မြင်းမူ တောချောင်းဦးရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၃၀ ခန့် ကြဲချတိုက်ခိုက်

Поделиться
HTML-код
  • Опубликовано: 8 сен 2024
  • MTO
    မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ တောချောင်းဦးကျေးရွာရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးအလုံး ၃၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း Farmers Revolution Force မုံရွာခရိုင်တပ်ရင်း(၈)မှ ဩဂုတ်လ ၄ ရက်နေ့က သတင်းထုတ်ပြန်သည်။
    ဩဂုတ်လ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် တောချောင်းဦးရဲစခန်းကို တကီလို၊ နှစ်ကီလိုဗုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင်ရင်း(၈) တပ်ခွဲ (၃)မှ တာဝန်ရှိသူတဦးက ပြောသည်။
    “သူတို့ရဲ့ ဘန်ကာတွေ၊ အဆောက်အဦးတွေနဲ့ ဘေးပတ်ချာလည်မှာရှိတဲ့ကတုတ်ကျင်းတွေကို ပစ်မှတ် ထားတိုက်ခိုက်ခဲ့တယ်။ ပစ်မှတ်တွေနဲ့အနီးစပ်ဆုံးကို ကြဲချနိုင်ခဲ့တယ်။ Jammar (ဆက်သွယ်ရေးလှိုင်း ဖြတ်စက်) ပျက်စီးသွားတယ်ထင်တယ်၊ ကျတော်တို့ရဲ့ Scout ဒရုန်းက သူတို့ရဲ့ အထိုင်စခန်းနားအထိ ဝင် နိုင်ခဲ့တယ်။ လူထိခိုက်သေဆုံးမှုကတော့ စုံစမ်းဆဲဖြစ်တယ်” ဟု ၎င်းကပြောသည်။
    တောချောင်းဦးရဲစခန်းတွင် စစ်ကောင်စီတပ်နှင့်ရဲ ပူးပေါင်း အင်အား ၅၀ နီးပါးရှိပြီး စစ်ကြောင်းများနှင့် ပူးပေါင်းကာ လမ်းပြခြင်း၊ ပြည်သူများကို ဖမ်းဆီးငွေညှစ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်းသိရသည်။
    အလားတူ ဩဂုတ်လ ၁ ရက်နေ့ကလည်း ချောင်းဦးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ နတ်ရေကန်တပ်စခန်း ကို ဒရုန်းဖြင့် နှစ်ကီလိုဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း (၈)မှ သတင်းထုတ်ပြန်ထားသည်။
    အဆိုပါ တိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ်(၈)တပ်ရင်း -Farmers Revolution Force ၊ Black Eagle Defence Force-MMU ၊TGYR-Youth Guerrilla Counter Revolution-(ငါန်းဇွန်)၊ မြင်းမူမြို့နယ် ပ.က.ဖ၊ ရေနဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    စာတည်း။ ။စောဖေ
    #စစ်ကိုင်းတိုင်း
    #မြင်းမူမြို့နယ်
    #တောချောင်းဦးရဲစခန်း
    #Farmers_Revolution_Force
    -----------------------------------------
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
    bit.ly/2VhJ12U (သို့မဟုတ်) tinyurl.com/do...
    Subscribe our channel:
    / @mizzimanewstv
    Follow us:
    Facebook | Myanmar Language / mizzimadaily
    Facebook | English language / mizzimamyanmarnews
    Facebook | Mizzima+TV / mizzimaplustv
    Twitter / mizzimanews
    Telegram t.me/mizzimatv
    Sportify open.spotify.c...
    Mizzima TV App onelink.to/jnuwak
    Mizzima Weekly Analysis & Insight Patreon patreon.com/Mi...
    Website :
    bur.mizzima.com
    eng.mizzima.com
    www.mizzima.tv
    .....................
    About us:
    Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

Комментарии • 6

  • @freemanmooremyanmar
    @freemanmooremyanmar Месяц назад +6

    မအလကင်းစင်
    မြန်ပြည်တခွင်
    အားလုံးပြုံးပျော်ရွင်
    🎉🎉🎉🎉🎉🎉

  • @sanaung9868
    @sanaung9868 Месяц назад

    လုပ်တဲ့ အရာတိုင်းထိရောက်ပါစေ
    ကြိုးစားမှုနဲ့ ရလဒ် မျှခြေရှိမှ အကျိုးရှိမှာပါ

  • @mgsoe7602
    @mgsoe7602 Месяц назад +1

    ရှောသွားတဲ့သတင်းကြားရပါစေ

  • @user-kd4mq7yl6n
    @user-kd4mq7yl6n Месяц назад

    ရဲခွေးနဲ့ စစ်ခွေးတွေကို ကျဲချတာ ကြည့်ချင်တာ

  • @myogyi2886
    @myogyi2886 Месяц назад

    ❤❤❤❤❤🫡🫡🫡🫡🫡💪💪💪💪💪

  • @PhuePyaeSone-eh1lf
    @PhuePyaeSone-eh1lf Месяц назад

    ကိုယ်ရောက်ခဲ့ဖူးတဲ့တောချောင်းဦးရွာလေးသတိရတယ်