ကချင်ပြည်နယ်၊ နတ်တောင် ကို တက်နိုင်ခဲ့တဲ့ မြန်မာတောင်တက်အဖွဲ့

Поделиться
HTML-код
  • Опубликовано: 21 ноя 2019
  • မြန်မာ့ တောင်တက်ဝါသနာရှင် ကိုကျော်ကျော်ဝေ၊ ကို Demoအောင်၊ ကိုကျော်ရဲနိုင်၊ ကိုရဲထွဋ်အောင် နှင့် မနန်းရီရီလီ တို့ တောင်တက်အဖွဲ့ဝင် (၅) ဦး နှင့် ဒေသခံ (၇) ဦး ပါဝင်သော တောင်တက်အဖွဲ့သည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ (၁၆,၁၇၄) ရှိ ကချင်ပြည်နယ်၊ မလိလုံခရမ် (သို့) နတ်တောင် ကို အောင်မြင်စွာ တက်ရောက်နိုင် ခဲ့ပါတယ်။
    မလိလုံခရမ် (သို့) နတ်တောင် ဟာ မြန်မာ နဲ့ တိဘက်တွေ ကိုးကွယ်တဲ့ တောင်တစ်တောင်ဖြစ်ပြီး၊ ရာသီဥတုကြမ်းတမ်းတဲ့ တောင်တစ်လုံးလည်း ဖြစ်ပါတယ်။ တောင်ထိပ်သို့ ရောက်ရှိရန် ပေလေးရာဇီတောင် (၁၃,၅၀၀ ပေ) PELE RAZI၊ လုံတန်ဝါရာဇီတောင် (ပေ ၁၄,၀၀၀ ကျော်) LONGDX RAZI၊ လုံကျန့်ရာဇီတောင် (ပေ ၁၅,၀၀၀ ကျော်ကျော်) LONGSHE RAZI၊ အထုံရာဇီတောင်(ပေ ၁၃,၀၀၀ ကျော်) DONG RAZI နှင့် ရှှူဖာရာဇီတောင်(ပေ ၁၅,၀၀၀ ကျော်) CU PA RAZI စတဲ့ ရေခဲတောင် (၅) လုံး ကို ဖြတ်ကျော် တက်ရောက်ခဲ့ရတယ်လို့ သိရပါတယ်။
    တောင်တက်ခရီးစဉ်ကိုတော့ EMOTO Pure Drinking Water မှ ပံ့ပိုးကူညီပေးထားပါတယ်။
    #MyanmarCelebrity #emoto #emotopuredrinkingwater #MyanmarMountainClimber
  • РазвлеченияРазвлечения

Комментарии • 3

  • @koyewin51
    @koyewin51 2 года назад +1

    ကျုပ်တစ်ယောက်မှမသိပါ - တောင်တက်သမားတိုင်းသည် သာမန်လူများထက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ သာလွန်စွမ်းရည်ရှိကြသူများဖြစ်ပါသည် - ယနေ့ interview မှ မောင်ရဲထွဋ်အောင် အသက်အရွယ်နှင့်မလိုက် ဆွေးနွေးမှုပြောဆိုခဲ့သည်များကို အထူးနှစ်ခြိုက်ပါသည် - အတွေ့အကြုံနှင့်အသိတရားပေါ်အခြေပြု၍ အမြော်အမြင်ရှိသူ ဤလူငယ် ကြီးပွားတိုးတက်ပါစေ - သူ့ရည်မှန်းချက်ပန်းတိုင်များ ပေါက်မြောက်အောင်မြင်ပါစေဗျား

  • @peepee5123
    @peepee5123 Год назад

    မြန်မာပြည်မှာ မလွယ်ကူပေမယ့် 6-7ရက်အတွင်းတက်နိင်မဲ့ ရေခဲတောင် 3-ခုနဲ့ အရမ်းခက်ခဲတဲ့ရေခဲတောင် 8-9-12-လုံးလောက်ရှိနိင်တယ်

  • @onetwo7370
    @onetwo7370 4 года назад

    နေရာလေးတွေလှလိုင်တာဘယ်နေရာတွေလဲပြောပြလို့ရလား