ရန်ကုန် သန်လျင်တံတား အမှတ် (၁) တည်ဆောက်ရေးမှတ်တမ်း (၃၁.၇.၁၉၉၃) Presented by Mizzima Media Group

Поделиться
HTML-код
  • Опубликовано: 20 окт 2024
  • ရန်ကုန်-သန်လျင်တံတား အမှတ် (၁) သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြိုနှင့် သန်လျင်မြိုတိုကို ဆက်သွယ်ပေးထားသော တံတားဖြစ်သည်။ ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို ပေါင်းဆုံရာနေရာမှ အရှေ့မြောက်ဖက် ၄၂ ကီလိုမီတာခန့်အကွာရှိ ပဲခူးမြစ်ကို ဖြတ်သန်းတည်ဆောက်ထားခြင်း ဖြစ်သည်။ တံတားကြီးကို တရုတ် မြန်မာချစ်ကြည်ရေးတံတားအဖြစ် တရုတ်နိုင်ငံမှ အင်ဂျင်နီယာများနှင့် မြန်မာအင်ဂျင်နီယာများပူးပေါင်း၍ ၁၉၈၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၃၁-၇-၁၉၉၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ တံတား၏အရှည်မှာ ၅၉၇၇ ပေရှည်လျား၍ တံတားအကျယ် ၆၇ ဒသမ ၂၄ ပေရှိကာ တံတားအလယ်ဗဟိုတွင် ရထားလမ်းရှိပြီး ရထားလမ်း၏ ဝဲ/ယာတွင် တစ်လမ်းသွားကားလမ်းများရှိသည့် တံတားကြီးဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်မှ ယနေ့အချိန်အထိ မီးရထားလမ်းနှင့် ကားလမ်း အသုံးပြုနေရဆဲ တံတားကြီးတစ်စင်းဖြစ်သည်။ ရန်ကုန်-သံလျင်-ကျောက်တန်းဒေသ၊ ခရမ်း-သုံးခွဒေသများနှင့် သီလဝါအထူးစီးပွားရေးဇုန်များ ဒေသဖွံဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးတိုအတွက် အရေးပါ အရာရောက်နေသော တံတားကြီးတစ်စင်းဖြစ်သည်။

Комментарии •