တနင်္သာရီတိုင်းတွင်တိုက်ပွဲပြင်းထန်နေတာကြောင့်မြန်မာစစ်ဘေးရှောင်၂၀၀ နီးပါး ထိုင်းနိုင်ငံသို့ထွက်ပြေး

Поделиться
HTML-код
  • Опубликовано: 7 фев 2025
  • ထိုင်းမြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့မာရမ်းရဲစခန်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံစစ်ရှောင် ၂၀၀ နီးပါးဟာ ထိုင်းဘက်ခြမ်းကို ယာယီထွက်ပြေးခိုလှုံနေရကြောင်း သိရပါတယ်။
    မာရမ်းကျေးရွာထဲက မာရမ်းရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန်လ ၂၂ ရက်နေ့မနက်က ဝင်ရောက်ပစ်ခတ်ခဲ့ကာ ရဲကင်းစခန်းထဲမှာရှိနေတဲ့ စစ်သားနဲ့ရဲတွေနဲ့ ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ခဲ့တာပါ။
    တိုက်ပွဲတွေကြောင့် မာရမ်းကျေးရွားသားတွေဟာ ထိုင်းနိုင်ငံ ရနောင်းခရိုင်ထဲကို ထွက်ပြေးသွားကြတယ်လို့ ဒေသခံတဦးကပြောပါတယ်။
    ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းဘက် ရနောင်းခရိုင်ထဲက နမ့်ချတ်မြို့နယ်၊ အမှတ် ၅၊ နမ့်ဒေါင်ကျေးရွာသားတွက ကူညီပေးထားပြီး နေရာထိုင်ခင်းစီစဉ်ပေးထားတယ်လို့သိရပါတယ်။
    တော်လှန်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်တဲ့ အဆိုပါ ရဲစခန်းမှာ အင်အားမရှိဘူးလို့ဆိုကာ သွားရောက်တိုက်ခိုက်ရာမှ စစ်ကောင်စီဘက်က ရဲတပ်ဖွဲနဲ့ စစ်ကောင်စီတပ်သားများ ပေါင်းပြီး အင်အား ၃၀ ခန့် ပြန်လည်တိုက်ခဲ့ကြောင်း မြေပြင် တော်လှန်ရေး ရဲဘော်တွေရဲ့ပြောပြချက်အရသိရပါတယ်။
    ယင်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့မှ လက်နက်အင်အားမမျှတာကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မာရမ်းရွာရှိ သက်ကြီးပိုင်းနဲ့ ကလေးသူငယ်များ အပါအဝင် အရပ်သား ၂၀၀ ကျော်ဟာ ထိုင်းနိုင်ငံနယ်စပ်ဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း ဒေသခံတွေထံကသိရပါတယ်။
    တိုက်ပွဲတွေက လက်နက်ကျည်ဆံတွေက လူနေအိမ်တွေကို လာရောက်ထိမှန် ကျရောက်ပေါက်ကွဲနေခဲ့တာကြောင့် မာရမ်းကျေးရွာသားတွေဟာ အသက်အန္တရယ်စိုးရိမ်ပြီး ထိုင်းဘက်ကို ထွက်ပြေးလာရတယ်လို့ဆိုပါတယ်။
    ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းပြီးတကည်းက ကော့သောင်းခရိုင်ထဲ တိုက်ပွဲဖြစ်တိုင်း ရာနဲ့ချီတဲ့ ဒေသခံတွေ ထိုင်းဘက်ကိုထွက်ပြေးလေ့ရှိပြီး တိုက်ပွဲတွေ ငြိမ်သွားမှ နေရပ်ပြန်လေ့ရှိပါတယ်။
    လက်ရှိ ထိုင်းဘက်သို့ ရောက်ရှိနေတဲ့ မြန်မာစစ်ရှောင်များကို ထိုင်းနိုင်ငံ တာဝန်ရှိသူများက လူသားချင်းစာနာမှု အကူအညီများပေးထားကာ တိုက်ပွဲတည်ငြိမ်ပါက ပြန်လည် ပို့ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေအရသိရပါတယ်။
    စစ်ရေးအရှိန်တက်လာတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့မေလထဲ နေရပ်စွန့်ခွာ ထွက်ပြေးရသူက ၆ သောင်းနီးပါးအထိ ရှိခဲ့တယ်လို့ စာရင်းကောက်ယူထားတဲ့ ဒေသတွင်းအဖွဲ့တခုဖြစ်တဲ့ FE5 Tanintharyi က ထုတ်ပြန်ထားပါတယ်။
    သရက်ချောင်း၊ ဘုတ်ပြင်း၊ ပုလောနဲ့ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲအခြေအနေကြောင့် နေရပ်စွန့်ခွာရသူ အများဆုံးရှိခဲ့တာဖြစ်ပါတယ်။
    တနင်္သာရီတိုင်းတွင်း လက်နက်ကိုင်ပဋိပက္ခကြားမှာ နှစ်ဘက်အပြန်အလှန် ထိခိုက်သေဆုံးတာ ရှိသလို အရပ်သားသေဆုံးတာတွေလည်း ရှိနေပါတယ်။ အဲဒီထဲမှာ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ တိုက်ပွဲအတွင်း ဒေသခံနေအိမ် မီးရှို့ခံရတာ၊ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်တာတွေကြောင့် လူနေအိမ် ၈၇ လုံးထက်မနည်း မီးလောင်ပျက်စီးပြီး သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာက ပျက်စီးမှုအများဆုံး ရှိခဲ့တယ်လို့ FE5 Tanintharyi ရဲ့ မေလအတွက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    #PoliticalNews
    #Mizzima
    -----------------------------------------
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
    bit.ly/2VhJ12U
    Subscribe our channel:
    / @mizzimanewstv
    Follow us:
    Facebook | Myanmar Language / mizzimadaily
    Facebook | English language / mizzimamyanmarnews
    Facebook | Mizzima+TV / mizzimaplustv
    Twitter / mizzimanews
    Telegram t.me/mizzimatv
    Sportify open.spotify.c...
    Mizzima TV App onelink.to/jnuwak
    Mizzima Weekly Analysis & Insight Patreon patreon.com/Mi...
    Website :
    bur.mizzima.com
    eng.mizzima.com
    www.mizzima.tv
    .....................
    About us:
    Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

Комментарии • 5

  • @teliboyy
    @teliboyy 7 месяцев назад +1

    ခွေးမသားမင့်ပြောနေတာနင့်ကဒီမာဖြစ်တာကတချားဆီကွငါမာရမ်းမာနေတာကွ

    • @JamesarthurJames-oz8zr
      @JamesarthurJames-oz8zr 6 месяцев назад

      ဟုတ်တယ်ဘာမှမဆိုင်ဘူးခမောက်ကြီးမှာဘယ်လိုဖြစ်မှာဒီလောက်စစ်တပ်ပေါတာနယ်ခံတောင်မသိဘူးဟ

  • @UMyintLwin-v8r
    @UMyintLwin-v8r 23 дня назад

    အရက်သားတွေသေပြန်ပိလားကွာ

  • @koa818
    @koa818 7 месяцев назад

    Important region

  • @UMyintLwin-v8r
    @UMyintLwin-v8r 23 дня назад

    😅