တမန်တော်မုဟမ္မဒ်နှင့်အိမ်တော်သူအိမ်တော်သားများ မျိုးရိုးဆင်းသက်လာကြပုံ

Поделиться
HTML-код
  • Опубликовано: 5 фев 2025
  • တမန်တော်မုဟမ္မဒ် ကို အေဒီ (၅၇၀) ခုနှစ် ဝန်းကျင်က မက္ကာမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့မွေးနေ့မွေးရက်ကို တိတိကျကျဖော်ပြဖို့မဖြစ်နိုင်တော့ပါ။ အေဒီ (၆၃၂)ခု၊ အသက်(၆၀) အရွယ်လောက်မှာ ကွယ်လွန်ခဲ့တယ်လို့ ယေဘုယျအားဖြင့် ပညာရှင်အားလုံး အဆိုညီကြပါတယ်။ ဒီဇယားမှာ အစ္စလာမစ်ယုံကြည်မှုအရ ရုပ်ပုံများကို ဖော်ပြခြင်းမပြုပဲ အရဗီပန်းအလှ ပန်းချီစာလုံးများနဲ့ ရေးဆွဲထားတဲ့ အမည်နာမများကိုသာ ဖော်ပြထားပါတယ်။ ကိုယ်တော်မြတ်ကြီး သက်ရှိထင်ရှားရှိစဉ်ကတည်းက ပုံတူရေးဆွဲခြင်းကို တားမြစ်ခဲ့တာကြောင့် မွတ်စလင်တို့ အနေနဲ့ ကိုယ်တော်မြတ်ကြီးရဲ့ ဆုံးမဩဝါဒအတိုင်း လိုက်နာကျင့်သုံးကြခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အာရုံခံစားနိုင်တဲ့ ဘယ်သက်ရှိမျိုးကိုမဆို အခုလို ဆင်ခြင်ကြပါတယ်။ ဒါကြောင့် အစ္စလာမစ် ပန်းချီဟာ ရုပ်လုံး ပုံဖော်ခြင်းထက် အဆင်းတန်ဆာ အဆင်အယင်ကိုသာ ဦးစားပေးပါတယ်။
    ကိုယ်တော်မြတ်ကြီးဟာ ဟာရှင်မျိုးနွယ်စုကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အရဗ်မျိုးနွယ်စုများထဲက မျိုးနွယ် စုတစ်ခုဖြစ်တဲ့ ကူရိုက်ချ်မျိုးနွယ်စုရဲ့ မျိုးနွယ်စုအစိတ်အပိုင်းတစ်ခုလို့လဲ သိရပါတယ်။ ဒီဇယားကို ကိုယ်တော် မြတ် ကြီးရဲ့ဘိုးဘေးဖြစ်တဲ့ အဗ္ဗဒူလ်မနဖ် ကစထားပါတယ်။ နောက်ထပ် အထက်အဆက်များသို့ ဆက်သွားကြည့် မယ် ဆိုရင် ဖိဟရ်အိဗ္ဗနုမာလိခ် ကဆင်းသက်လာတာ တွေ့ရပါ့မယ်။ သူက ကူရိုက်ချ် မျိုးနွယ်စုရဲ့ ဘိုးဘေး တစ်ဦး ဖြစ်ပါတယ်။ နောက်ထပ် အထက်အဆက်များကို ဆက်သွားကြည့်မယ်ဆိုရင် ကူရိုက်ချ် မျိုးနွယ်စုဟာ သူ့တို့ ရဲ့ဘိုးဘေးတစ်ဦးဖြစ်တဲ့ အဒ္ဒန် ကနေဆင်းသက်လာတာတွေ့ရပါ့မယ်။ ဒါကြောင့် သူတို့ဟာ အဒ္ဒန်နိုက် များဖြစ်ကြ ပါတယ်။ တကယ်တော့ အဒ္ဒန်နိုက်များဟာ အရဗ်များ မဟုတ်ကြပါ။ ဘီစီ (၆) ရာစုနှစ် လောက်မှာ ဘေဘီလုံး နီးယားလက်သစ်တွေက သူတို့ဘုရင်နိုင်ငံတော်ကို ဖြိုးဖျက်ပစ်ကြပြီး တောင်ဘက်က အရေးဗီးယား ကျွန်းဆွယ်ကို မောင်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံ အဒ္ဒနန်နိုက်အရဗ်များကို တောင်ပိုင်း ကဟ်တာနိုက် အရဗ်များက သူတို့သာ အရဗ်များဖြစ်ကြတယ်လို့ ခွဲခွဲခြားခြားဖော်ပြတာ မျိုးတွေ့ရတာ ဖြစ်ပါတယ်။
    Music : Desert Caravan Aaron Kenny

Комментарии • 12

  • @kaungmyat3075
    @kaungmyat3075 9 месяцев назад +1

    Mashallah ဒီထပ်ပိုပြီးတင်ဆက်နိုင်ပါစေ

  • @YeHtut-xp7xb
    @YeHtut-xp7xb 3 месяца назад +1

    Imam MEHDI အကြောင်းလေးလုပ်ပါဦး။

  • @TinAye-h7w
    @TinAye-h7w 9 месяцев назад

    MashaAllah

  • @Afellay-s9h
    @Afellay-s9h 9 месяцев назад

    ❤❤❤❤❤❤❤❤❤

  • @HanNaingSoe-ol2xc
    @HanNaingSoe-ol2xc 9 месяцев назад

    ၊❤❤

  • @chanlay1939
    @chanlay1939 9 месяцев назад

    အစ်စလားမိုအာလိုင်းကွမ်း

  • @STA-75
    @STA-75 9 месяцев назад +1

    Roman empires အကြောင်းလေးလဲတင်ပေးပါဦးဆရာ

    • @ktmediamyanmar
      @ktmediamyanmar  9 месяцев назад +1

      လေ့လာဆဲပါ/ ဥရောပကျွန်တော်မကျွမ်းကျင်ဘူး

    • @STA-75
      @STA-75 9 месяцев назад +1

      @@ktmediamyanmar ဟုတ်ကဲ့ပါ Roman empires အကြောင်း video မြန်မာပြန်မတွေ့လို့ပါဗျ ဆရာ လုပ်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ် ကျေးဇူးပါ

    • @ktmediamyanmar
      @ktmediamyanmar  9 месяцев назад +1

      @@STA-75 လုပ်ဖြစ်ပါလိမ့်မယ် / Rome ဆိုပြီ video ဇတ်လမ်းတွဲ ရှိတယ်/ကျွန်တော်တော့တအားကြိုက်တယ်/family တော့မဟုတ်ဘူး