| People's Spring

Поделиться
HTML-код
  • Опубликовано: 10 сен 2024
  • " ချင်းပြည်နယ်ရဲ့ လူဦးရေ ထက်ဝက်နီးပါး စစ်ရှောင်နေရ ၊ သံတွဲမြို့ဆီပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်တွေရပ်နား ၊မြဝတီက အလုပ်ခေါ်စာတွေကိုသတိပြုကြဖို့ နိုင်ငံသားတွေကို အိန္ဒိယသံရုံးသတိပေး၊ရုရှားရဲ့ ဒုံးကျည်စနစ်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းထုတ်ပြန် "
    People's Spring | ဒီကနေ့အတွက် သတင်းတိုထွာ (ဇွန် − ၄ ၊ ၂၀၂၄)
    ဒီနေ့ ဇွန် ၃ ရက်မှာဖြစ်ပွားခဲ့တဲ့သတင်းတွေထဲက အချို့ကို ကောက်နှုတ် တင်ဆက်သွားမှာဖြစ်ပါတယ်။
    ချင်းပြည်နယ်ရဲ့ လူဦးရေ ထက်ဝက်နီးပါး စစ်ရှောင်နေရ
    စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ပြည်နယ်လူဦးရေရဲ့ထက်ဝက်နီးပါးရှိလာပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ကြေညာပါတယ်။
    ချင်းပြည်နယ်ရဲ့လူဦးရေဟာ ငါးသိန်း ခန့်ရှိပြီး နှစ်သိန်းခွဲကျော် ဟာ ပြည်နယ်အတွင်းမှာရော ၊ အိမ်နီးချင်း အိန္ဒိယ နိုင်ငံထဲကိုရော စစ်ရှောင်နေကြရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ကဆိုပါတယ်။
    ဒီလိုအခြေအနေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီမရတဲ့အခြေအနေကလည်း ဆိုးရွားနေတယ်လို့ အသိပေးထားပါတယ်။
    ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်နဲ့ တီးတိန်မြို့နယ်တွေက တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူဦးရေတိုးလာတယ်လို့သိရပါတယ်။
    တွန်းဇံမြို့နယ်က ပြည်သူတွေဟာ နယ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးရသလို တီးတိန်မြို့ခံတွေကတော့ အိန္ဒိယဘက်ရော ၊စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဘက်ကိုပါ ထွက်ပြေးခဲ့ရတာပါ။
    ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ စစ်တပ်အာဏာသိမ်းနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်နယ်အတွင်း အရပ်သား ပြည်သူ ၉၀ ကျော်သေဆုံးပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
    ဒီလို ထိခိုက်သေဆုံးတဲ့စာရင်းထဲမှာ ကလေးသူငယ်တွေနဲ့အမျိုးသမီးတွေလည်းပါဝင်ကြပါတယ်။
    = = =
    သံတွဲမြို့ဆီပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်တွေရပ်နား
    နာမည်ကျော် ငပလီကမ်းခြေ တည်ရှိရာ ရခိုင်ပြည်နယ် တောင်ပိုင်းက သဲတွဲမြို့မှာ စစ်ကောင်စီတပ်နဲ့ AA တို့ကြား တိုက်ပွဲတွေကြောင့် လေကြောင်းခရီးစဉ်တွေ ပြေးဆွဲတာ ရပ်နားလိုက်ရတယ်လို့ သိရပါတယ်။
    ရန်ကုန်မြို့မှာရှိတဲ့ လေယာဉ် လက်မှတ်အရောင်းဌာနကိုဆက်သွယ်မေးမြန်းရာမှာတော့ လာမယ့် တနင်္ဂနွေ့နေ့ ( ဇွန်လ ၉ ရက်) မှာ လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲဖို့ရှိတယ်လို့ အသိပေးပါတယ်။
    သံတွဲလေဆိပ်နဲ့ တစ်မိုင်ပတ်ချာလည်လောက် ထိ တိုက်ပွဲတွေဖြစ်လာပြီးနောက် ဇွန်လ. ၃ရက်ကစတင်ပြီး လေယာဉ်ပြေးဆွဲတာကို ရပ်နားလိုက်တာပါ။
    မနေ့ ကနေ့လယ်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး လေယာဉ်ကွင်းကနေ တစ်မိုင်ဝန်းကျင်မှာရှိတဲ့ ဂေါ့ကျေးရွာကို AA က ထိန်းချုပ်လိုက်နိုင်တယ်လို့သိရပါတယ်။
    ရခိုင်ပြည်နယ်ကို အပြီးတိုင်သိမ်းယူဖို့အတွက် ကျန်ရှိနေသေးတဲ့မြို့တွေကို ထိုးစစ်ဆင်နေတယ်လို့ AA က ပြီးခဲ့တဲ့ ရက်ပိုင်းကထုတ်ပြန်အသိပေးခဲ့ပါတယ်။
    ပြည်နယ်တောင်ပိုင်းက အဓိက ကျတဲ့ သံတွဲမြို့ က တိုက်ပွဲမှာတော့ AA ရဲ့ထိုးစစ်ကို စစ်ကောင်စီတပ်က လေကြောင်းကရော ၊ရေကြောင်းကပါ ခုခံနေပါတယ်။
    = = =
    မြဝတီက အလုပ်ခေါ်စာတွေကိုသတိပြုကြဖို့ နိုင်ငံသားတွေကို အိန္ဒိယသံရုံးသတိပေး
    ထိုင်း − မြန်မာ နယ်စပ် မြဝတီ ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ နိုင်ငံတကာ ရာဇဝတ်လုပ်ငန်းတွေမှာ သားကောင်းမဖြစ်ရဖို့ ရန်ကုန်မြို့မှာရှိတဲ့ အိန္ဒိယ သံရုံးက သူနိုင်ငံသားတွေကို သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
    အဲဒီလုပ်ငန်းတွေဆီ ရဲ့အလုပ်ခေါ်စာကို လက်ခံရင်း သားကောင်အဖြစ် ကျရောက်သွားရသူတွေ များပြားလာလို့ သတိပေးချက်ထုတ်ရတာလို့သိရပါတယ်။
    ဒါကြောင့် အိန္ဒိယ နိုင်ငံသားတွေအနေနဲ့ လူမှုကွန်ရက်က အလုပ်ခေါ်စာတွေ ၊အတည်မပြုနိုင်တဲ့ ရင်းမြစ်တွေဆီက အလုပ်ခေါ်စာတွေကို အိန္ဒိယ သံရုံးနဲ့တိုင်ပင်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းထားတာတွေ့ရပါတယ်။
    အိန္ဒိယသံရုံးရဲ့ သတိပေးချက်ထဲမှာ မြဝတီမြို့တောင်ဘက် က ဖလူးဒေသမှာ နေရာသစ်တစ်ခု ပေါ်ထွက်လာပြီး အဲဒီနေရာမှာ အိန္ဒိယ နိုင်ငံသားအများ စုလူကုန်ကူးခံထားရသလို မလေးရှားနဲ့ ယူအေအီး နိုင်ငံကသူတွေလည်း ရောက်ရှိနေကြတယ်လို့ ပါရှိပါတယ်။
    မြဝတီမြို့နယ် ထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ၊ လောင်းကစားလုပ်ငန်းတွေမှာ နိုင်ငံခြားသား လုပ်သားတွေ ပါဝင် လုပ်ကိုင်နေကြတယ်လို့ လေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေက ပြောဆိုထားပါတယ်။
    BGF ခေါင်းဆောင်ပိုင်းကတော့ အဲဒီလုပ်ငန်းတွေကို လုပ်ကိုင်တာမရှိဘူးလို့ ငြင်းဆိုထားကြပါတယ်။
    = = =
    ရုရှားရဲ့ ဒုံးကျည်စနစ်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းထုတ်ပြန်
    အနောက် မဟာမိတ် နိုင်ငံတွေက ထောက်ပံ့တဲ့ စစ်လက်နက်တွေကို အသုံးပြုပြီး ရုရှားပိုင်နက်ထဲက ဒုံးကျည်စနစ် တစ်ခုကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောကြားခဲ့ပါတယ်။
    ရုရှားရဲ့ S-300 လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်ဟာ လှလှပပ လောင်ကျွမ်း ပျက်စီးသွားခဲ့ကြောင်း၊ အနောက်နိုင်ငံလုပ် စစ်လက်နက်တွေကို ရန်သူ့ ပိုင်နက်ထဲမှာ အသုံးပြုဖို့ ခွင့်ပြုချက် ရရှိပြီး ပထမဆုံး နေ့မှာတင် အခုလို အစွမ်းပြနိုင်ခဲ့တာဖြစ်ကြောင်း ယူကရိန်း အစိုးရ အဖွဲ့ဝင် အိုင်ရီနာ ဗက်ရှ်ချော့ခ်ရဲ့ Facebook စာမျက်နှာမှာ ရေးသား ဖော်ပြထားခဲ့ပါတယ်။
    ဒါ့အပြင် အဲဒီ တိုက်ခိုက်မှုကြောင့် မီးလောင်နေတယ်လို့ ယုံကြည်ရတဲ့ ရုရှား ဒုံးကျည်စနစ်ရဲ့ ဓာတ်ပုံကိုပါ သူက Facebookပေါ် တင်ထားခဲ့ပါတယ်။
    အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းဆီ ထောက်ပံ့ထားတဲ့ စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေထိ တိုက်ခိုက်ဖို့ အကန့်အသတ်နဲ့ ခွင့်ပြုသွားမယ်လို့ ပြောကြားပြီး ရက်ပိုင်းအတွင်း အခုအခြေအနေ ဖြစ်လာတာပါ။
    အမေရိကန်ရဲ့ တခြား အနောက်ဥရောပ မဟာမိတ်တွေကလည်း သူတို့ထောက်ပံ့တဲ့ စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာ မသုံးဖို့ ယူကရိန်းအပေါ် ကန့်သတ်ထားတာတွေကို တစ်စချင်းစီ ဖြေလျှော့ပေးနေပါတယ်။
    #ludunwayoo #လူထုနွေဦး #NewsUpdate
    𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
    𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
    𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
    𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo...
    𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
    𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring

Комментарии • 36

  • @kosan345
    @kosan345 3 месяца назад +6

    မဂ်လာပါ စစ်အုပ်စုကင်းစင်မှ ငြိမ်းချမ်းမှာ တစ်ကိုယ်တော် only one

  • @kosan345
    @kosan345 3 месяца назад +3

    ဒုစရိုက် လုပ်ငန်းရှင်များ က. စစ်အုပ်စုပါ တစ်ကိုယ်တော် only. one

  • @equineports5163
    @equineports5163 3 месяца назад +1

    မင်္ဂလာပါ
    ဂျာမုန်းရေ့
    ကျေးဇူးပါ
    အရေးတော်ပုံအောင်ကိုအောင်ရမည်

  • @vanrothat2663
    @vanrothat2663 3 месяца назад +1

    Hi, Beauty Sanmon ''" wow" You look so beautiful and so Sweet and very special 💖 to day .I love ❤ you ❤ you ❤ you.

  • @WinKo-kb6qw
    @WinKo-kb6qw 3 месяца назад +3

    ဂျာမုန်ရေ မှန်တဲ့သတင်းတွေ တင်ပြပေးနေလို့❤❤❤ အားပေးနေတယ်နော်

  • @kokhin501
    @kokhin501 3 месяца назад +1

    မင်္ဂလာပါ ချစ်ညီမချော လေး ဂျာ ( အရုပ်လေး ) 💖💖💖💖💖💖💖💖

  • @NayThuAung-qj1vr
    @NayThuAung-qj1vr 3 месяца назад +3

    မင်္ဂလာပါညီမဂျာမုန်းခင်ဗျာ၊ကျန်းမာဘေးကင်းပြီးဘဝလုံခြုံအေးချမ်းမှုရှိပါစေခင်ဗျာ။simple beauty.the owner of beautiful brown eyes.be safe.💖💖💖💖💖

    • @NayThuAung-qj1vr
      @NayThuAung-qj1vr 3 месяца назад

      have a warm night, ja 💖💖💖💖💖

  • @winkhaingkhant7231
    @winkhaingkhant7231 3 месяца назад +1

    Thanks.

  • @soewin7108
    @soewin7108 3 месяца назад +1

    Thank

  • @chanpyaeaung99
    @chanpyaeaung99 3 месяца назад +2

    မဂ်လာပါ မမ

  • @htaylwinoooo3784
    @htaylwinoooo3784 3 месяца назад

    We must win 💪💪💪💪💪💯

  • @zawzaw-pt9sq
    @zawzaw-pt9sq 3 месяца назад +1

    မင်္ဂလာပါ ချစ်ညီမချော ဂျာ 💖💖💖💖💖💖💖💖

  • @zawthein8749
    @zawthein8749 3 месяца назад +2

    မဂ်လာပါ

  • @user-rw6lc3my1r
    @user-rw6lc3my1r 3 месяца назад +1

    မင်္ဂလာပါ ဂျာမုန်း

  • @KoSan-gv7zy
    @KoSan-gv7zy 3 месяца назад +1

    ❤❤❤❤❤

  • @WinKo-kb6qw
    @WinKo-kb6qw 3 месяца назад +1

    ❤❤❤

  • @user-or8uf2fz3g
    @user-or8uf2fz3g 3 месяца назад +1

  • @user-ug5ho4km5x
    @user-ug5ho4km5x 3 месяца назад +1

    ❤❤

  • @user-wr3eg5yn8u
    @user-wr3eg5yn8u 3 месяца назад +1

    ❤❤❤❤❤❤😊😊😊😊😊😊😊

  • @user-no2rr9ej2z
    @user-no2rr9ej2z 3 месяца назад

    မဂ်လာပါ ဂျာလေး❤❤❤

  • @LesmatinLesmatin
    @LesmatinLesmatin 3 месяца назад +1

    😮😮😮😮

  • @SamsungA04-ig4vu
    @SamsungA04-ig4vu 3 месяца назад +1

    မဂ်လာပါမမဂျမ်မုံး❤❤❤

  • @uthiha8491
    @uthiha8491 3 месяца назад

    🎉❤😊😮

  • @HlaHlaThan-xd1nh
    @HlaHlaThan-xd1nh 3 месяца назад +1

    ဂျာချစ်တယ်သဲမွမွမွမွမွမွမွမွမွမွမွမွ

  • @anyataya19
    @anyataya19 3 месяца назад +1

    ညီမ (ဝ)လာတယ် ဝိတ်လျှော့ဦး

  • @KoNaing-oy6hr
    @KoNaing-oy6hr 3 месяца назад +1

    ငါတို့ပြည်သူတေးအားထားကြ

  • @KoKo-in9tl
    @KoKo-in9tl 3 месяца назад +1

    မဂ်လာပါ

  • @mathida5543
    @mathida5543 3 месяца назад

    ❤❤❤❤❤

  • @ZawBuma
    @ZawBuma 3 месяца назад +1

    ဇော်ဇော်ချစ်တယ်💕💕💕💕💕ဂျာမှန်း

  • @toehlyan8655
    @toehlyan8655 3 месяца назад

    မဂ်လာပါ

  • @uwinnaing5609
    @uwinnaing5609 3 месяца назад +1

    ဘာလုပ်လုပ်ကြမှာပဲ

  • @NyeinNyeinHtut
    @NyeinNyeinHtut 3 месяца назад

    ❤မမဂျာမုန်ကိုစောကြီးတွေ့ရလိုဝမ်းသာရပါတယ်🎉ကျွန်နော်ကရန်ကုန်ကပါ🎉မမကိုမမရယ်

  • @yyyy-to8jf
    @yyyy-to8jf 3 месяца назад

    မမဂျာမုန်းအရမ်လှ

  • @lindakhaing9255
    @lindakhaing9255 3 месяца назад

    💔🥲🥲🥲🥲