Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Поделиться
HTML-код
  • Опубликовано: 9 фев 2025
  • Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
    By ရန်ကုန်ခေတ်သစ်
    ဒီကနေ့ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
    -အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ အကြမ်းဖက်စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းကို ထိုးစစ်ဆင် ချေမှုန်းနေတဲ့ ဗျူဟာ ၃၂ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော ဦးဆောင်တဲ့ ကော်ဘရာကော်လံက တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်တွေ့ဆုံပြီး အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
    ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ အာရှလမ်းမကြီးကို ပြန်လည်သိမ်းပိုက်မယ်လို့ ကြွေးကြော်ထားတဲ့ အောင်ဇေယျစစ်ကြောင်းမှာ အကြမ်းဖက်စစ်တပ်က ပို့ပေးတဲ့ ရိက္ခာခြောက်တွေကို အရာရှိတွေသာ စားသောက်ခွင့် ရပြီး အောက်ခြေစစ်သားတွေဟာ ခေါက်ဆွဲခြောက်တစ်ထုပ်ကို ၃ ဦး မျှစားနေရတယ်လို့ အလင်းဝင်လာသူ စစ်သားတွေက ထုတ်ဖော်ပြောဆိုပါတယ်။
    -ကမ္ဘောဇဘဏ်စာရင်းတွေနဲ့ ချိတ်ဆက်ထားတဲ့ KBZ Pay ခေါ် K Pay အကောင့်တွေကနေ အလို အလျောက် ငွေကြေးတွေကို လွှဲပြောင်းတာ၊ ငွေတွေ ခိုးခံရတာတွေ ဖြစ်ပေါ်ပြီးနောက် KBZ Pay အကောင့်တွေကနေ ငွေတွေကို ပြည်သူတွေက ပြန်လည်ထုတ်ယူမှုများပြားနေလို့ အကောင့်တစ်ခုကို ငွေကျပ် ၁၀ သိန်းသာ ကန့်သတ်ထုတ်ပေးတော့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Комментарии •