Dhamma Edu
Dhamma Edu
  • Видео 9
  • Просмотров 1 357 644
ပရိညာသုံးဖြာ ဝိပဿနာ - ဒေါက်တာ နန္ဒမာလာဘိဝံသ
24:47
သံသရာထဲက ထွက်ချင်ပြီဆိုရင် ကိုယ်ကျင့်တရားကောင်းဖို့ကလည်း လိုအပ်တယ်။ ကျင့်သုံးရမှာက သီလ၊ သမာဓိ၊ ပညာပဲဖြစ်တယ်။ နှုတ်ကို စည်းကမ်းထားတယ်၊ အလုပ်ကို စည်းကမ်းထားတယ်၊ အသက်မွေးမှုမှာ စင်ကြယ်သန့်ရှင်းတယ် အဲဒါဆိုရင် ကိုယ်ကျင့်သီလကောင်းပြီ။ ဒီအခါမှာ ကိုယ့်သီလကို ပြန်ပြီး သုံးသပ် ဆင်ခြင်ကြည့်လိုက်ရင် ဝမ်းမြောက်မှု ဖြစ်လာရမယ်၊ ဝမ်းမြောက်မှု ဖြစ်လာရင် ပီတီဆိုတဲ့ နှစ်ချိုက်မှု ပေါ်လာမယ်၊ ပီတီ ပေါ်လာတဲ့ အခိုက်အတန့်လေးဟာ ကိုယ်ရော စိတ်ရော ငြိမ်းချမ်းတယ်၊ ကိုယ်ရော စိတ်ရော ငြိမ်းချမ်းသွားတာကို ပဿဒိလို့ ခေါ်တယ်။ ဒီအခါမှ သုခဆိုတာ ဖြစ်ပေါ်လာရတယ်။ ချမ်းသာမှု ရလာပြန်တယ်။ ချမ်းသာရင် ဘာဖြစ်လဲဆိုတော့ ချမ်းသာတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ဟာ တည်ငြိမ်တယ်၊ သမာဓိရလာတယ်လို့ ဆိုတယ်။ သီလစင်ကြယ်တဲ့အခါ သမာဓိကို ဘယ်လောက် အကျိုးပြုန...
Просмотров: 1 827

Видео

ဉာတပရိညာ - ဒေါက်တာ နန္ဒမာလာဘိဝံသ
Просмотров 4,7 тыс.3 года назад
ထွက်လေ၊ ဝင်လေကို ရှုတယ်ဆိုပါစို့။ နံပါတ် ၁ က လေဆိုတာ တွေ့မယ်။ နပါတ် ၂ က လေလေး တိုးသွား ထသွားတဲ့ နေရာကို တွေ့လိမ့်မယ်။ လေဆိုတာကလည်း ရုပ်ပဲ၊ လေလေး တိုးသွားထိသွားတဲ့ နေရာ ကိုယ့်ခန္ဓာကလည်း ရုပ်ပဲ၊ ဒီနေရာမှာ လေလေးထိသွားတဲ့ နေရာကို ထိမှန်း သိသွားတာက နာမ်လို့ ဆိုပါတယ်။ တရားထိုင်နေတဲ့အချိန်မှာ ဒီလို အပြင်က ဝင်လာတဲ့ လေလေးကလည်း ရုပ်၊ လေလေး ထိသွားတဲ့ နေရာကလည်း ရုပ်၊ ထိမှန်းသိနေတာက နာမ် ဒီလို တစ်ခုစီ တစ်ခု...
အကျဉ်းဆုံး ဝိပဿာနာနှင့် အမြင့်ဆုံးအကျိုးတရား - ဒေါက်တာ နန္ဒမာလာဘိဝံသ
Просмотров 746 тыс.3 года назад
တရားတော်ကောက်နုတ်ချက်များနဲ့ ထင်မြင်ချက်များကို 47:26 မှ ယူ၍ ရေးသားထားခြင်း ဖြစ်ပါတယ်။ ဝိပဿနာကျင့်စဉ်ကို ကျင့်လို့ရှိရင် မျက်စိကိုလည်းပဲ ရှုရမယ် နားကိုလည်း ရှုရမယ် နှာခေါင်းကိုလည်း ရှုရမယ်။ သဘာဝတရားလေးတွေကို ပြောတာနော်။ ရုပ်ကလေးကို ရုပ်ရဲ့ သဘာဝအတိုင်း မြင်အောင်၊ မျက်စိအကြည်၊ နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်ကာယ အကြည်ဆိုတာရယ် စိတ်ရယ် ဒီသဘာဝတရားတွေကို သဘာဝအတိုင်းမြင်ပြီးတော့ ငါဆိုတဲ့ ဒိဌ...
သညာသိ နဲ့ ပညာသိ - ဒေါက်တာ နန္ဒမာလာဘိဝံသ
Просмотров 43 тыс.3 года назад
လောကီပညာတွေ တတ်မြောက်ဖို့ လိုသလို လောကုတ္တရာပညာရပ်ကိုလည်း စိတ်ဝင်စားတယ်ဆိုရင် တတ်မြောက်ထားသင့်တဲ့ ပညာရပ်တစ်ခု ဖြစ်တယ်လို့ မြင်ပါတယ်။ ဒီတရားတော်မှာ ဆရာတော်က သညာသိနဲ့ ပညာသိတွေဟာ လောကီ၊ လောကုတ္တရာ ၂ ခုလုံးအတွက် အရေးပါပုံနဲ့ မတူပုံကို ဟောကြားထားတာဖြစ်ပါတယ်။ ရုပ်နာမ်ဓမ္မသင်္ခါရတို့ရဲ့ သဘာဝအစစ်အမှန်ကို ထိုးထိုးထွင်းထွင်းပိုင်ပိုင်နိုင်နိုင်သိတာ ပညာလို့ဆိုပါတယ်။ ဒီသဘာဝတရားတွေကို စူးစိုက်လေ့လာပြီးတော့မ...
အရှင်အာနန္ဒာ၏ ဝိပဿနာ - ဒေါက်တာ နန္ဒမာလာဘိဝံသ
Просмотров 9 тыс.3 года назад
ဝိပဿနာတရားကို ကျင့်တော့မယ်ဆိုလို့ရှိရင် ရှုမှတ်စရာတွေက ဘာတွေလဲလို့ မေးလို့ရှိရင် စက္ခုပသာဒဆိုတဲ့ မျက်စိ အကြည်လေးကလည်း ရှုမှတ်စရာပဲ အဲဒီ မျက်စိ အကြည်လေးပေါ်မှာ ပေါ်လာတဲ့ ရူပါရုံလေးဟာလည်း ရှုမှတ်စရာပဲ ရူပါရုံနဲ့ စက္ခုပသာဒတို့ ဆုံမိကြတဲ့အခါ မြင်တယ်လို့ သိတဲ့ စိတ်ကလေးဟာလည်း ရှုမှတ်စရာပဲ အဲဒီ စိတ်ကလေးပေါ်လာလိုက်တာနဲ့ တပြိုင်နက် အာရုံနဲ့ စိတ်ကလေးနဲ့ ထိခိုက်မှုဆိုတဲ့ ဖဿလေးဟာလည်း ရှုမှတ်စရာပဲ အဲဒီ ဖဿကိ...
ဗောဇ္ဈင်္ဂသုတ် အနှစ်ချုပ် - ဒေါက်တာနန္ဒမာလာဘိဝံသ
Просмотров 100 тыс.3 года назад
ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ တွေကို စိတ်ကလေးနဲ့ စောင့်ကြည့်နေတာဟာ သတိသံဗောဇ္ဈင်္ဂကို လေ့ကျင့်ပေးနေတာပဲလို့ ဆိုပါတယ်။ သတိထားလိုက်တာနဲ့ တရားဓမ္မတွေပေါ်မှာ စူးစမ်းဆင်ခြင်လေ့လာတာတွေ လုပ်တတ်လာက ဓမ္မဝိဇယသံဗောဇ္ဈင်္ဂလို့ ဆိုပါတယ်။ စူးစမ်းဆင်ခြင်ဖို့ ကြိုးပမ်းအားထုတ်မှုလေးဖြစ်ပေါ်လာတာက ဝီရိယသံဗောဇ္ဈင်္ဂလို့ ဆိုပါတယ်။ ကြိုးပမ်းအားထုတ်လို့ တရားဓမ္မနဲ့ ပတ်သက်ပြီး ထူးခြားမှုလေးတွေဖြစ်လာတဲ့အခါ ပီတိတွေဖြစ်ပေါ်လာတ...
သောတာပန်ပုဂ္ဂိုလ်များ နေ့စဉ်ဘဝမှာ နေထိုင်ကြပုံ - ဒေါက်တာနန္ဒမာလာဘိဝံသ
Просмотров 207 тыс.3 года назад
သောတာပန်ဖြစ်သွားပြီဆိုရင် သာမန်လူတွေနဲ့ နေပုံထိုင်ပုံ ကွဲပြားလာတယ်လို့ဆိုပါတယ်။ ဘုရားကို ကြည်ညိုတဲ့စိတ်က ပိုပြီးထက်သန်လာတယ်။ တရားပေါ်မှာ မြတ်နိုးတဲ့ စိတ်ကလေည်း ပိုပြီးတော့ ထက်သန်လာတယ်။ သံဃာပေါ်မှာ ယုံကြည်တဲ့စိတ်ကလည်း ပိုပြီးတော့ ထက်သန်လာတယ်။ ငါးပါးသီလနဲ့ ပတ်သက်လာရင်လည်း အသက်ပမာ ထိန်းသိမ်းစောင့်ရှောက်တတ်လာတယ်။ သောတာပန်ဖြစ်လာပြီဆိုရင် နေ့စဉ်နဲ့အမျှ လှူမှုတန်းမှုလည်း မပြတ်တော့ဘူး။ ကိုယ်လှူခဲ့တန်းခ...
သောတာပန်၏ ဘဝရုပ်ပုံလွှာ - ဒေါက်တာ နန္ဒမာလာဘိဝံသ
Просмотров 106 тыс.3 года назад
သောတာပန်ပုဂ္ဂိုလ်မှာ ဘေးရန်ငြိမ်းနေတယ်လို့ ဆိုထားပါတယ်။ ပြီးတော့လည်း ဘာသာရေးယုံကြည်ချက်ဟာ အသိဉာဏ်သက်ဝင်ပြီး ယုံကြည်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်နေပါတယ်။ ပဋိစ္စသမုပ္ပါဒ်ကို နားလည်ပြီး ကြောင်းကျိုးဆင်ခြင်ဉာဏ်ကို ရရှိထားတဲ့သူ လို့လည်း တရားတော်ထဲမှာ ဆိုထားပါတယ်။ ဒီဘဝမှာ သောတာပန်ဖြစ်အောင် သူတော်ကောင်းနဲ့ ပေါင်းသင်းပြီး သူတော်ကောင်း တရားနာ၊ ပြီးတော့ မှန်ကန်တဲ့ နှလုံးသွင်းမှု ရှိနိုင်တဲ့သူ ဖြစ်ပြီး လောကုတ္တ...
သောတာပန်၏ ဘဝနှင့် အသိ - ဒေါက်တာ နန္ဒမာလာဘိဝံသ
Просмотров 141 тыс.4 года назад
သောတာပန်ဆိုတာ ဘေးငြိမ်းတယ် ရန်ငြိမ်းတယ် ကြောက်စရာတွေ ဘာမှမရှိတော့ဘူးလို့ တရားတော်ထဲမှာ ဆရာတော်က မိန့်ထားပါတယ်။ ဒီတော့ ကိုယ့်မှာ ဘေးငြိမ်းနေလား၊ ရန်ငြိမ်းနေလား ကြောက်စရာတွေ တွေ့ရင် ကြောက်နေသေးလာဆိုပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်လိုက်တာနဲ့ ကိုယ်ဟာ သောတာပန် ဟုတ်မဟုတ် ရှင်းရှင်းကြီး သိနေပါလိမ့်မယ်လို့လည်း ဆိုထားပါတယ်။ သောတာပန်ဆိုတာ ဘုရား၊ တရား၊ သံဃာ အပေါ်မှာ အလေးအနက်လည်း ယုံကြည်ပြီး၊ ငါးပါးသီလကို အသက်ထ...