ့သတ်နေတာလေ ရေဘေးနဲ့မသေလိုကျန်တာတေ အစာအဆိပ်ခတ်လို့သေခိုင်းနေတာ😢😢😢😢

    • @myohtet3005
      @myohtet3005 12 часов назад

      ဘယ်အဖွဲကလာလှူတာလဲ