ကမ္ဘာကုန်ကျယ်သ၍ ခင်ညွန့်ရည် တီး-စန္ဒရားတင်ဝင်းလှိုင်
HTML-код
- Опубликовано: 10 дек 2024
- တေးရေး - တက္ကသိုလ်ဘုန်းနိုင်
နီလာမိုး၊ မိုးတခွင်၊ ဖြန့်ဝန်းနှံ့စင်၊ငွေမင်ရည်မြ၊ ဆွေရှင်သီတ၊ဆန်းလ ပုဏ္ဏမီ၊ မှုန်ရီပြာလဲ့၊သိုင်းဖွဲ့ဖွဲ့ဝေဝေစီ၊နဝင်းလ သင်္ခါညီ။
ပင်ထက်ဟိုဆီ၊ဘယ်ရေးကိုဆိုသည်၊ နွေတေးရှင်ငှက်မောင်တကိုယ်ရည်၊ လွမ်းတေးကိုသူပင် သီရော့မည်။ ရော်ရီမှန်းဆသည်၊အိပ်မက်ဆန်တဲ့၊ နွေညပန်းချီ နွေညပန်းချီ၊ နှင်းမြူရိပ်ကိုမြင်လျှင် အမှတ်မထင် ဝေဝေဝါး၊ဘဝပမာလေလား၊ တင်စားမိသည် (မူကွဲ-ယုံစားမိသည်) ဆီးတားကာဝှက်၊ လရက်နာရီ၊ချိန်မင်ရည်၊ အုံ့ကာဆိုင်းလို့မပီ၊တပိုင်းပြယ်လွင့် နွေအဖွင့်သို့
လေသင့်ရာလျော မြော ၊ရွှေရင့်လွှာ သိင်္ဂီ။
လွမ်းမောသီကရီ မေ့မရလေပြီ၊ ဂိမ္ဘာန်ခါတွင်းမည်၊ဆောင်းရက်ကြွင်းသည့်နှယ်
နွယ်ဦးမွန်မို့ချစ်ထွဋ်တင်သည်
ကမ္ဘာကုန် ကျယ်သရွေ့ဝယ်၊ကမ္ဘာကုန် ကျယ်သရွေ့ဝယ်၊လွမ်းရမည်၊
သံသာဝဲ ရစ်တွဲနှောင်ချည်၊နွေရတု ခုမိန်ဆီ
ညောင်းရွက်ဝါတို့၊စျာန်ယဉ်ပြောင်း ပြယ်ကောင်းလေသော၊စိတ်ဇော မနဿီမည်။
သူကဆိုတာပျော့ လွှမ်းမိုးကတအားအောမ မူရင်းရေနံ့သာစိုးလှိုင်ဆိုတာအကြိက်ဆုံး
ခင်ညွန့်ရည်ကလဲအဆိုပိုင်တာဘဲ
ကောင်းပါတယ်အရသာကတော့တမျိုးစီပေါ့....
ကျေးဇူးတင်ရပါသည်❤💋❤
တိးလုံးနဲ့လိုက်ဖက်ကောင်းပါသည်
ကျေးဇူးတင်ပါသည်
Good
we admire Sayagyi Phone Naing
ရေနံသာစိုးလှိုင်ဆိုတာတင်ပေးစေလိုပါသည်
မူလအဆိုရှင် ရေနံ့သာစိုးလှိုင်
ပါ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်
နှင့်ဂီတွဲဘက်တွေပါ
သိပ်ကြိုက်ပါသည်ခ်ငဗျား
စန္ဒယားပညာရှင်၏ နုညံ့ ပျော့ပြောင်း ညင်သာလှသော တီးခတ်မှုကို ချီးကျူးရပါသည်
❤
စပယ်
Yp
ရေး၊ဆို၊တီး မြန်မာသံစဉ်တွေကို ဦးစားမပေးတဲ့ ခေတ်တခေတ်ကို မြင်လာရတာ ဝမ်းနည်းစရာကောင်းလှပါတယ်၊ ဆို က ရေး တီး ရှိတယ်လေလို့ လာမပြောနဲ့နော် မြန်မာလူထုကြားထဲ တိုးမဝင်နိုင်တော့ပါဘူးဗျာ၊မြန်မာသံစဉ်စစ်စစ်တွေ မျိုးဆက်ပြတ်ပါပြီ။
အဆိုရှင်တွေရှိပေမဲ့ မထင်ပေါ်နိုင်တော့ဘူး ဒါလား မြန်မာ့ရိုးရာ ယဉ်ကျေးမှု ။
ကျေးဇူးတင်ပါသည်
ခင်ညွန့်ရည်ကလဲအဆိုပိုင်တာဘဲ