Khit Thit သတင်းဌာန၏ ဩဂုတ် ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Поделиться
HTML-код
  • Опубликовано: 9 сен 2024
  • Khit Thit သတင်းဌာန၏ ဩဂုတ် ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
    By ရန်ကုန်ခေတ်သစ်
    ဒီကနေ့ ဩဂုတ် ၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
    -အကြမ်းဖက်စစ်ကောင်စီက လာဘ်ပေးလာဘ်ယူမှုနဲ့ အောက်လက်ငယ်သားအပေါ် ကို ဖိနှိပ်သူအဖြစ် နာမည်ကြီးတဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ဝင်းဇော်မိုးကို ရဲချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။
    - မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံဆိုင်ဘာစီးတီး အဆင့်မြင့်နည်းပညာတက္ကသိုလ်မှာ စစ်တပ်က ဝင်ရောက်တပ်စွဲတာကြောင့် ကျောင်းသားကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတချို့ နေရပ်ပြန်ကုန်ကြပြီလို့ အဲဒီကျောင်းမှ ကျောင်းသားတချို့က ပြောပါတယ်။
    - ရန်ကုန်မြို့၊ သန်လျင်မြို့နယ်နဲ့ ကော့မှူးမြို့နယ်ကကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး တွေက စစ်မှုထမ်းဥပဒေနဲ့ ကင်းစောင့်ဖို့ အကြောင်းပြကာ ပြည်သူတွေဆီကနေ ငွေကြေးအမျိုးမျိုး တောင်းခံနေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

Комментарии • 416