မိန်းမပျက် အီရာမာ - မောင်ဖြိုးဝေ

Поделиться
HTML-код
  • Опубликовано: 21 окт 2024
  • မောင်ဖြိုးဝေ ရေးသားထားတဲ့ ကဗျာကို 'ဂျေ' က ဖတ်ပြပေးထားပါတယ်။ နားဆင်ကြည့်ကြပါဦး ခင်ဗျာ။
    #myanmaraudiobook #thearthive #podcast #audiobook

Комментарии • 45

  • @arthive979
    @arthive979  17 дней назад +4

    မိန်းမပျက် အီရာမာ
    ---------------------
    နမ်းပါဦးလား . . . ပွေ့ဖက်ပါဦးလား . . .
    ကျမ အသားရေကို တွေ့ထိပါဦးလား အေပီဗွန်။
    ဟုတ်တာပေါ့ရှင် ကျမ အီရာမာ
    ၀ိုင်တခွက်နဲ့ ညတစ်ညကို အတူ ကူးခတ်ခဲ့တာလေ
    ရှင့်ရဲ့ ညာလက်မောင်းပေါ် ခေါင်းပြု
    ကျမရဲ့ အသွေးအသားက ကြယ်လေးတွေလိုပါပဲဆို
    ရှင်ချွေခဲ့တဲ့ အနမ်းတွေ ရှင်ချွေခဲ့တဲ့ ပန်းတွေ
    ကျမရဲ့ လည်ပင်းတွေကို ငေးကြည့်မနေပါနဲ့
    ကျမ မျက်နှာကို တည့်တည့်ကြည့်ပါလား အေပီဗွန်။
    ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘူး ဟုတ်စ အေပီဗွန်
    မဟုတ်ပါဘူး ရှင် မဟုတ်ရပါဘူး ရှင်
    ပရက်ရှားတွေ အဲဒီ ပရက်ရှားကောင်တွေ
    ကျမရဲ့ အသွေးအသားပေါ် အတင်းထွန်ယက်ခဲ့တာ
    ကျမရဲ့ အလိုဆန္ဒတွေကို အတင်းရိတ်သိမ်းခဲ့တာ
    ကျမရဲ့ ရှက်ရွံခြင်းတွေ သူတို အတင်း နင်းချေခဲ့တာ။
    ရှင်သိပ်ချစ်ခဲ့ပါတယ်ဆိုတဲ့ အီရာမာလေ
    ၀င်သက်ထွက်သက်တိုင်း ထိကပ်နေချင်တယ်ဆိုတဲ့ အီရာမာလေ
    ချစ်လိုမ၀လို ငုံထားချင်ပါသေးတယ်ဆိုတဲ့ အီရာမာလေ
    ရောက်ရောက်ခြင်းပဲ ပြန်တော့မလိုလား
    ပြန်ခံနီး ကျမကို ပွေ့ဖက်ပါဦးလား ကျမကို နမ်းပါဦးလား
    သိုပေမယ့် . . .
    ဆေးရုံအပေါက်၀က ဆစ်ဖလစ် လူနာဆောင်ဆိုတာကိုတော့
    ရှင် မမြင်သလို ကျောခိုင်းသွားပါ အေပီဗွန် ။
    ရှင်က ပရက်ရှားကောင်တွေကို အသက်စွန့် ချေမှုန်းခဲ့သူကြီးပေါ့
    မြိုဂုဏ်ထူးဆောင်ကြီးပေါ့ သူရသတ္တိရှိသူကြီးပေါ့
    ရှင်က ဓားတွေ ကျည်တွေနဲ့ ပရက်ရှားတွေကို အဝေးက အောင်နိုင်သူပါ
    ဒီရောဂါ ဆစ်ဖလစ်ကို ကျမ ပျောက်အောင်ကုနိုင်တာပေါ့ရှင်
    ကျမ မကုခဲ့ဘူး . . . ကျမ လုံး၀မကုခဲ့ဘူး
    ပြန်သတ်ရမယ် ပြန်လက်စားချေရမယ်
    ကျမချစ်တဲ့ ရှင်နဲ့ ကွာဝေးစေတဲ့ ပရက်ရှားအကောင်တွေကို ချေမှုန်းရမယ်။
    ကျမပျော်ပါးခဲ့တယ် ကျမမော်ကြွားခဲ့တယ် ကျမ အစော်ကားခံခဲ့တယ်
    ကျမ အလှနဲ့ပစ်တယ် မာယာနဲ့ဖမ်းတယ် အသွေးအသားနဲ့ ထောင်ချောက်ဆင်တယ်
    ညတွေကို စစ်မြေပြင်တစ်ခုလို အပြုံးချိုချိုနဲ့ လောင်မြိုက်စေတာပေါ့
    အဲဒီ ပရက်ရှားကောင်တွေ တယောက်ပြီးတယောက်
    ကျမကိုယ်ခန္ဓာနဲ့ အသက်ပျောက်စေတာပေါ့ ။
    ကျမရဲ့ အလှသွေး လှိင်းထတုန်းက
    ရှင်က ကျောက်ဆောင်ကြီးလို စောင့်ကြိုနေမယ်ဆို
    ကျမရဲ့ အလှဓာတ် မွေးပျံ့တုန်းက
    ရှင်က လိပ်ပြာလေးတွေလို နမ်းရှိက်ချင်တယ်ဆို
    ကျမရဲ့ အလှတရား လတ်ဆတ်တုန်းက
    ရှင်က ခွေးတစ်ကောင်လို သစ္စာရှိပြမယ်ဆို
    အခု ကျမက မီးလောင်သွားတဲ့ သစ်ပင်တစ်ပင်ပါ
    တစ်မြိုလုံးက ပရက်ရှားစစ်တပ်ကြီးနဲ့ ကျမကိုပေးစားတယ်
    ကျမက တစ်မြိုလုံးဆီက ပရက်ရှားစစ်တပ်ကြီးကို ဆွဲထုတ်တယ်
    နာကျဉ်မှုတွေထဲ ထိုးချေခံရတဲ့ ညတွေတိုင်းမှာ
    လရောင်တွေကို ကြည့်ပြီး ကျမရဲ့ ငိုညည်းသံတစ်ချက်က
    ပရက်ရှားအကောင်တွေရဲ့ ဝိဥာဉ်ကို ချေမှုန်းနိုင်ပါစေလို
    ဆိုခဲ့တဲ့ ကျိန်စာတေးတွေပဲ အေပီဗွန် . . .
    အခုတော့ ရှင်က မသတီစရာကြီးတခုလို ရွံလိုမုန်းပြီပေါ့ ။
    သိက္ခာဆိုတဲ့တရားကို သိမ်းပိုက်ခံထားရတဲ့ အီရာမာပါရှင် . . .
    ကျမကိုပြောပါ အေပီဗွန် . . .
    မိန်းမပျက်တစ်ယောက်ရဲ့ အိပ်မက်က မခမ်းနားနိုင်ဘူးတဲ့လား
    မိန်းမပျက်တစ်ယောက်ရဲ့ တဏှာရမ္မက်က သစ္စာတရားလိုမသတ်မှတ်နိုင်ဘူးတဲ့လား
    မိန်းမပျက်တစ်ယောက်ရဲ့ အသွေးအသားက မမြင့်မြတ်နိုင်ဘူးတဲ့လား
    မိန်းမပျက်တစ်ယောက်ရဲ့ ပေးဆပ်မှုက သူရဲကောင်းမဆန်ဘူးတဲ့လား
    လှည့်ထွက်မသွားလိုက်ပါနဲ့
    ကျမရဲ့ ထွက်သက်လေးတစ်ချက်ကို ရှင် ခေါင်းမော့ကြည့်နိုင်ပါစေ အေပီဗွန် ။
    မောင်ဖြိုးဝေ
    ၂၅.၈.၂၀၁၃
    (ဆရာကြီးနန္ဒာသိန်းဇံ၏ မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်းစာအုပ်ထဲမှ အလှပျောက်ဆုံးခြင်းနှင့် မေတ္တာအကြင်နာတို ပြယ်လွင့်ခြင်း ဆောင်းပါးပါ မိုးပါဆွန်း၏ ၀တ္ထုကို ပြန်လည် ခံစားပေးထားတာပါ )

    • @tintinyu8646
      @tintinyu8646 17 дней назад

      ကြိုက်နှစ်သက်ပါတယ်စာသားလေးတွေနဲ့Jayရဲ့အသံလိုက်ဖက်မှုရှိပါတယ်🌹🌹🌹💙💙💛💛💚💚

  • @kaungmalay7396
    @kaungmalay7396 17 дней назад +1

    Jay. Jay အသံလေး ခုမှပဲ ကြားရတော့တယ်ကွယ်။ ခဏ ခဏ အလည်လာပါ Jay ❤❤❤

  • @thithi6566
    @thithi6566 17 дней назад

    ကောင်းတယ်..ပရက်ရှားကောင်တွေတင်မက..လူယုတ်မာ..အကုန်လုံးကို..လက်စားချေပစ်..မိုက်တယ်..အီရာမာ❤❤

  • @reddglare5817
    @reddglare5817 17 дней назад

    Thanks for sharing Jay and TAH.

  • @ChitthuThinzarMaung
    @ChitthuThinzarMaung 16 дней назад

    🌺✅🌺Hello ,The Art Hive (Myanmar ) Channel,reader Jay yay,thank you very much for reading a good poem patiently.ပန်းတွေအမြဲဝေဆာနေသောပဲနော်လို့

  • @myothantarzin2000
    @myothantarzin2000 17 дней назад

    ကျေးဇူးပါဗျ Jay & The Art Hive Team yay 🌿💙✨

  • @heinzawhtwe6464
    @heinzawhtwe6464 16 дней назад

    Good Morning Everyone and @The Art Hive ( Myanmar) 🍰☕🥰🌺💐🌺

  • @myamyathan7346
    @myamyathan7346 17 дней назад

    အီရာမာ ရဲ့ညည်းချင်းလေးကို နားထောင်ရင်းစိတ်ထိခိုက်ခဲ့ရပါတယ် အီရာမာ

  • @b2a194
    @b2a194 17 дней назад

    Thanks TAH and reader Jay❤

  • @ohnmarswe25
    @ohnmarswe25 17 дней назад

    Thanks The Art Hive & Jay for reading and sharing.🌻🌻🌷🌷🌹🌷🌻🌻🌻🌷🌹🌹🌷🌻🌷
    Jay မလာတာအတော်ကြာပေါ့❤❤

  • @Alinp0
    @Alinp0 12 дней назад

    ဂျေ❤❤❤

  • @winmarsoe1785
    @winmarsoe1785 15 дней назад

    ကျေးဇူးပါမမJay❤️🧡💛💖💙

  • @tintinyu8646
    @tintinyu8646 17 дней назад

    မဂ်လာညချမ်းလေးပါTAH@Jay-မိန်းမပျက် အီရာမာ🌹🌹🌹💙💙💛💛💚💚

  • @FightingWemustwin1
    @FightingWemustwin1 17 дней назад

    အီရာမာ

  • @myomyo628
    @myomyo628 17 дней назад

    🌺🌺🌺 mingalarpar

  • @yinnandar6521
    @yinnandar6521 17 дней назад

    ကျေးဇူးပါ TAH & Jay❤❤❤

  • @saihtoo-le1yf
    @saihtoo-le1yf 16 дней назад

    ကောင်းလိုက်တာ 😍😍😍

  • @9ine-ii8is
    @9ine-ii8is 16 дней назад

    Love Jay my girl❤❤❤

  • @Mr.Milton-iz5ny
    @Mr.Milton-iz5ny 17 дней назад

    The Art Hive 💞

  • @NweYin-yk2on
    @NweYin-yk2on 17 дней назад

    မင်္ဂလာညချမ်းပါTAH & Jay❤🌹🌹🌹

  • @kaunglay3366
    @kaunglay3366 17 дней назад

    think you reading📖📖♥♥♥

  • @MEllie-hc4sq
    @MEllie-hc4sq 16 дней назад

    🌻🌻

  • @Sanaylay2507
    @Sanaylay2507 17 дней назад

    နားဆင်ခဲ့ပါတယ် Jay ❤❤

  • @thetnainghmwe
    @thetnainghmwe 16 дней назад

    မင်္ဂလာပါ❤

  • @KOKOZAW1100
    @KOKOZAW1100 17 дней назад

    ❤❤❤❤❤

  • @mipout-59
    @mipout-59 17 дней назад

    🌹🌸🌷💐

  • @myanilar-t1v
    @myanilar-t1v 16 дней назад

    မဂ်လာပါ

  • @ZweThiha-rk4gr
    @ZweThiha-rk4gr 16 дней назад

    ❤❤❤

  • @KoKoZ1551
    @KoKoZ1551 17 дней назад

  • @zawlinnhtet1724
    @zawlinnhtet1724 16 дней назад

    မဂ်လာပါ❤❤❤

  • @aungmon3984
    @aungmon3984 16 дней назад

    မိန်းမပျက်တစ်ယောက်ရဲ့ သူရဲကောင်းဆန်လွန်းတဲ့ ပေးဆပ်မှု..!💪
    အားပေးနားဆင်နေလျှက်ပါ..💕

  • @NawPyae579
    @NawPyae579 16 дней назад

    👍👍😍😍

  • @thetthetaung6200
    @thetthetaung6200 9 дней назад

    သတ္တိခဲ သူရဲကောင်း အီရာမာပဲ
    မျှဝေပေးလို့ ကျေးဇူးတင်ပါတယ် Jay နဲ့ The Art Hive (Myanmar)

  • @MayNwe2112
    @MayNwe2112 17 дней назад +1

    မိန်းမပျတ်တစ်ယောက်ရဲ့အိမ်မက် ခမ်းနားလိုက်တာ

    • @yinnandar6521
      @yinnandar6521 17 дней назад

      ဂွတ်ညပါ တပင်တည်း😴💤 ကောင်းစွာအိပ်စက်အနားယူနိုင်ပါစေ❤❤❤

    • @MayNwe2112
      @MayNwe2112 16 дней назад

      @@yinnandar6521 ချိုက် ချိချိုက်ရေ😍🥰😘

  • @uthatnaingmwe
    @uthatnaingmwe 16 дней назад

    Have a good night 🌉 The Art Hive &Jay🌻🌻✅🌼😍

  • @MayNwe2112
    @MayNwe2112 17 дней назад

    Jayရေ ဒီအသံလေးခုမှကြားရ

  • @MothersJames
    @MothersJames 17 дней назад

    မျှဝေပေးတာကျေးဇူးပါ🎉🎉🎉🎉🎉🎉

  • @GD_GH_6
    @GD_GH_6 16 дней назад

    d198🍋🍋🍋

  • @user-vt4oc1mc2wညမွှေးပန်း

    Mingalar Par
    Good Night 🌜⭐✨
    Thank you The Art ( Mynmar. ) Channel & Jay yay ❤❤❤

  • @UZayaDitha
    @UZayaDitha 17 дней назад

    ❤❤❤

  • @အိုင်ခလိန်
    @အိုင်ခလိန် 17 дней назад

    ❤❤❤

  • @niniwin3599
    @niniwin3599 16 дней назад

    ❤❤❤❤