လက္ပံပြင္႔ေကာက္ အေရာက္လာမယ /လက်ပံပွင့်ကောက် အရောက်လာမယ်

Поделиться
HTML-код
  • Опубликовано: 22 окт 2024
  • ZAWGYI VERSION
    အဆုုတ္အားေကာင္းရန္ ေလက်င္႔ခန္းမ်ား (သိုု႔) ဆိုုၾကမယ္၊ တီးၾကမယ္ ရင္ထဲက ေတးသံမ်ား အပိုုင္း (၉) ကေတာ႔ ဗိုုလ္ကေလး တင္႔ေအာင္ ေရးစပ္ထားတဲ႔ လက္ပံပြင္႔ေကာက္ အေရာက္လာမယ္ သီခ်င္းၿဖစ္ပါတယ္။ ၿမန္မာၿပည္မွာ တေပါင္း၊ တန္ခူး ေလရူးေတြ ေဝ႔ဝဲတိုုက္ခ်ိန္၊ တပင္လံုုး နီရဲေနေအာင္ ပင္လံုုးကြ်တ္ ပြင္႔တဲ႔ လက္ပံပင္ၾကီးေတြရိွတဲ႔ ေတာရြာဓေလ႔ကိုု အမွီၿပဳၿပီး ဒီသီခ်င္း ကိုု ေရးထားတာပါ။ က်ေနာ္လဲ ငယ္ငယ္က လက္ပံပင္ေအာက္မွာ ဒီသီခ်င္းကိုု ေလာ္စပီကာကေန ၾကားၿပီး လိုုက္ဆိုုရာက အလြတ္ရခဲ႔တာပါ။ ေနာက္ပိုုင္း လူပ်ိဳေပါက္ အရြယ္မွာ မင္းေအာင္၊ လြမ္းမိုုးတိုု႔ သီခ်င္းေတြ၊ တကၠသိုလ္ ေရာက္ၿပီးေနာက္ တူးတူး၊ စိုုင္းထီးစိုုင္၊ ခင္ေမာင္တိုုး၊ ခိုုင္ထူး၊ စိုုးလြင္လြင္၊ ေလးၿဖဴ၊ အငဲ႔၊ မ်ိဳးၾကီးတိုု႔ရဲ႕ သီးခ်င္းေတြနဲ႔ အခ်ိန္ကုုန္လြန္ခဲ႔ေပမဲ႔ အခုု ၿမန္မာသီခ်င္းေတြကိုု ဆိုု၊တီး လုုပ္တဲ႔အခါ ငယ္ငယ္က ၿငိခဲ႔တဲ႔ ဒီသီခ်င္းကိုု ၿပန္သတိရလိုု႔ က်ိဳးစား တီးခတ္ထားတာပါ။ ရြာဓေလ႔ကိုု ေလ႔လာခ်င္ ခံစားခ်င္ရင္ ဖြင္႔သာၾကည္႔လိုုက္ပါေလ။
    UNICODE VERSION
    အဆုတ်အားကောင်းရန် လေကျင့်ခန်းများ (သို့) ဆိုကြမယ်၊ တီးကြမယ် ရင်ထဲက တေးသံများ အပိုင်း (၉) ကတော့ ဗိုလ်ကလေး တင့်အောင် ရေးစပ်ထားတဲ့ လက်ပံပွင့်ကောက် အရောက်လာမယ် သီချင်းဖြစ်ပါတယ်။ မြန်မာပြည်မှာ တပေါင်း၊ တန်ခူး လေရူးတွေ ဝေ့ဝဲတိုက်ချိန်၊ တပင်လုံး နီရဲနေအောင် ပင်လုံးကျွတ် ပွင့်တဲ့ လက်ပံပင်ကြီးတွေရှိတဲ့ တောရွာဓလေ့ကို အမှီပြုပြီး ဒီသီချင်း ကို ရေးထားတာပါ။ ကျနော်လဲ ငယ်ငယ်က လက်ပံပင်အောက်မှာ ဒီသီချင်းကို လော်စပီကာကနေ ကြားပြီး လိုက်ဆိုရာက အလွတ်ရခဲ့တာပါ။ နောက်ပိုင်း လူပျိုပေါက် အရွယ်မှာ မင်းအောင်၊ လွမ်းမိုးတို့ သီချင်းတွေ၊ တက္ကသိုလ် ရောက်ပြီးနောက် တူးတူး၊ စိုင်းထီးစိုင်၊ ခင်မောင်တိုး၊ ခိုင်ထူး၊ စိုးလွင်လွင်၊ လေးဖြူ၊ အငဲ့၊ မျိုးကြီးတို့ရဲ့ သီးချင်းတွေနဲ့ အချိန်ကုန်လွန်ခဲ့ပေမဲ့ အခု မြန်မာသီချင်းတွေကို ဆို၊တီး လုပ်တဲ့အခါ ငယ်ငယ်က ငြိခဲ့တဲ့ ဒီသီချင်းကို ပြန်သတိရလို့ ကျိုးစား တီးခတ်ထားတာပါ။ ရွာဓလေ့ကို လေ့လာချင် ခံစားချင်ရင် ဖွင့်သာကြည့်လိုက်ပါလေ။

Комментарии •