မြန်မာအမျိုးသမီးတွေ EPS စနစ်နဲ့ တောင်ကိုရီးယားမှာ တရားဝင် အလုပ်လုပ်ခွင့် ရရှိနိုင်ပြီ။

Поделиться
HTML-код
  • Опубликовано: 21 окт 2024
  • မင်္ဂလာပါ ခင်ဗျာ။
    မြန်မာနိုင်ငံ EPS စနစ်မှာ ယခင် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း စသဖြင့် လုပ်ငန်းနယ်ပယ် (3) မျိုး ရှိခဲ့ရာမှ ယခုနှစ်မှာ ဝန်ဆောင်မှုလုပ်ငန်း နယ်ပယ် (၁) မျိုးထပ်တိုးလာပါတယ်။
    ဝမ်းသာစရာသတင်းက ဒီ ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်မှာ အမျိုးသားရော၊ အမျိုးသမီးပါ သွားရောက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းဆိုတာ ကျနော် အရင်တုန်းက တင်ပေးဖူးတဲ့ ဗီဒီယိုဖိုင်တွေထဲမှာ ပြောခဲ့တဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ကွန်ဒိုတွေမှာ ဝန်ဆောင်မှု ပေးရတဲ့ လုပ်ငန်းများ ဖြစ်ပါတယ်။
    ဒီစနစ်မှာ အမျိုးသမီးတွေကို တရားဝင်ခွင့်ပြုတာဟာ
    ပထမဦးဆုံး ဖြစ်တာမို့ အမျိုးသမီးတိုင်း လျှောက်လို့ ရတာမျိုးမဟုတ်ဘဲ
    (10) တန်းအောင်ထားသူ များသာ ဦးစွာ လျှောက်လို့ရမှာဖြစ်ပါတယ်။
    နောက်ပိုင်းတော့ အပြောင်းအလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အတိအကျတော့ မပြောနိုင်ပါ။
    အမျိုးသားများအတွက် သတ်မှတ်ချက်မှာ ယခင်အတိုင်း မပြောင်းလဲပါ။
    ဒီအတွက် 2024 ခုနှစ် EPS စာမေးပွဲလျှောက်လွှာ မကြာခင် တင်ရပါတော့မယ်။
    လိုအပ်တာတွေ ပြင်ဆင်ပြီး စာမေးပွဲမှာ အကောင်းဆုံး ကြိုးစားဖို့ တိုက်တွန်းပါတယ်။
    ဖြေဆိုသူများလေ၊ အမှတ်ဖြတ်တာ မြင့်လေ ဖြစ်နိုင်တာမို့၊ အမှတ်များများနဲ့ အောင်ထားမှ စိတ်ချရနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းခွင်သုံး မီးနင်းတွေ၊ မေးခွန်းဟောင်းတွေ သေချာ လေ့လာထားဖို့ လိုပါတယ်။
    အဆင်ပြေကြပါစေ။
    #ckkrsharing
    #2024.02.14

Комментарии • 257

  • @ckkrsharingkoreamyanmar
    @ckkrsharingkoreamyanmar  8 месяцев назад +36

    မြန်မာနိုင်ငံ EPS စနစ်မှာ ယခင် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း စသဖြင့် လုပ်ငန်းနယ်ပယ် (3) မျိုး ရှိခဲ့ရာမှ ယခုနှစ်မှာ ဝန်ဆောင်မှုလုပ်ငန်း နယ်ပယ် (၁) မျိုးထပ်တိုးလာပါတယ်။
    ဝမ်းသာစရာသတင်းက ဒီ ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်မှာ အမျိုးသားရော၊ အမျိုးသမီးပါ သွားရောက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
    ဝန်ဆောင်မှုလုပ်ငန်းဆိုတာ ကျနော် အရင်တုန်းက တင်ပေးဖူးတဲ့ ဗီဒီယိုဖိုင်တွေထဲမှာ ပြောခဲ့တဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ကွန်ဒိုတွေမှာ ဝန်ဆောင်မှု ပေးရတဲ့ လုပ်ငန်းများ ဖြစ်ပါတယ်။
    ဒီစနစ်မှာ အမျိုးသမီးတွေကို တရားဝင်ခွင့်ပြုတာဟာ
    ပထမဦးဆုံး ဖြစ်တာမို့ အမျိုးသမီးတိုင်း လျှောက်လို့ ရတာမျိုးမဟုတ်ဘဲ
    (10) တန်းအောင်ထားသူ (အမျိုးသမီး) များသာ ဦးစွာ လျှောက်လို့ရမှာဖြစ်ပါတယ်။
    နောက်ပိုင်းတော့ အပြောင်းအလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အတိအကျတော့ မပြောနိုင်ပါ။
    အမျိုးသားများအတွက် သတ်မှတ်ချက်မှာ ယခင်အတိုင်း မပြောင်းလဲပါ။
    ဒီအတွက် 2024 ခုနှစ် EPS စာမေးပွဲလျှောက်လွှာ မကြာခင် တင်ရပါတော့မယ်။
    လိုအပ်တာတွေ ပြင်ဆင်ပြီး စာမေးပွဲမှာ အကောင်းဆုံး ကြိုးစားဖို့ တိုက်တွန်းပါတယ်။
    ဖြေဆိုသူများလေ၊ အမှတ်ဖြတ်တာ မြင့်လေ ဖြစ်နိုင်တာမို့၊ အမှတ်များများနဲ့ အောင်ထားမှ စိတ်ချရနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းခွင်သုံး မီးနင်းတွေ၊ မေးခွန်းဟောင်းတွေ သေချာ လေ့လာထားဖို့ လိုပါတယ်။
    အဆင်ပြေကြပါစေ။

    • @GonNon-du5qv
      @GonNon-du5qv 8 месяцев назад

      ဆရာခင်ဗျ
      ဝန်​ဆောင်မှုနဲ့ပတ်သက်ပြီး အကျယ်တဝင့်​ပြောပြ​ပေးပါလားဗျ
      ဆရာပြတဲ့ video​တွေ​ရော
      တခြား vlog​တွေမှာ ဝန်​ဆောင်မှုနဲ့ပတ်သက်တဲ့ skill test​တွေမပါဘူး၊ မပြဘူးဗျ၊
      ပြီး​တော့ ပအုပ်စု ၇၀၊ ဒုအုပ်စု ၃၀၀၀​ကျော်က ဘာကို ခွဲတာလဲဗျ
      ​ယောင်္ကျား၊မိန်းမ ခွဲတာများလားမသိဘူး

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +4

      @@GonNon-du5qv ဝန်ဆောင်မှုလုပ်ငန်းက ကုန်ထုတ်နဲ့ စစ်ဆေးတာ တူတယ်လို့ သိထားတယ်။ မြန်ဆန် ဖျတ်လတ်မှုကို စစ်ဆေးတဲ့ Test ကို အဓိက လုပ်တာမို့ပါ။ ကျနော် အချက်အလက် ရှာကြည့်ပြီး အချိန်ရတဲ့အခါ မျှဝေပေးပါမယ်ဗျ ၊ ကနဦး ဝန်ဆောင်မှုလုပ်ငန်းမှာ စားသောက်ဆိုင် စားပွဲထိုး၊ ‌ပန်းကန်ဆေး၊ မီးဖိုချောင်အကူ၊ ဟိုတယ် သန့်ရှင်းရေး၊ ဧည့်ကြိုလုပ်ငန်းတွေမှာ ခန့်ထားမှာ ဖြစ်ပါတယ်။ အုပ်စုက ‌‌ကျား/မ ခွဲတာ ဖြစ်ဖို့များပါတယ်. ကျနော်လည်း ဒီလောက်ပဲ သိပါတယ်ဗျ။ အခြား ဝါရင့် ဆရာတွေက ကျနော့်ထက် ပိုသိပါလိမ့်မယ်ဗျ။ သူတို့ကိုလည်း မေးကြည့်ပါဗျ

    • @tunthirinaing8022
      @tunthirinaing8022 8 месяцев назад

      ဆရာရှင့် EPS EXAM ကို မြန်မာနိုင်ငံမှာ တစ်နှစ် တစ်ကြိမ် လား ၂ နှစ် တစ်ကြိမ် ကျင်းပတာလားရှင့် ဖြေပေးပါဦးရှင့်

    • @shwezarmyanmar3268
      @shwezarmyanmar3268 8 месяцев назад

      ❤းး

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +2

      @@tunthirinaing8022 ပုံမှန်ဆို EPS စာမေးပွဲက နှစ်စဉ် ကျင်းပပေးလေ့ရှိပါတယ်။ ကိုရိုနာနဲ့ နိုင်ငံရေးကြောင့် နှောင့်နေးသွားရာကနေ တဖြည်းဖြည်းတော့ ပြန်လည် လည်ပတ်စ ပြုလာပါပြီ၊ 2025 ထဲ စာမေးပွဲက ရှိချင်မှ ရှိနိုင်မယ်။ 2026 ထဲတော့ ရှိနိုင်မယ်လို့ သုံးသပ်လို့ ရတယ်။ စောင့်ကြည့်ဖို့ လိုတာပေါ့။။ စာမေးပွဲကတော့ ကျင်းပပေးမှာပါ။ အတိအကျ မသိသေးတာပဲ ရှိတယ်။ ပြင်ဆင်ထားတာ ကောင်းပါတယ်။

  • @AungMyoNaing-oj5ht
    @AungMyoNaing-oj5ht 7 дней назад +1

    2025မှာစာမေးပွဲရှိနိုင်လားဆရာ

  • @sumyat2941
    @sumyat2941 4 месяца назад +5

    ဆရာရှင့် ၁၉၉၀.၁၁လပိုင်း မွေးဆိုတော့ ၃၄ နှစ်ထဲမှာပါ ၂၀၂၅ ထဲ စာမေးပွဲမကျင်းပဖြစ်ရင် ၂၀၂၆ မှဆို အသက်က ၃၆ ထဲရောက်နေပြီ အခွင့်အရေးဘယ်လောက်ရှိနိုင်မလဲရှင့် ဖြေပေးပါဦးနော်

    • @HelloMobile-qo7gs
      @HelloMobile-qo7gs 4 месяца назад +1

      ရပါတယ် (36)ဆိုတော့ စာမေပွဲရှိလာရင် တစ်ခါထဲအောင်အောင်ဖြေရင် ရတယ် ကြိုးစားလို့အချိန်ရ​သေးတယ်

  • @KylasinThant
    @KylasinThant 16 дней назад +1

    သမီးက နိုင်ငံရေးကြောင့်g6နဲ့ကျောင်းနားထားပါတယ် အဲ့တာကိုရီးစာအပြည့်အဝသင်ပြီးကိုရီးယားကိုသွားပြီးအလုပ်လုပ်ချင်ပါတယ် သမီးရ​ည်မှန်းချက်က ကိုရီးယားသွားဖို့ပါ

    • @NgonPhooZaw-p6g
      @NgonPhooZaw-p6g 9 дней назад

      တူတူပဲ ကိုယ်လည်း ၆တန်းထိပဲတက်ခဲ့ရတယ် နိုင်ငံရေးကြောင့် ကိုရီးယားကိုသွားချင်တာ အသက်၁၀နှစ်လောက်ကတည်းက ရည်မှန်းချက်ကြီးပါ😭ခုဆို ၁၆ရှိပီ နောက်နှစ်တွေမှာ၁၀တန်းအောင်မှဆိုတဲ့သက်မှတ်ချက်ကြီးဖြေလျှော့ပေးရင်ကောင်းမှာပါ

  • @kochit2171
    @kochit2171 7 месяцев назад +3

    အောင်လက်မှတ်နဲ့လုပ်တာ
    ကောင်းပါတယ် ပညာမတတ်လဲ ရပါတယ်ကွာဆိုရင် ပညာ
    ရေးသမားတွေ အလုပ်လက်မဲ့
    ဆီကို ဦးတည်ပါတယ် ပညာ
    ဟာ အဓိပါပဲဆိုတဲ့အသိက
    မြန်မာတွေမှာ မရှိသလောက်ပဲ
    အလကားပါ ဘွဲ့ရလဲ ဘာတန်ဘိုးရှိလဲဆိုတဲ့အမြင်က မြန်မာတွေက အရိုးစွဲနေပီ အဲ့ဒါပျောက်မှ တိုးတက်မှာလေ

    • @naymaka1983
      @naymaka1983 7 месяцев назад

      ဪ ပြောတတ်လိုက်တာ အစ်ကိုရယ် လူတိုင်းက ပညာတတ်ချင်တာပဲလေ နိုင်‌ငံရေးက မကောင်းတော့ မတက်ရတာလေ တက်ချင်တာပေါ့ အခုက CDN မို့မသွားရတဲ့သူတွေ များလို့ ကျောင်းတက်ပြီး ဆယ်တန်းအောင်တဲ့ ဟာတွေက ကျတော့ ဒီခေတ်ကြီးမှာ တရားလား😢

  • @Linnthwal
    @Linnthwal 7 месяцев назад +2

    မီဒီညာကလှော်တွေ ပြည်သူတွေဘယ်လောက်ကြပ်တည်းနေကြတယ်ဆိုတာ ကိုယ်ချင်းစာတရားရှိပေးကြစေချင်တယ်။
    နားစွန်နားဖျားအကြားနဲ့ အဟုတ်အလားမပွား‌ေပးစေချင်။

  • @thaesuunaing7870
    @thaesuunaing7870 8 месяцев назад +4

    ဆရာရေ ကျေးဇူးပြုပြီး ဖောင်တင်‌နည်းလေး ရယ် အကောင့်ဖွင့်နည်းလေးရယ် တင်ပေးပါလားရှင့်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +3

      အရင် အဟောင်းတွေပဲ ရှိသေးတယ်ဗျ။ အသစ်တင်ရမဲ့ နည်းကို ‌မကြေညာသေးဘူး ။ ဒါ‌ပေမဲ့ မခက်ပါဘူးဗျ။ သူတို့ ကြေညာပြီးတာနဲ့ ချက်ခြင်း တင်ပေးပါ့မယ်. ဒီကြားထဲ လိုင်းပေါ်မှာလည်း ရှာကြည့်လို့ ရပါတယ်ဗျ။ သူများတွေ တင်ထားကြတာ ရှိတယ်ဗျ.

  • @koaungelectronic3665
    @koaungelectronic3665 6 месяцев назад +4

    ဆရာရေ 2025 မှာစာမေးပွဲမရှိတာသေချာလားခင်ဗျာ

  • @JuuJuu-qk8vq
    @JuuJuu-qk8vq 12 часов назад

    ဆရာရှင့် ဆယ်တန်းကျတာကရော သွားလို့အဆင်ပြေနိုင်မလားရှင့် မိန်းကလေးပါ

  • @NayNay-qt7zd
    @NayNay-qt7zd 4 месяца назад +2

    ပထမကအောင်မှတ်40 ဒုက55အခုက70ဖြစ်ပြန်ပီးသတင်းရတယ်ဟုတ်လားဆရာ

  • @boayeytdr
    @boayeytdr 7 месяцев назад

    ဆေးသောက်ခြင်းက အဆုတ်ကို
    အမာရွတ်နဲ့ spotဖြစ်စေလား အကို..

  • @WedDeploys
    @WedDeploys 19 дней назад

    သေချာပြ‌ီလားရှင် မိန်းကဘေးတွေခော်တယ်ဆိုတာ

  • @HhGg-g8x9l
    @HhGg-g8x9l 8 месяцев назад +6

    ဆယ်တန်းမအောင်ထားတော့ မျှော်လင့်ချက်မရှိတော့ဘူးအစ်ကိုရေ E8ဗီဇာရောထက်မျှော်လို့ရသေးလားရှင့် 😢

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +6

      ဆက်စောင့်ကြည့်ဖို့လိုပါတယ်ဗျ။ နောက်ပိုင်း 10 တန်းအောင်မှ ဆိုတဲ့ သတ်မှတ်ချက်ကို ဖြေလျော့ပေးချင် ပေးပါလိမ့်မယ်။

    • @WarKhaing-iw1ue
      @WarKhaing-iw1ue 8 месяцев назад +1

      အတူတူပဲအလယ်တန်းအဆင့်ပဲ

    • @HninHnin-nv4tz
      @HninHnin-nv4tz 8 месяцев назад +2

      တူတူပဲ😢

    • @FlowerFlower-hq3uj
      @FlowerFlower-hq3uj 7 месяцев назад +1

      ယောက်ကျား လေးတွေမအောင်လည်းရတယ်ကြားတယ်

    • @WarKhaing-iw1ue
      @WarKhaing-iw1ue 7 месяцев назад

      @@FlowerFlower-hq3uj ယောက်ကျားလေးတွေကရတယ်

  • @KayThiSoe-rh4di
    @KayThiSoe-rh4di Месяц назад

    စာမေးပွဲက onlineကနေ ဖြေလို့ရလားဆရာ

  • @TteokbokkiZzz
    @TteokbokkiZzz 8 месяцев назад +1

    Epsသင်ရိုးတွေကတော့ ပြီးသွားပါပြီ စာကသိပ်မရသေးတော့ လူဖြေအရမ်းများပြီး ဖြတ်မှတ်ပိုကြမ်းမယ့် ကုန်ထုတ်အစား စိုက်မွေးပဲ ဖြေသင့်လားဗျ။ပျမ်းမျှနှစ်စဉ်အလိုက်က ကုန်ထုတ်နဲ့စိုက်မွေးမှာ ကုန်ထုတ်က ဖြတ်မှတ်အကြမ်းဖျင်း ပိုများတတ်တာမလားဗျ။ အအောင်ပေးမယ့်ခန့်မှန်းဦးရေမှာကလည်း ကုန်ထုတ်က ၉ထောင်ကျော်ပြီး စိုက်မွေးက၂၃၃ဆိုတော့ အရမ်းကွာနေတော့ စိုက်မွေးဖြတ်မှတ်ကပိုများသွားမှာလည်းစိုးပြီး ဝေခွဲရခက်နေလို့ဗျ။

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +1

      ကုန်ထုတ်ဖြေသင့်ပါတယ်ညီ။ လူခေါ်များတဲ့ဆီမှာ ဖြေတာ ပိုကောင်းပါတယ်။ လုပ်ငန်းခွင်သုံး ဝေါဟာရတွေ၊ မေးခွန်းဟောင်းတွေ၊ လူတွေ့အင်တာဗျူး မိတ်ဆက် စတာတွေ ‌‌သေချာ လေ့ကျင့် ပြင်ဆင်ထားရင် ဖြတ်ကျော်နိုင်မှာပါ။ ဒီအတောအတွင်း ပိုအားစိုက်ပြီးလေ့လာပါ

  • @KyawMinHtun-q3h
    @KyawMinHtun-q3h 2 месяца назад

    e74နဲ့ မြန်မာပြည်ကနေလုပ်သားပို့မာက ဖြစ်နိုင်လားဆရာ

  • @သျှင်သွန်း
    @သျှင်သွန်း Месяц назад

    ဆရာစာမေးပွဲအောင်လက်မှတ်ပျောက်သွားလို့
    မိတ္တူနဲ့ရလားဘွဲ့ရပီသားဆိုဘယ်လိုလုပ်ငန်းတွေမှာလုပ်ရမယ်ဆိုတာခွဲ
    ခြားထားသေးလားသိချင်လို့ဖြေပေးပါအုံး

  • @khinhninwai-ii4br
    @khinhninwai-ii4br 7 месяцев назад

    ဆရာရှင့် ဒီစာမေးပွဲပီးရင်နောက်စာမေးပွဲတွေမှာရောမိန်းခလေးတွေမခေါ်တော့လားရှင့်
    ပြောပြပေးပါအံုး ဒီစာမေးပွဲအတွက်ကြိုမပြင်ဆင်ရသေးလို့ပါ

  • @SweZinMoe-if5ch
    @SweZinMoe-if5ch 6 месяцев назад

    အောင်လက်မှတ်ထဲက မွေးလနက် မှတ်ပုံတင်ထဲက မွေးလ မတူတာ ရလားအကိုရေ

  • @sunaing-w5g
    @sunaing-w5g 4 месяца назад

    ပေါင်၁၈၀ လောက်အသက်၂၅ မျက်မှန်တပ်ပေမဲ့ကာလာတွေခွဲတက်ပါတယ်ရှင့်ဘွဲ့ရပြီးပြီသွားလို့ရပါသလား

  • @bluetooth1873
    @bluetooth1873 7 месяцев назад +1

    မြန်မာပြည်က ခွင့်ပြုပေးတာပါ ကိုရီးဘက်က ဝန်ဆော်မှူု visa အစ ဆိုတော့ မြန်မာပြည်အတွက် ခွဲတမ်းမပါသေးပါဘူး

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  7 месяцев назад +1

      ခွဲတမ်းပါ ပါတယ် ။ အရေအတွက် နည်းသေးတာပါ

  • @yuki-d6w
    @yuki-d6w 3 месяца назад

    10 8.2025 မှ18နှစိပြည့်မှာမို့ အဲ့ကျမှသင်တန်းတက်ရင် ဘယ်လိုအခြေအနေမျိုးကိုရောက်မလဲဆရာ စာမေးပွဲရောရှိလားဆရာ ဖြေပေးပါ🙏🙏

  • @KyawSoe-or7ru
    @KyawSoe-or7ru 3 месяца назад

    Beauty wavesမှာ စကားပြန်လုပ်တဲ့မောင်လေးလား

  • @kokoaung5923
    @kokoaung5923 7 месяцев назад

    ဆရာခင်ဗျာတစ်ခေါက်ပြန် cbt အောင်ထားတာရုံသစ်ကိုခေါ်တဲ့သူအရမ်းနည်းပီးမရှိသလောက်ပဲဘာလို့ပါလဲခင်ဗျ

  • @naymaka1983
    @naymaka1983 8 месяцев назад +1

    အခုက ကိုရီးယားစာ Level 3 တက်နေတာ 10တန်းမအောင်ပါဘူး တရုတ်စကားလည်းပြောတတ်ပါတယ်
    အခုက စိတ်တွေလေသွားတယ် ဆရာရယ် 😢

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +4

      အခုက ပထမဆုံး ခေါ်တာ ဆိုတော့ လူအရမ်းများမှာ ဆိုးလို့ ကန့်သတ်တဲ့ သဘောထင်ပါတယ်။ နောက်ပိုင်း သတ်မှတ်ချက်တွေ ဖြေလျော့နိုင်ပါတယ်။ စာကိုတော့ ဆက်လေ့လာထားပါ

  • @moewin9774
    @moewin9774 7 месяцев назад

    ဝန်ဆောင်မှု့နဲ့ဖောင်တင်ထားတယ်အောင်ရင်မျော်လင့်လို့ရပါ့မလားသူ့အတွက်skill testကကောဘာတွေလေ့ကျင့်ထားရမလဲPls

  • @laypyay-je1ex
    @laypyay-je1ex 7 месяцев назад +1

    စာ​မေးပွဲတနှစ်၂ကြိမ်ဖြေနိုင်တယ်ဆိုတာရောဟုတ်လားရှင့်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  7 месяцев назад +1

      မဟုတ်ပါ။ သာမန် TOPIK ကိုရီးယားစာ အရည်အချင်း စစ် စာမေးပွဲကိုတော့ တစ်နှစ် (၂) ကြိမ်ဖြေဖို့ ရှိပါလိမ့်မယ်။ လုပ်ငန်းခွင် ကိုရီးယားစာ အရည်အချင်းစစ် စာမေးပွဲကတော့ တစ်နှစ်ကို ပုံမှန်ဆို တစ်ကြိမ်လောက်ပဲ ရှိပါတယ်

  • @user-dvis1998
    @user-dvis1998 4 месяца назад

    ကျေးဇူးပါဆရာ

  • @JULYHTAY-lp4ss
    @JULYHTAY-lp4ss 4 месяца назад

    ကိုရီးယားထွက်ရပြီဆို
    ဆယ်တန်းအောင်လက်မှတ်
    ဘွဲ့ လက်မှတ်တွေပြရလားအကို

  • @Sumyatnoe-s2u
    @Sumyatnoe-s2u 3 месяца назад

    ဆရာဆယ်တန်းအောင်လက်မှတ်ထဲကအဖေနာမည်နဲ့passportထဲကအဖေနာမည်မတူတာရနိုင်လားဆရာ
    7:39

  • @KyawWinTun-b9z
    @KyawWinTun-b9z 3 месяца назад

    နောက်လာမဲ့2025အတွက်ဆိုရင် passport က ဘယ် လလောက်မှာ လျှောက်ရမှာလဲဆရာ သမီးက ဆယ်တန်းတော့အောင်ပေမဲ့ ခုမှသိတာမို့လို့ လာမဲ့နှစ်အတွက် ကြိုတင် ပြင်ဆင်ထားမလို့ပါဆရာ
    ပြောပြပေးပါအုန်းနော်ဆရာ😅

  • @MayHninNTH
    @MayHninNTH 5 месяцев назад

    ခု ပြည်ပထွက်ခွာ ခွင့် ပိတ်တာထဲ Korea အမျိုးသား မပါဘူး ကြားလို့ဗျ...ဟုတ်သလားဗျ... စာမေးပွဲ က တစ်နှင် ဘယ်နှစ်ကြိမ် ရှိသလဲဗျ...

  • @ThinzarLwin-q5i
    @ThinzarLwin-q5i 2 месяца назад

    2025 မာ စာမေးပွဲမရှိတော့ဘူးလားရှင့် 2025 မာ‌ဖြေဖို့တွေးထားလို့ပါရှင့်

  • @nanlay8340
    @nanlay8340 8 месяцев назад +2

    ဆရာ ရုပ်ပိုင်းဆိုင်ရာကလေ သမီးက အရပ်ပုနေလို့ ရလား ဆရာ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +2

      အရပ်အမြင့် ၊ ကိုယ်အလေးချိန် မသတ်မှတ်ထားပါဘူးဗျ။ အဆင်ပြေမှာပါ။

    • @nanlay8340
      @nanlay8340 8 месяцев назад

      @@ckkrsharingkoreamyanmar ကျေးဇူးပါဆရာ

    • @davidpubg
      @davidpubg 8 месяцев назад

      ဝန်ဆောင်မှုလုပ်ငန်းက ဘာတွေလဲ ဆရာ

  • @thithisoe527
    @thithisoe527 8 месяцев назад

    ခုမှ စသင်ရင် မမှီတော့ဘူးပေါ့နော်
    စွန့်စားကြည့်သင့်လားရှင် သင်တန်းကြေးနဲ့ တစ်ခြားကုန်မှာတွေ များနေလို့

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  7 месяцев назад

      မမှီနိုင်ပါဘူးဗျ။ နောင်လာမဲ့နှစ်တွေအတွက် ကြိုတင်ပြင်ဆင်ထားပါလို့ပဲ အကြံပေးချင်ပါတယ်

  • @GuGu-n8s
    @GuGu-n8s 8 месяцев назад +1

    အစ်ကို
    E8ရာသီလုပ်သားသတင်းလေးကြားရင်
    တင်ပေးပါအုံး

  • @Eleven11-tf4bb
    @Eleven11-tf4bb 4 месяца назад

    အကိုရေ ဒီ၁၂လပိုင်းရှိသေးလားရှင့် ဝန်ဆောင်မှုနဲ့😢

  • @HhhgU-o8c
    @HhhgU-o8c 5 месяцев назад

    အကိုကEPSနဲ့လုပ်နေတာလားဗျ

  • @xtetxperia8711
    @xtetxperia8711 7 месяцев назад

    ဆရာ part 2 အခန်း၄၅ထိတော့ရောက်ပါပြီ မှီနိုင်လားဗျ။ မီးနင်းက အခန်း၅၆ထိကျက်ပြီးပါပြီဗျ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  7 месяцев назад +1

      မှီနိုင်ပါတယ်ဗျ။ မေးခွန်းဟောင်းလေးတွေလည်း လေ့ကျင့်ထားဖို့လိုပါတယ်

  • @WooRii-wy1od
    @WooRii-wy1od 5 месяцев назад

    မိန်းကလေးက စားဖိုအကူနဲ့ လစာဘယ်လောက်ရပြီလဲ

  • @yintkhyuephying
    @yintkhyuephying 6 месяцев назад +1

    ဆရာဆယ်တန်းတော့မအောင်ဘူး
    စိုက်ပျိုးရေးလုပ်ငန်းမရဘူးလား

    • @kungfu-htetkhaing4064
      @kungfu-htetkhaing4064 2 месяца назад

      ဆယ်တန်းအောင်လက်မှတ် အတု လုပ် /
      အဓိကက ကိုးရီးယားဘာသာစကားစာမေးပွဲ ကို အမှတ်များများနဲ့ အောင်ဖို့နဲ့ / ကျန်းမာရေး ဆေးစစ် အောင်ဖို့ပါ / အခြေခံ လျပ်စစ် / ကားမောင်း / အခြေခံ လောက်တော့တတ်သင့်တယ် / မိမိ လုပ်ချင်တဲ့
      လုပ်ငန်းခွင် ကို ရွေးချယ် မှုပေါ်မူတည်ပြီးတော့ အဲ့ဒီ လုပ်ငန်း ခွင်နဲ့ပက်သက်တဲ့ အခြေခံ သင်တန်းတွေကို တက်သင့်တယ် / ဥပမာ ဟိုတယ်လုပ်ငန်းဆိုရင် ဟိုတယ်နဲ့ပက်သက်တဲ့
      သင်တန်း တက် / ဆောက်လုပ် ရေးက အခက်ခဲဆုံး အလုပ် /

  • @NangAyeAyeAung-os9pm
    @NangAyeAyeAung-os9pm 5 месяцев назад

    2025ကျရင် စာမေးပွဲရှိနိုင်လားရှင့်

  • @timetraveler8254
    @timetraveler8254 7 месяцев назад

    ဆရာခင်ဗျ ဝန်ဆောင်မူနဲ့ကုန်ထုတ်ဘယ်ဟာဖြေသင့်လဲဗျ ဘယ်ဟာကပိုအမှတ်ဖြတ်လောက်မလဲဗျ ဖြေပေးပါအုန်းခင်ဗျ။

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  7 месяцев назад +1

      ကုန်ထုတ်ဖြေသင့်ပါတယ်။ လူခေါ်တာ များလို့ပါ။ ဝန်ဆောင်မှုကတော့ ဒီနှစ် စခေါ်တာ ဖြစ်တဲ့အတွက် လူဦးရေ ခေါ်တာကျ နည်းပါးတယ်

  • @zinmyotun6871
    @zinmyotun6871 8 месяцев назад

    အကိုရေ နောက်နှစ်စာမေးပွဲ 2026မှဖြစ်ဖို့များတယ်ဆိုတာ ဟုတ်လားဗျာ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +2

      2025 နှစ်ကုန်သို့မဟုတ် 2026 လောက် ဖြစ်နိုင်ပါတယ်ဗျ။ ဒီကြားထဲမှာ ကိုရီးယားသင်ယူပြီး ကြိုတင်ပြင်ဆင်ထားပါညီ

  • @Eaint_07
    @Eaint_07 7 месяцев назад

    ဆယ်တန်းအောင်ရမယ်ဆိုတဲ့ကန့်ဘတ်ချက်လေးဖြေလျော့ပေးရင်ကောင်းမယ် အဲ့တစ်ချက်ပဲမိနေတာ😢

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  7 месяцев назад +2

      နောက်ပိုင်းတော့ ဖြေလျော့နိုင်ချေ ရှိပါတယ်။ အတိအကျတော့ မပြောနိုင်ပါ

  • @thuzar8761
    @thuzar8761 8 месяцев назад +2

    ကုန်ထုတ် မှာအမျိုးသမီးလျှောက်လို့ရလား ဆရာ
    ဝန်ဆောင်မှူ့တစ်ခုပဲ အမျိုးသမီးကလျှောက်လို့ရတာလား ကုန်ထုတ်ရောရလားဆရာ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад

      အမျိုးသမီးတွေက ဝန်ဆောင်မှု လုပ်ငန်းတစ်ခုတည်းကိုပဲ လျှောက်လို့ ရပါတယ်.
      ကျန်လုပ်ငန်းနယ်ပယ်တွေမှာ လျှောက်လို့ မရပါ

  • @KoKo-cz2dq
    @KoKo-cz2dq 8 месяцев назад

    ဆရာရှင့် သတ်မှတ်ချက်တွေအကုန်ပြည့်စုံပြီးတော့ ငွေမနိုင်သူဆိုရင်ရော အေဂျင်စီလဖြတ်တွေနဲ့ ပို့ပေးတာ ရှိလားရှင့်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  7 месяцев назад

      မရှိပါဘူးဗျ။ စာမေးပွဲ‌ဝင်ဖြေပြီး အလုပ်လျှောက်လွှာတင်ထားပါ။ အလုပ်ခေါ်စာကျရင် ငွေချေးပေးတဲ့ ဘဏ်တွေရှိပါတယ်

  • @ngwezinVlog
    @ngwezinVlog 6 месяцев назад

    အရပ်က သတ်မှတ်ထားတာရှိလားရှင့်

  • @MyoNaingOo-e3o
    @MyoNaingOo-e3o 7 месяцев назад

    တအားရ

  • @WarNwayOo-bu4wo
    @WarNwayOo-bu4wo 8 месяцев назад

    မဂၤလာပါ ဆရာ
    2025မှာ EPS စာမေးပွဲ ရှိလောက်လား ဆရာ😊


      2025 နှစ်ကုန်ပိုင်းလောက်တော့ ရှိကောင်းရှိနိုင်တယ်ဗျ။ ဘယ်သူမှတော့ အတိအကျ မပြောနိုင်သေးပါဘူး။ လုပ်သားလိုအပ်ချက်ပေါ် မူတည်ပြီး ကိုရီးယားဘက်က ကျင်းပပေးတာဆိုတော့ ။

  • @shaung-zn6hb
    @shaung-zn6hb 8 месяцев назад

    ကျွန်တော် eps ဖောင်တင်မလို့ပါ
    passport ထဲကအမွေးနေ့ခုနှစ်က ၂၀၀၀ဖြစ်နေပြီး
    မှတ်ပုံတင်ထဲက ၂၀၀၁ဖြစ်နေပါတယ်
    ခုအချိန် passport ပြန်လုပ်ရင်လဲအဆင်မပြေလို့
    ဒီတိုင်းဖောင်တင်လို့အဆင်ပြေလောက်လား?
    passportအမှန် ပြန်လုပ်ရင်ရော
    ခုဖောင်တင်ထားတဲ့ခုနှစ်နဲ့လွဲချော်နေရင်အဆင်ပြေလောက်လားဗျ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад

      မွေးသက္ကရာဇ်က လွဲနေရင် မရဘူး ညီ။ မွေးသက္ကရာဇ်အရင် ပြင်မှ ရမှာ။ ဒါမှ မဟုတ် မွေးသက္ကရာဇ်အမှန်နဲ့ တင်ပြီး ပတ်စပို့စ်မှာကျ အမှားပြင်ရမယ်ဆိုတဲ့ မှတ်ချက်နဲ့ ရနိုင်မလား မသိဘူး။ ကျနော့်ထက် ပိုသိတဲ့ ဆရာတွေ ဆီမှာ တစ်ချက်မေးကြည့်ပါ။ အတိအကျက POEA ရုံးမှာ မေးကြည့်မှ သိမှာညီ။

  • @user-an8na6bieb04er
    @user-an8na6bieb04er 4 месяца назад

    ဆရာ ဘယ်ဘာသာမဆိုလျောက်လို့ရလားရှင်

  • @kkm-b7f
    @kkm-b7f 8 месяцев назад +1

    အကို ကျနော်က ဂျပန်စာလေ့လာနေတာပါ ခုကိုရီးယားသွားလို့ရပြီဆိုတော့ ကိုရီးယားပဲ သွားချင်တာပါ ဒီနှစ်က passport လည်းမရှိ ဘာစာမှလည်း မလုပ်ရသေးတော့ နောက်နှစ်အတွက် ကြိုပြင်ဆင်ထားရင်တော့ အဆင်ပြေနိုင်လောက်လားရှင့် တချို့တွေပြောတာကျတော့ ကိုရီးယားက အခုမှ မိန်းကလေးတွေစခေါ်တာဆိုတော့ အဆင်မပြေတာတွေ အလုပ်မရမှာတွေ စိတ်ပူလို့ပါ ကိုရီးယားက အရင်ကတည်းကသွားချင်နေတဲ့ နိုင်ငံမို့ ကိုရီးယားကို အရမ်းသွားချင်နေလို့ပါ

    • @twenty-too-2245
      @twenty-too-2245 8 месяцев назад +1

      Korea မှာ အရင်ကတည်းက တခြားနိင်ငံက မိန်းကလေးတွေကို ခေါ်ပါတယ်။ မြန်မာမိန်းကလေးတွေကိုတော့ ခုမှစခေါ်တာပါ။ နောက်နှစ်အတွက်ဆို အေးဆေးမှီပါတယ်။ကျွန်တော်လဲ eps ဖြေမဲ့သူပါ

    • @kkm-b7f
      @kkm-b7f 8 месяцев назад

      ဟုတ်ကဲ့ပါ ကျေးဇူးပါ

    • @ZinThu6922
      @ZinThu6922 8 месяцев назад

      အတူတူပါပဲဂျပန်စာတက်နေတာပါN4ရောက်နေပါပြီကိုရီးယားပြောင်းချင်နေတာပါ😢

    • @kkm-b7f
      @kkm-b7f 8 месяцев назад

      ကျနော်က n3 တဝက်ကိုရောက်နေပါပီ စာမေးပွဲတော့မဖြေရသေးဘူး ကိုရီးယားက စာမေးပွဲကျ ပုံမှန်မရှိပဲ စာမေးပွဲ မလာတဲ့ နှစ်တွေကလည်း ရှိတတ်တယ်ဆိုလို့ ကိုယ်က ကိုရီးယားဘက်ကို လိုင်းပြောင်းပြီးမှ စာမေးပွဲတွေမလာပဲ အချိန်တွေ ပိုကြာနေမှာ စိုးရိမ်မိလို့ပါ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +1

      ပုံမှန်ဆို EPS စာမေးပွဲက နှစ်စဉ် ကျင်းပပေးလေ့ရှိပါတယ်။ နှစ်စဉ် လုပ်သား အင်အား အမြဲ လိုအပ်နေတဲ့ နိုင်ငံမို့ပါ။ ဒါပေမဲ့ ကိုရိုနာနဲ့ နိုင်ငံရေးကြောင့် နှောင့်နေးသွားရာကနေ တဖြည်းဖြည်းတော့ ပြန်လည် လည်ပတ်စ ပြုလာပါပြီ၊ 2025 ထဲ စာမေးပွဲက ရှိချင်မှ ရှိနိုင်ပါမယ်။ 2025 ထဲ မကျင်းပခဲ့ရင် 2026 ထဲတော့ ရှိနိုင်မယ်လို့ သုံးသပ်လို့ ရပါတယ်။ စောင့်ကြည့်ဖို့ လိုတာပေါ့။။ စာမေးပွဲကတော့ ကျင်းပပေးမှာပါ။ ဘယ်ချိန် ကျင်းပပေးမလဲဆိုတာ အတိအကျ မသိသေးတာပဲ ရှိပါတယ်။ ပြင်ဆင်ထားတာ ကောင်းပါတယ်ဗျ။ နောင်နှစ်တွေလည်း ဆက်တိုက် ခေါ်တော့မှာပါ။

  • @khansoeaung327
    @khansoeaung327 6 месяцев назад

    ဆရာက ရန်ကုန်မှာလားရှင့်

  • @dghb78987
    @dghb78987 8 месяцев назад

    online နဲ့ဖောင်တင်ရင် google service ပါတဲ့ stable ဖုန်းဆိုရင်ယောရလားခမျ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад

      ရနိုင်ပါတယ်။ သူတို့ ကြေညာတာ တစ်ချက် စောင့်ကြည့်ဖို့လိုပါတယ်။ website နဲ့ လာနိုင်ချေလည်း ရှိတာမို့ပါ။ app ဆိုရင်တော့ အနေအထားကို ကြည့်ပြီး global change သင့်ရင် change ရပါလိမ့်မယ်. တစ်ချိူ့ကျတော့ parallel space နဲ့ အဆင်ပြေသွားကြတာရှိတယ်။

  • @kaungkhant3363
    @kaungkhant3363 8 месяцев назад

    ဆရာရှင့်အသက်က၁၉၈၄ဖေဖော်ဝါရီ၅ရက်နေ့မို့
    တလနောက်ကျလို့
    ခေါ်ပါ့မလားရှင့်စိတ်အားထက်သန်တယ်ဆရာရေ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  7 месяцев назад

      မရနိုင်ပါဘူးဗျ။ သူ့သတ်မှတ်ချက်အတိုင်းပဲ လက်ခံမဲ့သဘောပါ

  • @waiwai4802
    @waiwai4802 8 месяцев назад

    ဒီနေ့မှ အခြေခံပြီးလို့ EPS Topik 1ကို စ သင်မှာပါ ကုန်ထုတ်လုပ်ငန်းနဲ့ ဖြေဆို့ မှီနိုင်ပါဦးမလားဗျ ဘယ်လိုလုပ်ရမလဲ ပြောပြပေးဦ brother အမြဲတန်း သိချင်းတာလေးတွေပြောပြပေးလို့ စိတ်ရင်းနဲ့ တကယ်ကျေးဇူးတင်ပါတယ်

    • @kothu3983
      @kothu3983 8 месяцев назад

      ဒီနှစ်မမှီပါဘူး

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад

      မမှီနိုင်ပါဘူး။ နောင် နှစ်တွေအတွက် ကြိုတင်ပြင်ဆင်မယ်ဆိုရင်တော့ သင်ယူသင့်ပါတယ်။

    • @waiwai4802
      @waiwai4802 8 месяцев назад +1

      ဒီနှစ် ဝင်ဖြေလို့ မအောင်ခဲ့ရင် နှောက်နှစ်မှာ ဝင်ဖြေခွင့် ပေးလားဗျ သိရင်ပြောပြပေးပါဦး bro

    • @MeeMeeZin-p9p
      @MeeMeeZin-p9p 8 месяцев назад

      ​@@waiwai4802နောက်နှစ်ရှိသေးမလားသိချင်တာ😊

  • @Ren-ox9uv
    @Ren-ox9uv 8 месяцев назад

    ဆရာဗျ အကယ်၍စာမေးပွဲအောင်ပြီးလို့ရှိရင်အလုပ်လျှောက်လွှာကတန်းတင်ရတာလားဗျ။ passport က PJ ပြောင်းပြီး appointment က April ကုန်မှ ရတာ၊ အဲ့တာ ရပြီးစာမေးပွဲဖြေဖို့ သွားတဲ့အခါ ယူသွားတဲ့ passport က PJ ဖြစ်ပြိး၊ form တင်တုန်းက passport က PV
    ဓာတ်ပုံတွေလည်း မတူတော့ အဆင်မပြေမှာစိုးနေတာ။ Bookingဘဲထပ်တင်သင့်လားဗျ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад

      အလုပ်လျှောက်လွှာက စာမေးပွဲ ရလာဒ် နှစ်ခု ပေါင်းပြီး အောင်စာရင်း ထွက်ပြီဆိုမှ 2 လလောက်ခြားပြီး တင်ရတာပါ။ ‌ဧပြီလကုန်ဆို အေးဆေး မှီပါတယ်ဗျ။ pv ကနေ pj ပြောင်းတာက ကိစ္စမရှိပါဘူး။ အဆင်ပြေမှာပါ။ သက်ဆိုင်ရာ သင်တန်း‌ရဲ့ လမ်းညွှန်ချက်လည်း ယူပါဗျ။

  • @KhantZinWin-b2d
    @KhantZinWin-b2d 8 месяцев назад

    ဆရာရေ 10တန်းလက်မှတ်မရှိတော့လက်လျှော့ရတော့မာလား ဒါမှမဟု စာဆက်လေ့လာထားပီးနောင်နှစ်ထိစောင့်ရမာလားရှင့် အကြံလေးပေးပါအုံးဆရာ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +1

      လောလောဆယ် အနေအထားရဆို လက်လျှော့ရမဲ့ အနေအထားပါ။ နောက်ပိုင်း တော့ အပြောင်းအလဲ ရှိကောင်း ရှိနိုင်မယ် ထင်ပါတယ်။ ကျနော်လည်း အသေအချာ မခန့်မှန်းနိုင်ပါဘူးဗျ။ ပုံမှန်ဆို အဲ့သက်မှတ်ချက်က မရှိသင့်ပါ။ ခုမှ စခေါ်တာမို့ လူဦးရေ ကန့်သတ်ချင်တဲ့ သဘောနဲ့ သတ်မှတ်ထားတယ် ထင်ပါတယ်။ တပ်အပ် မပြောနိုင်တာမို့ စာ ဆက်လေ့လာ သင့်၊ မသင့် ကိုယ်တိုင် ဆုံးဖြတ်ဖို့ လိုပါမယ်။ လေ့လာထားရင်လည်း မမှားပါဘူး။

  • @Rkarmin-y4m
    @Rkarmin-y4m 8 месяцев назад

    ဝန်ဆောင်မှုလုပ်ငန်းက ယောက်ျားလေးရော ဆယ်တန်းအောင်ရမှာလားဗျ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +1

      ယောက်ျားလေးက ပညာအရည်အချင်း မလိုပါ။ လျှောက်လို့ ရပါတယ်။

  • @yanlin-qc3zn
    @yanlin-qc3zn 8 месяцев назад

    ခုမှသင်တန်းစတက်ရင် စိုက်ပျိုးနဲ့ ဆောက်လုပ်ရေးဝင်ဖြေလို့ မှီနိုင်ရဲ့လား အကို

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +1

      မမှီနိုင်ပါဘူးဗျ။ EPS သင်ရိုးက အနည်းဆုံး 4 လ သင်ယူဖို့လိုပါတယ်။ နောက်နှစ်တွေ အတွက် ကြိုပြင်ထားမယ်ဆိုရင်တော့ လုပ်ပါ။

    • @yanlin-qc3zn
      @yanlin-qc3zn 8 месяцев назад

      @@ckkrsharingkoreamyanmar အသက်က36ကျော်နေလို့ နောက်နှစ်ဖြေမယ်ဆို အသက်အခြေနေအရ အဆင်ပြေနိုင်ပါ့မလားခင်ဗျာ

  • @azl2003
    @azl2003 7 месяцев назад

    ဆရာ ဝန်ဆောင် မှုလုပ်ငန်းနဲ့ သွားချင်ရင် လူခေါ်တာ ပိုများလား ပြီးတော့ boy ဆိုရင် ဆယ်တန်း အောင် လက်မှတ်လိုလားဆရ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  7 месяцев назад

      ယောက်ျားလေးက ဆယ်တန်းအောင် လက်မှတ် မလိုပါ။ လူခေါ်တာတော့ ကုန်ထုတ်လောက် မများပါ။ ယောက်ျားလေးဆို ကုန်ထုတ်ဝင်ဖြေသင့်ပါတယ်။

  • @Barlay-c9c
    @Barlay-c9c 8 месяцев назад

    Tabletမသုံးတတ်တဲ့သူရော အဆင်ပြေနိုင်လားဆရာ ကွန်ပျူတာတတ်ဖို့လိုပါလား

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  7 месяцев назад +2

      ကွန်ပျူတာ တတ်ဖို့ မလိုပါဘူးဗျ။ တက်ဘလက်က ဖုန်းလိုပါပဲ သုံးရတာ လွယ်ပါတယ်ဗျ။ အဆင်ပြေသွားမှာပါ

  • @thethninkoko41188
    @thethninkoko41188 8 месяцев назад

    QR စလစ်နဲ့ Form တင်လို့မရဘူးပေါ့နော် ဆရာ😔
    သူငယ်ချင်းတစ်ယောက်က 7 လပိုင်းမှ QR ရထားလို့ပါရှင့်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +1

      ဟုတ်တယ်ဗျ။ ကြေညာထားပုံအရ မရလောက်ဘူး။ သေချာအောင် POEA ရုံးကို ဖုန်းဆက်မေးကြည့်ရမယ်ထင်တယ်။ ဝါရင့် ဆရာကြီးတွေဆီမှာ တစ်ချက်မေးကြည့်ပါအုံးဗျ။ ကျနော်လည်း အဲ့လိုပဲ သိထားလို့ပါ

    • @thethninkoko41188
      @thethninkoko41188 8 месяцев назад

      @@ckkrsharingkoreamyanmar
      ဟုတ် ကျေးဇူးပါရှင့် ဆရာ🙏🙏🙏

  • @koko-sr5go
    @koko-sr5go 8 месяцев назад

    စိုက်ပျိုးရေး နဲ့ကာလတိုမခေါ်တော့ဘူးလားဗျ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад

      သတင်းတော့ ကြားနေပါပြီ ။ MOU ထိုးပြီးမှ ခေါ်မှာမို့ ၊ တစ်ချက်စောင့်ကြည့်ဖို့လိုမယ်

  • @naybhonehtet6168
    @naybhonehtet6168 7 месяцев назад +1

    Boy ဆို ကုန်ထုတ်နဲ့ ဝန်ဆောင်မှု့ ဘယ်ဟာဖြေသင့်လဲ ဆရာ🙏

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  7 месяцев назад

      ကုန်ထုတ်ကို ဖြေသင့်ပါတယ်။ ဝန်ဆောင်မှုက ဒီနှစ်မှ စခေါ်တာဆို‌တော့ အနေအထားကို မပြောနိုင်သေးဘူး‌ဗျ

  • @MissVictoria-b1k
    @MissVictoria-b1k 7 месяцев назад

    မျက်မှန်နဲ့ဆိုရင်ရောရလား Sir...

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  7 месяцев назад

      ရပါတယ်ဗျ။။ အရောင် မခွဲခြားနိုင်မှသာ မရတာပါဗျ

  • @ZAYYAR6719
    @ZAYYAR6719 8 месяцев назад

    💖💖💖

  • @Accurate-Trading
    @Accurate-Trading 8 месяцев назад

    ပတ်စပို့သက်တမ်းကုန်နေတာ စာမေးပွဲဖောင်တင်လို့ရလောက်လား

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад

      ကျနော်လည်း အစက သက်တမ်းကုန်နေရင် မရဘူးလို့ သိထားတာ။ EPS လောက က ဝါရင့် ဆရာတွေ ပြောထားပုံအရဆို သက်တမ်းကုန်နေလည်း လျှောက်လွှာတင်လို့ ရမယ်ထင်ပါတယ်။ သက်တမ်းတိုးဖို့တော့ ဘိုကင် ယူထားဖို့ လိုပါမယ်။ ‌သေချာအောင် ကျနော့်ထက် ပိုသိတဲ့ အခြား ဝါရင့် ဆရာတွေဆီမှာလည်း တစ်ချက် မေးကြည့်စေချင်ပါတယ်ဗျ.

  • @ThinThantThantAung
    @ThinThantThantAung 8 месяцев назад

    E8 နက္ EPS နက္ပါ တူပါသလားဗ်ာ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад

      မတူပါဘူးဗျ။
      E8 က ကာလတို စိုက်ပျိုးရေး လုပ်သား ( သက်တမ်း -8 လ)
      EPS က E-9 ဗီဇာပေးတယ်။ ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဝင်လုပ်လို့ရမယ် (သက်တမ်း - 4 နှစ် 10 လ) + ထပ်တိုး

  • @hninthandaraye4281
    @hninthandaraye4281 8 месяцев назад

    ဖြေဆိုခွင့်ကပ်ဆိုဘာကိုပြောတာလဲ ဘယ်ကနေယူရမှာလဲရှင့်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад

      ဖြေဆိုခွင့် ကဒ်က စာမေးပွဲဖောင်တင်ပြီးရင် ငွေသွင်းနံပါတ်ရပါမယ်။ ငွေသွင်းနံပါတ်နဲ့ ငွေသွင်းပြီးရင် စာမေးပွဲ ဖြေဆိုခွင့်ကဒ် ရပါလိမ့်မယ်။ ခုံနံပါတ် စတဲ့ ကိုယ်ရေးအချက်အလက်ပါတဲ့ ကဒ်ကို ပြောတာဖြစ်ပါတယ်ဗျ

  • @SawlinThurinAungSaw
    @SawlinThurinAungSaw 8 месяцев назад

    မိန်းကလေပါတော့ကျွန်တော်တို့အတွက်အခွင့်ရေးနည်းသွားပြီး😂လူ များတော့

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад

      ယောက်ျားလေးတွေက ကုန်ထုတ်လုပ်ငန်းနဲ့ ဖြေဆိုသင့်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းဘက် ဖြေရင်တော့ အခွင့်အရေး တကယ် နည်းပါတယ်။

    • @naingkolinn3408
      @naingkolinn3408 8 месяцев назад

      မျက်မှန်နဲ့ ဆိုတော့ ကုန်ထုတ်‌ေခါ်သူဌေးတေအတွက် နည်းနည်း စဉ်းစားမလားလို့ ၀န်ဆောင်မူက မိန်းခလေးအသားပေးလား မသိဘူး

  • @ayenyein7598
    @ayenyein7598 7 месяцев назад

    မိန်းကလေးက အသက်ဘယ်လောက်ထိခေါ်လဲရှင့်

  • @TuTaNyi-w6m
    @TuTaNyi-w6m 8 месяцев назад

    ညီက ၀န်ဆောင်မှုနဲ့ဖြေမယ်ဆိုရင် ကောင်းပ့မလားဗျ ကုန်ထုတ်နဲ့ဖြေရင်ကောင်းမလားအကို

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  7 месяцев назад

      ကုန်ထုတ်နဲ့ ဖြေပါညီ။ ဝန်ဆောင်မှုက ကုန်ထုတ်ထက် ခေါ်တဲ့ ဦးရေ နည်းတာမို့ပါ။

    • @MayMyatPan-y6p
      @MayMyatPan-y6p 5 месяцев назад

      ဆရာရှင့် 2025မှာရော စာမေးပွဲရှိနိုင်လားရှင့် ဝန်ဆောင်မှုဖြေချင်လို့ပါ အခုနှစ်မှဘွဲ့ယူရမှာမလို့ပါရှင့်@@ckkrsharingkoreamyanmar

  • @kidscandy-yk3zr
    @kidscandy-yk3zr 8 месяцев назад

    skill test အတွက် ဘာတွေလေ့လာထားရမလဲ


      16:05 - Skills test ဖြေရမည့် အရာများ
      ပြင်ဆင်တာကတော့ လူတွေ့အင်တာဗျူးမှာ မိမိကိုယ်ကို မိတ်ဆက်ခြင်းအပိုင်းကို ချောချောမွတ်မွတ်ပြောနိုင်အောင် လေ့ကျင့်ထားပါ။ လုပ်ငန်းခွင်သုံး မီးနင်းတွေ သေချာ ကျက်ထားပါ။
      အခြေခံ ကျွမ်းကျင်မှု စစ်ဆေးရာမှာ pin ထည့်တာ၊ တပ်ဆင်တာ၊ တွယ်ဆက်တာ၊ ကွင်းစွပ်တာ စသဖြင့် မျိုးစုံ ရှိတာမို့ သင်တန်းမှာ လျင်မြန်ဖြတ်လတ်စွာ လုပ်နိုင်အောင် လေ့ကျင့်ထားပါ။ အဲ့ဒါဆို အောင်ပါပြီ။

  • @KoyeKo-ie9br
    @KoyeKo-ie9br 8 месяцев назад

    ယောင်္ကျားလေးတွေ ကယော ဘယ်နှစ်တန်းအောင်လဲ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад

      ယောက်ျားလေး ပညာအရည်အချင်းမလိုပါ။ ယခင် သတ်မှတ်ချက်များအတိုင်း

  • @khinhninwai-ii4br
    @khinhninwai-ii4br 7 месяцев назад

    ဆရာရှင့် ဒီစာမေးပွဲပီးရင်နောက်စာမေးပွဲတွေမှာရောမိန်းခလေးတွေမခေါ်တော့လားရှင့်
    ပြောပြပေးပါအံုး ဒီစာမေးပွဲအတွက်ကြိုမပြင်ဆင်ရသေးလို့ပါ 😌

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  7 месяцев назад +1

      ဒီစာမေးပွဲက စခေါ်တာ ဖြစ်ပြီး နောက်လည်း ဆက်ခေါ်မှာပါ။ နောင်နှစ်တွေအတွက် ကြိုတင်ပြင်ဆင်သင့်ပါတယ်။

    • @khinhninwai-ii4br
      @khinhninwai-ii4br 7 месяцев назад

      @@ckkrsharingkoreamyanmar ဟုတ်ကဲ့ဆရာ

  • @uthantzinwin8322
    @uthantzinwin8322 8 месяцев назад

    ဖောင်တင်တာ စောတာနဲ့ နောက်ကျတာ က အောင်ခဲ့တာချင်း တူရင်တောင်
    စောတင်ပြီး စောဖြေတဲ့သူက Calling အရင်ကျတာမျိုး လား ဆရာ
    အဲ့ဒါမသိလို့ ရှင်းပြပေးလို့ ရမလားခင်ဗျာ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +2

      အရင်ကတော့ အဲ့လို သတင်းကြားဖူးတယ်။ ကောလဟလလို့ ပြန့်နေတာပေါ့။ တကယ် တမ်း စဉ်းစားကြည့်ရင် ဖြစ်ကောင်းဖြစ်နိုင်တယ်ဗျ ၊ အရင် ဖြေပြီး အရင် ဖောင်တင်ရတဲ့သူက အလုပ်သမားရေး စင်တာရဲ့ အလုပ်သမား စာရင်းမှာ အရင် ပါသွားမှာပဲ။ အဲ့တော့ သူက စောနိုင်တယ်။ ဒါပေမဲ့ 100 မှာ 40 လောက်ပဲ အဲ့လို ‌ကံကောင်းနိုင်တယ်၊ သူတို့ အလုပ်သမားရေးစင်တာရဲ့ စနစ်ကတော့ Random ရွေးတာ ဆိုတာ တထစ်ချ အဲ့တာကြီးက အမှန်ပါလို့ ယူဆလို့မရပါဘူးညီ။ ကျနော်သိသလောက်ပါ။ ဝါရင့်ဆရာတွေဆို ကျနော့်ထက် ပိုသိကောင်းသိနိုင်ပါတယ်။

    • @uthantzinwin8322
      @uthantzinwin8322 8 месяцев назад

      @@ckkrsharingkoreamyanmar ကျေးဇူးတင်ပါတယ် ဆရာ

  • @khunsenter7929
    @khunsenter7929 8 месяцев назад

    front officer လက်မှတ်နဲ့ရလားဗျာ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  7 месяцев назад

      ဘယ်အတွက်လဲဗျ။ အောင်လက်မှတ်အတွက်လား။ ကျွမ်းကျင်လက်မှတ်အတွက်လား?

  • @WZCA123
    @WZCA123 8 месяцев назад

    ဆရာရှင့်
    ညီမ ဆယ်တန်အောင်ပီးပါပီ
    Passport PJ လည်းရှိပါတယ်
    ကိုရီးယားစာက အခုမှစပီး
    အ‌‌ေခြခံကစပီး အခုမှသင်ရမာပါဆရာ စာမေးပွဲ ဖြေနိုင်‌ေလာက်ပါ့မလားဆရာရှင့်😢အခြေခံလည်းမရှိထားပါဘူး စာက
    အခုမှစပီးသင်ရမာမို့လို့ပါ မှီနိုင်ပါ့မလားဆရာ😢😢ဝင်ဖြေသင့်ပါသလားဆရာရှင့်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +3

      စာမေးပွဲက ၄ လပိုင်းဆိုပြီး ကြေညာထားတာ တွေ့ရတယ်ဗျ။ အခုအတိုင်းဆို လက်ရှိက ၂ လပိုင်း လကုန် ခါနီးဖြစ်နေပြီး။ ကြားထဲမှာ အချိန် ၁ လပဲ ကျန်တယ်။ အခြေခံ ရှိမထားရင် အဆင်မပြေနိုင်ပါဘူးဗျ။ လူဦးရေများလို့ စာမေးပွဲကို နောက် ၁ လ ထပ်ရွေ့တယ်ဆိုရင်တောင်မှ အချိန် (၁) လ (၂ ) လနဲ့က သင်ရိုးပြတ်အောင် သင်ဖို့ မလုံလောက်ဘူးဗျ။
      အဲ့တော့ အခုသင်ထားပြီး ရှေ့လာမဲ့ နှစ်အတွက် ပြင်ဆင်လို့တော့ ရတယ်ညီမ။ ဒါမှ မဟုတ် အချိန် (၁) လအတွင်းမှာ အပြင်းအထန်ကြိုးစားပြီး သင်ရိုး တစ်ဝက်တစ်ပြက်နဲ့ ဝင်ဖြေရင်လည်း ဝင်ကြိုးစားကြည့်လို့ရတယ်။
      ဒါပေမဲ့ စံနှုန်းအရဆိုရင်တော့ ၁ လနဲ့ အဆင်မပြေနိုင်ပါဘူးဗျ။
      နောင်လာမဲ့နှစ်တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ပဲ တိုက်တွန်းပါတယ်

    • @WZCA123
      @WZCA123 8 месяцев назад

      ဟုတ်ကဲ့ ကျေးဇူးပါ ဆရာရှင့်

  • @HannyThv
    @HannyThv 8 месяцев назад

    ဘွဲ့ရပြီးသားပါ ဆရာ
    ဆယ်တန်းအောင်လို့ပဲ ဖောင်ဖြည့်ရမလား
    အရပ်က နည်းနည်း‌ပုနေတာလည်း စိတ်ပူပါတယ်။ ပတ်၀န်းကျင်ကတော့ အလုပ်ကြမ်းတွေပဲ လုပ်ရမယ်ပြောနေကြပြီး အားမပေးပါဘူး။ ဒါမဲ့ ဖြေချင်နေပါတယ်။
    ကျောင်းတုန်းက အပြင်မှာ သင်ထားဖူးလို့ အခု self study နဲ့ပဲ ၀င်ဖြေမှာပါ
    Skill test လည်း ဘာတစ်ခုမှမသိပါဘူး မိန်းကလေးတွေအတွက် HRD က ထပ်သင်ပေးမယ်လို့ ကြားထားပါတယ် ဟုတ်လားရှင့်
    ၇၀က မိန်းကလေးအယောက် ၇၀ပဲ ခေါ်မှာမျိုးရော ဖြစ်နိုင်ပါလား
    EPS အကြောင်း ဘာမှသိပ်မသိသေးလို့ပါရှင် ကူညီဖြေပေးပါနော်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +2

      ဘွဲ့လက်မှတ်က အသက်မွေးဝမ်းကြောင်း လက်မှတ်ထဲမှာ ပါပါတယ်ဗျ။ လျှောက်လွှာတင်ရင်တော့ ဆယ်တန်းအောင် လက်မှတ်နဲ့ တင်ပါ။ ဘွဲ့လက်မှတ်ကို ဒုတိယအဆင့် Skills test ဖြေတဲ့အခါ အထောက်အထားအနေနဲ့ ပူးတွဲတင်ပြပါ။ အသက်မွေးဝမ်းကြောင်း လက်မှတ်အတွက် 1 မှတ် ပေးတာ တွေ့ရပါတယ်။ အကျုံးဝင်မယ် ထင်လို့ပါ။
      ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးရာမှာ အရပ်အမြင့် ၊ ကိုယ်အလေးချိန် မသတ်မှတ်ထားပါဘူးဗျ။ အဆင်ပြေမှာပါ။
      self study လုပ်ရင် ရပါတယ်ဗျ။ စာက သိပ်မခက်ပါ။ တစ်ခုရှိတာက လုပ်ငန်းခွင်သုံး eps သင်ရိုးကို အွန်လိုင်းမှာ ရှာဖွေပြီး အဲ့ သင်ရိုးမှာပါတဲ့ လုပ်ငန်းခွင်သုံး ဝေါဟာရလေးတွေ လေ့လာဖို့လိုပါမယ်။ ပြီးရင် မေးခွန်းဟောင်း 2 စုံလောက် ဖြေကြည့်ထားတာ ကောင်းပါတယ်ဗျ။
      skills test က HRD ဘက်က မသင်ပေးပါဘူး‌ဗျ။ လမ်းညွှန်ချက်ပဲ သူတို့က ထုတ်ပေးထားတာပါ။ လေ့ကျင့်တာတော့ အပြင်မှာ လေ့ကျင့် ကြည့်တာ ပိုကောင်းမှာပါ။ သင်တန်း တစ်ခုခုမှာ စုံစမ်းပြီး Skills test လေ့ကျင့်ပါ။ ကိုယ့်ဘာသာ ဝယ်ပြီး လေ့ကျင့်ရင်လည်း ရပါတယ်။ အဓိက က မြန်ဆန် သွက်လက်မှု ရှိလားဆိုတာကို စမ်းသပ်တာပါ။
      လက်တွေ့ အင်တာဗျူးအတွက် မိမိကိုယ်ကို မိတ်ဆက်တာလေး သေချာ ပြင်ဆင်ထားဖို့လိုပါမယ်။ skills test နဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေ ဆိုရှယ်မီဒီယာပေါ်မှာ ရှာကြည့်လို့ ရပါတယ်ဗျ။
      ဝန်ဆောင်မှုလုပ်ငန်းက အခြားလုပ်ငန်းတွေလောက်တော့ အရမ်းမကြမ်းပါဘူး။ ပင်တော့ပင်ပန်းပါလိမ့်မယ်။ ဝင်ဖြေသင့်ပါတယ်။ 70 က မိန်းကလေး အယောက် 70 ဟုတ်၊ မဟုတ် မသေချာပါ။ အုပ်စုခွဲတာက ဘာကြောင့်ခွဲတယ်၊ ဘာရည်ရွယ်ချက်နဲ့ ခွဲတာလည်း ဆိုတာတော့ ကျနော်လည်း အသေအချာ မသိပါဘူးဗျ။ POEA ရုံးကို ဖုန်းဆက်မေးကြည့်တာဖြစ်ဖြစ်၊ အခြား ကျနော်တို့ထက် သိတဲ့ ဝါရင့် ဆရာကြီးတွေမှာဆီပဲ ဖြစ်ဖြစ် မေးကြည့်ပါဗျ။

    • @HannyThv
      @HannyThv 8 месяцев назад

      @@ckkrsharingkoreamyanmar ကျေးဇူးပါရှင့် 🙏

  • @MgThantZin-bu9or
    @MgThantZin-bu9or 24 дня назад

    ဆေးကျရင်..ဆရာဝန်လက်မှတ်နဲ့ သွားလို့ရလားဗျ....😢

  • @WarKhaing-iw1ue
    @WarKhaing-iw1ue 8 месяцев назад

    လစာကဘယ်လောက်ရနိုင်မလဲ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +2

      အခြေခံ လစာ ဝမ် သိန်း 20 နဲ့ 6 သောင်း၊ အခုငွေစျေးဆိုရင် သိန်း 40 ဝန်းကျင်ပေါ့။ အချိန်ပို ရရင် ရသလို လစာ ပိုမြင့်တယ်

  • @MaiHoneyHtun
    @MaiHoneyHtun 7 месяцев назад

    မင်္ဂလာပါ ဆရာ
    ဆယ်တန်းအောင်လက်မှတ် နဲ့ ပတ်စပို့ နဲ့က
    မွေးသက္ကရာဇ်လွဲနေလို့ ။
    အဲလိုရော အဆင်ပြေနိုင်လားရှင့် ။
    ပြန်ဖြေပေးပါအုံး ဆရာ 🙏🙏🙏

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  7 месяцев назад +1

      မရနိုင်လောက်ဘူးဗျ။ ကျနော့်ထက် ပိုသိတဲ့ ဝါရင့် ဆရာတွေဆီမှာ တစ်ချက်မေးကြည့်စေချင်ပါတယ်ဗျ။ POEA ဘက်ကို ဖုန်းဆက်မေးကြည့်ရင်လည်း သိရနိုင်တယ်။

  • @layoung337
    @layoung337 8 месяцев назад

    GED ဖြေထားတဲ့သူကော်ရလားဗျ ဆယ်တန်း မဖြေထားလို့ပါဗျ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +3

      ယောက်ျားလေးဆိုရင် ပညာအရည်အချင်းမလိုပါဘူး ညီ

    • @WarKhaing-iw1ue
      @WarKhaing-iw1ue 7 месяцев назад

      ဆရာရှင့်GEDနဲ့ကဘာလို့လဲ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  7 месяцев назад

      @@WarKhaing-iw1ue GED ကို နိုင်ငံတကာက အသိအမှ‌တ်ပြုပေမဲ့ POEA ဘက်က လက်ခံလားဆိုတာ သေချာ မသိလို့ပါဗျ။

  • @rhogaming528
    @rhogaming528 8 месяцев назад

    Service job က ယောင်္ကျားလေးအတွက်ရောအဆင်ပြေလားဗျ ရွေးချင်လို့ ဆယ်တန်းလည်းအောင်ထားပြီးသားမလို့ဗျ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад

      ယောက်ျားလေးတွေလည်း ရွေးလို့ရပါတယ်ညီ။ ဟိုတယ်၊ ကွန်ဒိုနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာ ဝင်လုပ်ရမှာပါ။ စာမေးပွဲမှာ အမျိုးသမီးတွေလည်း ဝင်ဖြေမှာမို့ သေချာ စာလုပ်မှ အဆင်ပြေပါမယ်။

  • @February-t7g
    @February-t7g 8 месяцев назад

    korea language level ဘယ်လောက်ထိတတ်ထားရဖို့ပါလဲ ဆရာ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад

      အဲ့လို မသတ်မှတ်ထားပါဘူးဗျ။ EPS သင်ရိုး သင်ယူတတ်မြောက်ထားရင် ရပါပြီ။ ပုံမှန်အားဖြင့် Topik Level 3 လောက်ရထားရင် eps စာမေးပွဲ ဖြေရာမှ အခက်မတွေ့နိုင်ပါ။ သို့သော် လုပ်ငန်းခွင်သုံး ဝေါဟာရတွေ၊ eps မေးခွန်းဟောင်းတွေတော့ လေ့လာထားဖို့ လိုပါတယ်။

  • @meemee18578
    @meemee18578 8 месяцев назад

    ​အောင်လက်မှတ်က မူရင်းလားမိတ္တူလားအကို

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад

      ဖြစ်နိုင်ရင်တော့ မူရင်းကို Scan ဖတ်ပြီး ဖုန်းထဲ ထည့်ထားပါ။
      မူရင်းရှာရခက်ရင် မိတ္တူ Scan လည်း အဆင်ပြေမှာပါ။

    • @meemee18578
      @meemee18578 8 месяцев назад

      ဟုတ်​​ကျေးဇူးပါ

  • @Myatnoenoekhaing
    @Myatnoenoekhaing 19 дней назад +1

    ၂၀၂၅မှာမိန်းကလေးခေါ်ဖိုရှိသလား

  • @khinhninwai-ii4br
    @khinhninwai-ii4br 7 месяцев назад

    ဆရာရှင့် ဒီစာမေးပွဲပီးရင်နောက်စာမေးပွဲတွေမှာရောမိန်းခလေးတွေမခေါ်တော့လားရှင့်
    ပြောပြပေးပါအံုး ဒီစာမေးပွဲအတွက်ကြိုမပြင်ဆင်ရသေးလို့ပါ

  • @YadanarPhyo-c1u
    @YadanarPhyo-c1u 7 месяцев назад

    မျက်လုံးပါဝါရှိတဲ့သူက မျက်မှန်နဲ့skill testဖြေလို့ရလားရှင့်

  • @SweyZinOo
    @SweyZinOo 8 месяцев назад

    မျက်မှန်တပ်ရတဲ့လူတွေရောဖြေလို့ရလားဆရာcolour blindတော့မရှိဘူး

    • @soesandarwin4844
      @soesandarwin4844 8 месяцев назад

      မျက်မှန်နဲ့လဲရတယ် မြင်ရရင်ပြီးရော

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад

      ကာလာဘလိုင်းမဟုတ်ရင် ရပါတယ်ဗျ

  • @kogyi6917
    @kogyi6917 4 месяца назад +1

    ဆရာကျတော်အဆုပ်မှာအမာရွတ်ရှိတယ်သွားလို့မရဘူးပြောတယ်ဆရာဆယ်တန်းလဲမအောင်ဘူးတခြားနည်းလမ်းတေနဲ့သွားလို့ရလားဆရာ😢

  • @ZinThu6922
    @ZinThu6922 8 месяцев назад +1

    ဆရာရှင့်ဒီနှစ်မမီတော့လို့နောက်နှစ်တွေမှာရောမိန်းကလေးတွေထပ်ခေါ်အုန်းမှာလားရှင့်အရမ်းပိန်တော့ကိုယ်အလေးချိန်အားနည်းချက်လည်းရှိပါတယ်ရှင့်စာမေးပွဲကလည်းလုပ်သားလိုအပ်ချက်အရပဲခေါ်တာဆိုလို့တစ်နှစ်တစ်ကြိမ်မရှိနိုင်ဘူးလားဆရာသေချာဖြေကြားပေးပါရှင့်ဆရာကျန်းမာပါစေ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +3

      ပုံမှန်ဆို EPS စာမေးပွဲက နှစ်စဉ် ကျင်းပပေးလေ့ရှိပါတယ်။ ကိုရိုနာနဲ့ နိုင်ငံရေးကြောင့် နှောင့်နေးသွားရာကနေ တဖြည်းဖြည်းတော့ ပြန်လည် လည်ပတ်စ ပြုလာပါပြီ၊ 2025 ထဲ စာမေးပွဲက ရှိချင်မှ ရှိနိုင်မယ်။ 2026 ထဲတော့ ရှိနိုင်မယ်လို့ သုံးသပ်လို့ ရတယ်။ စောင့်ကြည့်ဖို့ လိုတာပေါ့။။ စာမေးပွဲကတော့ ကျင်းပပေးမှာပါ။ အတိအကျ မသိသေးတာပဲ ရှိတယ်။ ပြင်ဆင်ထားတာ ကောင်းပါတယ်။ မိန်းကလေးတွေ အနေနဲ့ ဒီနှစ် စခေါ်ပေးတာမို့ နောင်လာမဲ့ နှစ် စာမေးပွဲတွေမှာလည်း ဖြေဆိုခွင့် ရမှာပါဗျ။ အရပ်အမြင့်၊ ကိုယ်အလေးချိန်တော့ မသတ်မှတ်ထားပါ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် နည်းနေရင် လေ့ကျင့်ခန်း၊ အားကစား စတာတွေ လုပ်ပါ။

  • @UsoeMyint-u8x
    @UsoeMyint-u8x 2 месяца назад

    အကိုတခုလောက်မေးချင်လို့ပါကိုရိးယားမှာအိမ်ထောင်ကျနေတဲ့အမျိုးကမြန်မာနိူင်ငံကအမျိုးကိုဘယ်နှစ်ယောက်ခေါ်ခွင့်ရှိလဲဗျ

  • @MayZinoo-d4i
    @MayZinoo-d4i Месяц назад

    ဆရာရေမိန်းခလေးတွေကရမှတ်များများလုပ်နိုင်ရင်သွားနိုင်ချေသေချာတေမဟုလားရှင့်

  • @LwinLwinAung-uh2vb
    @LwinLwinAung-uh2vb 8 месяцев назад +1

    အင်တာဗျူးမေးတဲ့သူကကိုရီးယားလူမျိုးလားမြန်မာလူမျိုးလားဆရာပြောပြပေးပါအုံး

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  8 месяцев назад +1

      လူတွေ့အင်တာဗျူးမှာ ကိုရီးယားလူမျိုးက အဓိက မေးပါတယ်။ အကူ မြန်မာစကားပြန် ဝန်ထမ်းတော့ ထားပေးပေမဲ့ မြန်မာစကားနဲ့ မေး၊ ဖြေ မလုပ်ရပါ။

  • @Maungpo-u8l
    @Maungpo-u8l 4 месяца назад

    အစ်ကိုပျောက်နေတာကြာပြီနေကောင်းရဲ့လားvedioထပ်တင်ပေးပါ

  • @minthu183
    @minthu183 7 месяцев назад

    ကိုရီယားနိုင်ငံရဲ့အအေးဆုံးရဲ့အပူချိန်ကိုသိရင်ပြောပြပေးပါအစ်ကို

  • @PaPaSoe-wo6wf
    @PaPaSoe-wo6wf 2 месяца назад

    စိုက်ပျိုးရေးနဲ့သွားချင်လို့ဘယ်လိုဆက်သွယ်ရမလဲ