ရန်နှင်တန်ပြန်မန္တန်

Поделиться
HTML-код
  • Опубликовано: 6 фев 2025
  • #ရန်နှင်တန်ပြန်မန္တန်#
    (ဥုံ ဘုရားဟူက မောက္ကလူ ၂၄
    ဥုံ တရားဟူက ဗာလီကွေး ၄၅
    သံဃာဟူက သံချပ်ဝတ် ၆၇
    ဥုံ ဓူတင်တေရဿ ၁၃ ကို
    ကျင့်သုံးဆောက်တည်တော်မူသော ရှင်မဟာကဿပ ပရိက္ခာ ရှစ်ပါးနှင့်တစ်ကွ ကြွချီတော်မှုလာသည်။ )
    စုန်းပင်ကြံ စုန်းသို့ပြန်
    နတ်ပင်ကြံ နတ်သို့ပြန်
    တံစဥ်ကြံ ကံပေါက်လေ
    တောင်သူကကြံ ထွန်ကွဲလေ နွားလဲသေ
    ပြောင်းပြန်နှင့်အတတ် နင့်ကိုသတ်သည် ။
    နင့်အတတ် နင့်သို့ပြန်
    ပြန်ဆရာပြန် လှန်ဆရာလှန် ။
    အထက်ပါ မန္တန်ကို
    အကာကြီးတန်ပြန်ဂါထာ
    ဠကြီးတန်ပြန်ဂါထာ
    ကိုယ်လုံအန္တရာယ်ကင်းဂါထာဟူ၍ အမျိုးမျိုး သုံးကြသည်။
    ရှင်မဟာကဿပအား အာရုံပြု၍ ဤမန္တန်နှင့် ရေသန့်ကို ( ၉ )အုပ်မန်း၍ ပက်ဖြန်းက စုန်းနတ်များပင် မခံနိုင်ဘဲ ထွက်ပြေးတိမ်းရှောင်ကြလေသည်။မန္တန်၏အသုံးမှာ အလွန်ပင်ကျယ်ပြန့်လှသည်။
    စုန်းတိုက်၊နတ်တိုက်၊ ပီယတိုက်၊ တောသူတိုက်၊ ရွာသူတိုက်၊ နတ်ရဲတိုက်၊ ကဝေတိုက်၊ ဘီလူးတိုက်၊ သဘက်တိုက်၊ နွားတိုက်၊ ပုဏ္ဏကတိုက်၊ မြွေတိုက်မှအစ အောက်လမ်းတိုက် ၊ ဆရာတိုက်၊ သမားတိုက်၊ ရုပ်ထားနာမ်ထား၊ နာမ်နှိမ်နာမ်ဆုတ်၊ အံကြိတ် တောက်ခေါက် ခြေရာကောက်၊ အသံဖမ်း၊ ရိပ်ဖမ်း၊ အပင်း အထိ အလွန်နိုင်နှင်းသော တန်ပြန်မန္တန်ဖြစ်သည်။
    မန္တန်တစ်ပုဒ်လျှင် ပုတီးတစ်လုံးချ၍ မနက်တစ်ပတ် ညတစ်ပတ်စိပ်က တစ်ရက်တာကာလလုံး ကိုယ်လုံ၏။သူတစ်ထူးမကြံနိုင် တန်ပြန်၏။အတိုက်အခံများလည်းပြေ၏။
    အထက်ပါ မန္တန်၏ ( ဥုံ..... အစမှ......ကြွချီတော်မှုလာသည်။.. ) အထိ ဖယောင်းတိုင်တွင်ရေး၍
    ထိုဖယောင်းတိုင်ကို မန္တန်တစ်ပုဒ်လုံးနှင့် ( ၇ )ခေါက်ရွတ်ပြီး
    ဘုရားကျောင်းဆောင်အောက်တစ်ဆင့်နိမ့်သောနေရာတွင် ညနေပိုင်းမှာ မီးထွန်းပါ။
    မိမိ မိသားစုရေး စီးပွားရေး လူမှုရေး အိမ်ထောင်ရေး အတိုက်အခိုက်ပြုလုပ်ထားသူ ပြုလုပ်ထားသလောက် တန်ပြန်စေသည်။
    ပညာရပ်တိုင်းသတိနှင့်ပြုလုပ်ပါ
    "တန်ပြန်စမ''
    ----------------
    ဘုရားဟူကားမောက္ကဠူ ၂၄
    တရားဟူကားဗာလီကွေး ၄၅
    သံဃာဟူကားသံချပ်ဝတ်၆၇
    ဓူတင်တေရဿ ၁၃ ပါး
    "ဘုရားဟူကားမောက္ကဠူ ၂၄ ဆိုသည်ကား''
    ဘုရားဂုဏ်တော် ၉ပါး
    တရားဂုဏ်တော် ၆ပါး
    သံဃာဂုဏ်တော် ၉ပါး
    ပေါင်း ၂၄
    စစ်သူကြီး များ ဦးထုတ်တွင် ၂၄ဖတ်ရှိသော ကြေးခွံများနှင့်ကာရံထားသော မောက္ကဠူ ၂၄
    ဘုရား တရား သံဃာတို့၏ဂုဏ်တော်များဦးထိပ်ပန်ဆင်သည့်ရည်ရွယ်ချက်
    "တရားဟူကားဗာလီကွေး ၄၅''
    ဂေါတမဘုရားရှင်၏ဝါတော်၄၅ဝာလုံးဟောကြားအပ်သောဓမ္မတရားတော်များကိုရည်ရွယ်၍
    စစ်သူကြီး များ၏ရင်ဘက်၌ရှိသော ဘာလီကွေးတန်ဆာ
    "သံဃာဟူကားသံချပ်ဝတ်၆၇''
    ပထမစျာန်း ၁၁ပါး
    ဒုတိယစျာန် ၁၁ပါး
    တတိယစျာန် ၁၁ပါး
    စတုတ္ထစျာန် ၁၁ပါး
    ပဉ္စမစျာန် ၂၃ပါး
    ပေါင်း ၆၇
    စျာန်အဂ်ါတို့သည် သံဃာတော်များ ကိလေသာရန်သူတို့အား ကာကွယ်တားဆီးပေးနိုင်သောလက်နက်ဖြစ်သကဲ့သို့
    ရန်သူအပေါင်းတို့၏ အန္တရယ် မှကာကွယ်တားဆီးနိုင်စေရန် စစ်သူကြီး တို့၏ကိုယ်ထည်၌ချပ်ဝတ်တန်ဆာ ကြေးခွံ၆၇ခုပြုလုပ်စီရင်သည်ကို ကိုယ်စားပြုတယ်
    "ဓူတင်တေရဿ ၁၃ ပါး''
    ဂေါတမ ဘုရားရှင်ရဲ့ တပည့်သာဝကကြီးဖြစ်တဲ့
    ရှင်မဟာကဿပ ကျင့်သုံးဆောက်တည်ခဲ့သော
    ဓူတင်တေရဿ ၁၃ပါး
    နှလုံးသား မှာ အကျင့်စရဏတွေကျင့်သုံးဆောက်တည်နိုင်ကြပါစေလို့ရည်ရွယ်ပါသည်

Комментарии • 10

  • @KoAung-jp7he
    @KoAung-jp7he 5 месяцев назад

    ကျေဇူပါ။

  • @kaungKaung-c9t
    @kaungKaung-c9t 10 месяцев назад +1

    ကျေးဇူးပါ

  • @NanLay-u2v
    @NanLay-u2v 10 месяцев назад +1

    🙏🙏🙏🙏🙏

  • @NanLay-u2v
    @NanLay-u2v 10 месяцев назад +1

    ❤❤❤🎉🎉🎉

  • @KhineLinn-rq2jf
    @KhineLinn-rq2jf 22 дня назад

    ဖြည်းဖြည်းရွက်ပါ ဆရာရေ
    သိပ်မလိုးပါနဲ့

  • @AyeAye-um3ms
    @AyeAye-um3ms Год назад

    🙏🙏🙏