ဂျပန်သံရုံး(ကိုရီးယား)မှာ ဂျပန်ဗီဇာ လျှောက်ထားနည်း

Поделиться
HTML-код
  • Опубликовано: 8 сен 2024
  • အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ ဗီဒီယိုဖိုင်ကတော့ ကိုရီးယားမှာ ကာလရှည် ဗီဇာနဲ့ နေထိုင်နေတဲ့ သူတွေ ဂျပန်နိုင်ငံကို သွားရောက်ချင်တယ်ဆိုရင် ဂျပန်သံရုံး(ကိုရီးယား)မှာ ဗီဇာ လျှောက်ထားနည်း အကြောင်းကို ပြောပြပေးထားပါတယ်။
    ကျွန်မ ကိုယ်တိုင်လည်း ဗီဇာကို ကိုယ်တိုင်လျှောက်ပြီးတော့ 2018က တစ်ခါ၊ 2020က တစ်ခါ ဂျပန်ကို 2ခေါက် လျှောက်ဖူးတယ်ဆိုတော့ လိုအပ်တဲ့ သူတွေ ဗီဇာလျှောက်ကြည့်နိုင်ပါတယ်။ E9ဗီဇာတွေလည်း လျှောက်ထားကြည့်နိုင်တယ်ဆိုပေမဲ့ ဗီဇာရမရကတော့ ဂျပန်သံရုံး အပေါ်မှာပဲ မူတည်ပါတယ်နော်။ ဗီဇာအတွက် ပြင်ဆင်ရမယ့် စာရွက်စာတမ်းတွေကတော့ ဗီဒီယိုထဲက အတိုင်းပဲ ဖြစ်ပါတယ်။
    ဂျပန်သံရုံးကတော့ လက်ရှိမှာ ကိုရိုနာအခြေအနေကြောင့် သံရုံးမှာ ဗီဇာကိုယ်တိုင် လာလျှောက်တာကို ပိတ်ပင်ထားလို့ ကိုရိုနာအခြေအနေ ငြိမ်သွားမှာ ကိုယ်တိုင် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ အခု လက်ရှိ သွားရောက်ဖို့ လိုအပ်တဲ့ သူတွေကတော့ ကိုရီးယားရဲ့ ဂျပန်ဗီဇာအေးဂျင့်တွေဆီကနေ တစ်ဆင့် လျှောက်ထားနိုင်ပါတယ်။
    ဂျပန်သံရုံဝက်ဆိုဒ်ကိုတော့ အောက်ပါ လင့်ခ်ကို နှိပ်ပြီးတော့ ဝင်ရောက်ကြည့်ရူနိုင်ပါတယ်။
    www.kr.emb-jap...
    ဗီဇာဖောင်ကို ဒေါင်းလုပ်လုပ်ချင်ရင်တော့ အခုလင့်ခ်ကို နှိပ်ပါ။
    www.mofa.go.jp...
    အားလုံးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
    ကျေးဇူးတင်ပါတယ်။
    မသီတာထွန်း

Комментарии • 15

  • @khantwin7347
    @khantwin7347 9 месяцев назад

    အမ ဖိတ်ခေါ်စာ ဘယ်လိုလျှောကိကမလဲဗျ

  • @user-do4wc2lj3f
    @user-do4wc2lj3f 2 года назад +1

    D-4 visa နဲ့ Language တက်နေတဲ့သူရော ဂျပန် အလည်ပတ် visa လျှောက်လို့ရပီလားဗျ

  • @zinthu8293
    @zinthu8293 2 года назад +1

    အမ fly ticket booking ဘယ်လိုဝယ်ရလဲ ပီတော့ hotel booking ဘယ်လိုလျှောက်ရလဲရှင်းပြပေးပါအုန်းအမ ကျေးဇူးတင်ပါတယ်ခက်ဗျာ
    ပီးတော့ duty free pick up. က သွားတဲ့သူတွေရောလုပ်ရတာလားခင်ဗျာ အမအလည်သွားခဲ့တာလေးတွေရှင်းပြပေးပါအုန်းခင်ဗျာ ကျေးဇူးပါအမ

  • @zawzawaung382
    @zawzawaung382 2 года назад +1

    💯🤩🥰😍💯

  • @ginsianmungginsianmung
    @ginsianmungginsianmung 2 года назад +1

    ဂျပန်ကနေကိုရီးယားတို့အမေရိကတို့သွားလည်ချင်ရင်ရောရလားဗျ

  • @aungzinoo1978
    @aungzinoo1978 2 года назад +1

    အစ်မရေ ကိုရီးယာက E9 တွေ
    စင်္ကာပူ ကို သွားလည်လို့ ရလားဗျ
    ရတယ်ဆိုရင် ဘာတွေ လိုအပ်တာလဲ
    ဘာတွေ လုပ် ရမှာလဲ ပြောပြပေးပါအုံး

    • @mathidatun_thidatv
      @mathidatun_thidatv  Год назад

      စင်ကာပူက ဗီဇာ Free မို့ လေယာဉ်လက်မှတ် ဝယ်ပြီး သွားလို့ရပါတယ်။

  • @zawtoe9782
    @zawtoe9782 Год назад +1

    အမ ကျွန်​တော်ဂျပန်၂၈ရက်နေ့သွာမှာ ကိုဗစ်Qcodeအခက်ခဲဖြစ်​နေလို့ပါ Qcodeလုပ်နည်း​လေး​ဘယ်လိုလုပ်ရင်ရမယ်ဆိုတာ

  • @zawzawaung382
    @zawzawaung382 2 года назад +1

    ဖိတ်​ခေါ်စာကဘယ်လို​ရေးရတာလည်းရှင်းပြ​ပေးပါဦးခင်မျှ ဂျပန်မှာရှိတဲ့အလုပ်လုပ်​ေနေတဲ့မြန်မာgirlfriend ကဖိတ်​ခေါ်လို့ရလား​ကျေးဇူးပါ

    • @mathidatun_thidatv
      @mathidatun_thidatv  2 года назад

      ရပါတယ်။ GFက ဂျပန်မှာ အလုပ်ရှိနေတာဆိုတော့ ပိုအဆင်ပြေနိုင်ပါတယ်။

  • @pinkbunny.k2743
    @pinkbunny.k2743 2 года назад +1

    အလုပ်လုပ်နေတာမဟုတ်ဘဲ student(D-2) visa သမားဆိုရင်ရော Japan အလည်သွားလို့ ရလားရှင့်..

    • @mathidatun_thidatv
      @mathidatun_thidatv  2 года назад

      D-2ဆိုရင် သွားလို့ရပါတယ်။ ကျောင်းကနေ ကျောင်းတက်နေကြောင်းထောက်ခံစာ (재학증명서) နဲ့ တင်ပြီး လျှောက်နိုင်ပါတယ်။

    • @pinkbunny.k2743
      @pinkbunny.k2743 2 года назад

      @@mathidatun_thidatv ကျေးဇူးပါရှင့်

  • @soelin9922
    @soelin9922 Год назад

    ဗီဇာဖောင်က ထုတ်ပြီး ဘောပင်နဲ့ရေးတင်လို့လာ အမ